Skip to main content

May 19, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ တနိုင်းမြို့ရှိ တိမ်လွှာနန်းကုမ္ပဏီသို့ ကုန် ပစ္စည်းများပို့ဆောင် ရန် ယာဉ်မောင်း အာကာ(ဘ)ဦးတင်ငွေ မောင်းနှင်၍ သဲကိုအောင် (ဘ) ဦးစိုင်းကျော်စွာအောင် လိုက်ပါလာသည့် ယာဉ်အမှတ်၊ 1C/---- ၊၁၂ ဘီးယာဉ်သည် မေ ၁၇ ရက်ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနား- တနိုင်းကားလမ်းပေါ်ရှိ တိန်ကောက် ကျေးရွာ၏တောင်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ ကျား ထိန်းသိမ်းရေးစခန်းဟောင်း နေရာသို့အရောက်၌ လက်နက်ငယ်များကိုင်ဆောင်ထားသည့် KIA အဖွဲ့က ရပ်တန့် ခိုင်းပြီး ပစ္စည်းအချို့အားယူဆောင်ကာ မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းများ အား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး အာကာနှင့် သဲကိုအောင်တို့ ၂ ဦးအားပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ အုပ်ချုပ် ရေးမှူးရုံးရှေ့၌ ကျော်ကျော်ဖြိုး(ခ)ကိုဖြိုး(ဘ)ဦးမောင်ဝင်း၊ ဇော်ဇော် (ခ)ဖိုးဇော်(ဘ)ဦးအေးဝင်း၊ မျိုးကျော်ဦး(ခ)ကြက်ဉ(ဘ)ဦးအေးလွင်၊ မမင်းမင်းလတ် (ဘ)ဦးဌေးဝင်း၊ မစိုးနန္ဒာဖြိုး(ခ) အကြီးမ(ဘ) ဦးဇော်မင်းလတ်၊ မအေးနန္ဒာစိုး(ခ) အငယ်မ(ဘ)ဦးဇော်မင်းလတ်၊ ဇော်မင်းလတ် (ဘ) ဦးဌေးဝင်း၊ စံပွား(ဘ)ဦးမောင်ဝင်း၊ စီပေါ(ဘ)ဦးသန်းအေးနှင့် စံပေါ(ဘ)ဦးသန်းအေး တို့သည် မတ်လ ၁၄ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အလိုမရှိကြောင်း ကြွေးကြော် အော်ဟစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ နံရံများအား ဖျက်ဆီးပြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်၍ ရုံးသုံးပရိဘောဂပစ္စည်းများအား ပြည်သူပိုင်ပစ္စည်းမှန်း သိပါလျက် ရိုက်ချိုး၊ ဖျက်ဆီးခဲ့ခြင်းဖြင့် ပြည်သူပိုင်ပစ္စည်းကို အကျိုး ဖျက်ဆီးမှု ပြုလုပ်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ-၆(၁) အရ ၎င်းတို့ အား မေ ၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်” စီ အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး အား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကို သွားရောက်စစ်ဆေးနေစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား၍ လုံခြုံရေးတပ်ဖွဲ့ဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား မသမာသူလူ တစ်စုက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ် များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ထုတ်ပြန်မှုအခြေအနေအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ အသုံးပြုခဲ့သည့် နောက်ဆုံး မဲစာရင်း soft copy များကို ရယူပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ထုတ် ပြန်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ထုတ်ပြန်ပြီးစီးမှုများအရ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၁၅ ခုရှိ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်၊ မဲရုံပေါင်း ၂၇၂၄၈ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၂၇၃၆၆၇၃၁ ဦး ဖြစ်သော်လည်း လဝက စာရင်းအရ ၂၂၈၃၉၀၈ ဦးသာရှိပြီး ၅၀၈၂၈၂၃ ဦး ကွာခြားမှု ရှိကြောင်း၊ ၎င်းတို့အနက် စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၃၈၇၆၇၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၅၂၈၀ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ် ပါဝင် သူ၂၄၆၂၁၄၁ ဦး ရှိသည်ကို တွေ့ရှိရပါကြောင်း။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

တပ်မတော်အနေဖြင့် ပြည်သူကရွေးခြယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်ခိုင် မာမာဖြစ်စေရန် နိုင်ငံတော်၏တာဝန်များကို ဥပဒေနှင့်အညီ ခေတ္တတာဝန်ယူ ထမ်းဆောင် နေခြင်းဖြစ်သဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော် အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များနှင့်အတူ မန္တလေးမြို့ ကျက်သရေဆောင် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံ ပြည်သူများလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် မေ ၁၇ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ရောက်ရှိပြီး COMID-19 စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိသော ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင် မှုသင်တန်း၊ အဆင့်မြင့် စက်ချုပ်နည်းပြ သင်တန်းနှင့် စာရေးဝန်ထမ်း သင်တန်းများ၏ သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့် တိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ မြစ်ငယ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏ နွေသီးနှံစိုက်ဧက ၁၄၀၀၀ ကျော်ကို ရေတင်စခန်း ၃၃ ခုမှ စိုက်ပျိုးရေများ ပြည့်ဝစွာသုံးစွဲစိုက်ပျိုးနိုင်ရန် ဖြန့်ဝေပေးပြီး လျာထားဧက ပြည့်မီအောင် တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနေကြကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော မန္တလေးမြို့ရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံ လေးရုံနှင့် ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့်စာချုပ် (Deed of Assignment) ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ညနေ ၅နာရီခွဲက မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

အသိပညာဗဟုသုတရှိ၏။ ဝေဖန်ပိုင်းခြား ဆင်ခြင်တုံတရားရှိ၏။ တွေးခေါ်မြော်မြင်မှုမြင့်မား၏။ ထိုလောက၊ ထိုပတ်ဝန်းကျင်သည် ဧကန်ကြီးပွားချမ်းသာမှုကို ဖြစ်စေ၏။ အသိပညာဗဟုသုတ နည်းပါး၏။ ဆင်ခြင်တုံတရား ပါးလျား၏။ တွေးခေါ် အမြင်မှုနိမ့်ပါး၏။ ရိုးသား ဖြောင့်မတ်ခြင်း မရှိ။ ထိုလောကသည် ကြီးပွားချမ်းသာ၊ ငြိမ်းအေးမှုတို့ဆိတ်သုဉ်းပြီး ကြီးပွားလျှင်လည်း မတည်တံ့၊ ဘေးအန္တရာယ်များ၊ အခက်အခဲများ အလွယ်တကူကျရောက် နိုင်၏။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

(၇၃) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေး)စာမေးပွဲကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ စာဖြေသံဃာတော် ၁၇၁ ပါးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိရန်အတွက် အာဂုံပြန်ဖြေဆိုခြင်း (၅)ဆင့်နှင့် သဘောရေးဖြေ (၅) ဆင့် စုစုပေါင်း (၁၀)ဆင့်တို့ကို အောင်မြင်စွာဖြေဆိုကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

လယ်ယာကဏ္ဍ နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ဦးဆောင်ဦးရွက် ပြုနေကြသည့် စိုက်ပျိုးရေးပညာရှင်များ အနေဖြင့် ဈေးကွက် လိုအပ်ချက်ကို သုံးသပ်၍ တောင်သူများအတွက် အမှန်တကယ် အကျိုးရှိစေသည့် စိုက်ပျိုးထုတ်လုပ်မှု သုတေသနများ ဆောင်ရွက်ရန်နှင့် တောင်သူများ တွေ့ကြုံနေကြရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေးအတွက် ထိရောက်စွာ အဖြေရှာ ဖော်ထုတ်ပေးနိုင်မည့် လက်တွေ့ အသုံးချ သုတေသနများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မေ(၁၆) ရက် မွန်းလွဲ ပိုင်း က စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများ ဖြစ်ကြသည့် ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံ နှင့် ကျောက်ဆည်မြို့နယ် လွန်ကျော်ခြံများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ သုတေသန ပညာရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

၂၀၂၁ ခုနှစ် မိုးရာသီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာစိမ်းလန်း စိုပြည်ရေးအတွက် တစ်အုပ်တစ်မသစ်ပင်များ စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးပြီးသည့် အပင်များ ရှင်သန်အောင် မြင်မှုရရှိရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂နာရီတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

လက်ရှိအချိန်တွင် Mobile Internet ငွေလွှဲ၊ ငွေပေးဝန်ဆောင်မှုမ

ဆက်လက်ဖတ်ရှုရန်

May 18, 2021

တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယအဖွဲ့ ဆရာတော် ကြီးများ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များနှင့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား အလှူရှင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သုံးထပ်ဆွမ်းစား ကျောင်းဆောင်၌ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်