Feb 20, 2026
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မုံရွာမြို့၊ အရှေ့ဘက်ကန် သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး ပရဝဏ်အတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 20, 2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် Rice Export Zone(REZ)အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Feb 20, 2026
ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။
Feb 20, 2026
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၆)ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 20, 2026
ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီအနေဖြင့် အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ/ TV အသုံးပြုပုဂ္ဂလိကရုပ်ရှင်ရုံငယ်များကို ဟိုတယ်/ တည်းခိုခန်းများကဲ့သို့ အခန်းကန့်ပြီး ဖွင့်လှစ်လာကြ၍ မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြသခွင့်လိုင်စင်များ ထုတ်ပေးမှုများရှိပါက ချက်ချင်းရုပ်သိမ်းသွားရန်နှင့် တရားမဝင်ပြသနေမှုများအား ရုပ်မြင်သံကြား နှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး / ပြည်နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားရှိပါသည်။
Feb 20, 2026
နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဒုတိယ အစည်းအဝေးသို့ နိုင်ငံတော်တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးရှိသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ဘုရား။
Feb 20, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 20, 2026
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
Feb 20, 2026
နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။
Feb 20, 2026
ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် “ချင်းအမျိုးသားနေ့” နေ့ထူးနေ့မြတ် အခါသမယ၌ ချင်းတိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူ အားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Feb 20, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ စတင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးအဖွင့် သာရဏီယ ဩဝါဒကထာမြွက်ကြားရာ၌ သာသနာတော်တစ်ရပ်လုံးနှင့်သက်ဆိုင်သော ကိစ္စများကိုဆောင်ရွက်ရာတွင် ဘုရားရှင်မြင်တော်မူသော သတ္တဝါတို့ကို ကြာမျိုးသုံးပါးဖြင့် သုံးမျိုးသုံးစား ဥပမာပေး၍ ခွဲခြားဟောကြားတော်မူ ခဲ့သည်။
Feb 20, 2026
မူးယစ်ဆေးပြဿနာသည် ရှေးကတည်းကပင်ရှိခဲ့ပြီး ခေတ်ကာလပြောင်းလဲသည်နှင့်အမျှ မူးယစ်ဆေးတို့ကလည်း ပုံသဏ္ဌာန်အမျိုးမျိုး လိုက်ပါပြောင်းလဲလာသည်။ မည်သို့ပင် ပြောင်းလဲ သည်ဖြစ်စေကာမူ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကိုယ်ကျင့်သိက္ခာအရ ထိခိုက်ဆုံးရှုံးမှုများအပြင် အလွန်အကျွံသုံးစွဲမိခြင်းနှင့် အခြားသော အကြောင်းအမျိုးမျိုးတို့ကြောင့် ရုတ်တရက်သေဆုံးမှုမျိုးအထိ အန္တရာယ်ရှိခြင်းတို့မှာမူ ခေတ်တိုင်းတွင် အတူတူသာလျှင်ဖြစ်သည်။
Feb 19, 2026
၂ဝ၂၆ ခုနှစ်၊ (၈၁) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 19, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 19, 2026
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။
Feb 19, 2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အအုံများနှင့် ရုံးခြံစည်းရိုးများအား အကြီးစားပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေကို ရှင်းလင်းတင်ပြသည်။
Feb 19, 2026
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်သည့်အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ်ပြုစုထိန်းသိမ်းထားရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 19, 2026
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားသိပ္ပံအကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့် နည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး မစ္စတာ အလက်ဆီရှကာဒါရီဗစ်ချ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
Feb 19, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အကြမ်းဖက်အဖွဲ့အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် တံခါးဖွင့်ကြိုဆိုဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDFအပါအဝင် အကြမ်းဖက်အဖွဲ့အမျိုးမျိုးအမည်ခံထားသည့် အဖွဲ့ဝင် အမျိုးသားများနှင့် အမျိုးသမီးများသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။
Feb 19, 2026
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
