Skip to main content

May 20, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများကလက်နက်ကြီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၁ စီးမီးလောင်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ(၂၀၂၁ ခုနှစ်၊ မေလ (၂၀)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

May 20, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းစစ်ဌာန ချုပ်အလိုက် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

နိုင်ငံတစ်ဝန်း ပြည်သူများအကြား ငွေကြေးစီးဆင်း လည်ပတ်မှု အဆင်ပြေ ကောင်းမွန်စေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေး ဘဏ်အောက်ရှိ ခရိုင်ဘဏ်ခွဲများနှင့် မြို့ကြီးအချို့ ဘဏ်ခွဲ အသီးသီး အပါအဝင် စုစုပေါင်း မြန်မာ့စီးပွား ရေးဘဏ် ၇၇ ခုတို့တွင် အကန့် အသတ်မရှိ ငွေလွှဲ/ငွေထုတ် အထူးဝန်ဆောင်မှုလုပ်ငန်းများကို မေ ၁၇ ရက်မှ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review- UPR) လုပ်ငန်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အကြံပြုချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်)၊ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ (သန်လျှင်မင်း ကျောင်းဆရာတော်)နှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ)မှ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ(သံဖြူဇရပ်)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလ (ပြည်)နှင့် တွဲဖက် အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇန ဟိတဓရ ဒေါက်တာဘဒ္ဒန္တတေဇောသာရာဘိဝံသ (မိုးကုတ်) ဆရာတော်ကြီး တို့သည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ (၂)နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲ ဖြေဆိုလျက်ရှိကြသော စာဖြေသံဃာများအား လိုက်လံကြည့်ရှု အားပေးချီးမြှောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

“တပ်မတော်အနေဖြင့် ပြည်သူက ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မာမာဖြစ်စေရန် နိုင်ငံတော်၏ တာဝန်များကို ဥပဒေနှင့်အညီ ခေတ္တတာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်သဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ဆင်ခြင် သုံးသပ်ပြီး နိုင်ငံတော်အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၈ ရက်နေ့တွင် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံစဉ် မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေကို ၅၇ သန်းခန့်ရှိပြီဟု ခန့်မှန်းထားသည်။ လူဦးရေသည် နှစ်စဉ်တိုးလာနေသည်ဟု ဆိုသော် ငြားလည်း မွေးဖွားလာသူများ၊ သေဆုံးသွားသူများနှင့် ကိန်းဂဏန်းအပြောင်းအလဲများက အချိန်တိုင်းမှာ ရှိနေသည်။ ထို့အပြင် လူဆိုသည်မှာ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းတတ် ကြသည့် သဘောအရလည်းကောင်း၊ တာဝန်အရ ဒေသ ရွှေ့ပြောင်းထမ်းဆောင်ကြရခြင်းကြောင့် လည်းကောင်း ဇာတိဒေသ သို့မဟုတ် မူလနေထိုင်ရာ နေရာတို့မှ ရွှေ့ပြောင်းကြသည်။ လူတစ်ဦးအနေဖြင့် မွေးဖွားလာချိန်တွင် မွေးစာရင်းတစ်ခုကို ရယူကာ အရွယ်ရောက်လာချိန်တွင် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုင်ဆောင်ရမည့် အသိအမှတ်ပြု ကတ်ပြားတစ်ခုခုကို ကိုင်ဆောင်ကြရမည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုအနေဖြင့်မူ အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုကို ထာဝစဉ်ကိုင်ဆောင်ထားကြရသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ Virtual ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သား/သမီး များအနက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စာမေးပွဲတွင် ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် မေ (၁၅)ရက် မွန်းလွဲပိုင်းတွင် သထုံစိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိပြီး မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၌ မွေးမြူရေး ဒီပလိုမာသင်တန်းများ အသစ်ထည့်သွင်း ဖွင့်လှစ်မည်ဖြစ်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်နိုင်ရေး၊ သင်ကြားရေး၊ သင်ယူရေး အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မေ ၁၇ ရက် နံနက်ပိုင်းတွင် မြို့ကြီးရေလွှဲဆည်၌ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေးအတွက် ဇော်ဂျီကင်းတား ဆည်ရေသောက် ရေပေးဝေမှုစနစ်အတွင်းရှိ ဆည်ရေအသုံးချသူများ အစုအဖွဲ့များအား တွေ့ဆုံ၍ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

အိန္ဒိယနိုင်ငံ၌ ကိုဗစ် − ၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်နှင့် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ ဝန်ထမ်းများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လှူဒါန်းသည့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ အထူးလေယာဉ် နှစ်စင်းတို့ဖြင့် နေပြည်တော် လေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ သွားရောက်ပို့ဆောင်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေ ၅ ရက်တွင် အကြမ်းဖက် သူများက အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက်ရန်ပြုတိုက်ခိုက်မှူကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ကျဆုံးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအား မေ ၁၇ ရက်ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်