Skip to main content

May 18, 2021

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဦးစီးအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၁) နှင့် စာရင်း စစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃၆) သင်တန်းများ ဖွင့်လှစ် ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး ရုံးအမှတ် ၁၂ စုပေါင်းခန်းမနှင့် သင်တန်းခန်း(၃) ခန်းတို့တွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ၏ လှေလှော်အားကစားနည်း တွင် ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ နှစ်မျိုးသာ ပါဝင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၆၆သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀၉ ဒသမ ၂၀ သန်းနှင့် စုစုပေါင်းပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၀ ဒသမ ၈၆ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၀၆ ဒသမ ၂၁ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၆၆ ဒသမ ၂၃ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၇၂ ဒသမ ၄၄ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၇၃၃ ဒသမ၃၀ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၄၂ သန်း ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများစွမ်းဆောင်ရည်တိုးမြင့်စေရန်အတွက် Graphic နှင့် Camera ပညာရပ်ဆိုင်ရာ သင်တန်းများကို မေ ၁၇ ရက်က နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားတွင် ဖွင့်လှစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့သို့ ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သည် ယနေ့မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မန္တလေးခရိုင်အတွင်း ရှိ မြို့နယ်/ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး တပ်မတော် သားတိုင်း၏ စွမ်းရည်တိုးတက်မြင့်မားစေရေးအတွက် အတန်းပညာ၊ အတတ်ပညာ များနှင့် ရာထူးအဆင့်နှင့်လျော်ညီသည့် လေ့ကျင့်မှုများကို သင်တန်းကျောင်း အသီးသီးတွင်လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်းနှင့် မိမိတို့တစ်ဦးချင်း၏ တာဝန်များကို ထမ်းဆောင်ရာတွင် စစ်သားကောင်းပီသစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လိုအပ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ပိုင်းတွင် သပိတ်ကျင်းတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် နယ်မြေခံတပ်မတော် တန်းမြင့်သင်တန်းကျောင်းမှ သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြား စဉ် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေး မှူးများ၊ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

(၂၀၂၁ ခုနှစ်၊ မေလ (၁၇)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

လူမှုဝန်ထမ်းဦးစီးဌာနတွင် ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင် အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် မေ ၁၅ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အတွင်း ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ် မှုလုပ်ငန်းများ ချောမွေ့စေရေး အတွက် ကွင်းဆင်းဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမြင့်အောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင် ၍ ရာဇဝတ်အထူးအယူခံမှု ( ၅ ) မှု ကို ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ငွေကျပ်သိန်း ၇,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေး ဖြေ) စာမေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၈) ခွဲ က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာ ဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

အကြိမ်(၃၀)မြောက် ရာဇဝတ်မှုတားဆီးရေးနှင့် ရာဇဝတ်မှုတရားစီရင်ရေး ကော်မရှင် (Commission on Crime Prevention and Criminal Justice - CCPCJ)အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 17, 2021

ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ် (Debt Service Suspension Initiative –DSSI) တွင် ပါဝင်သည့် ချေးငွေများကို မြီရှင်နိုင်ငံများသို့ စေ့ရောက် ရက် အလိုက် ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်