Skip to main content

May 20, 2021

လုပ်ငန်းလိုအပ်ချက်အရ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ခုတင်(၂၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆေးရုံအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောင်ရွက်လိုသောလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်)၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ)မှ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ(သံဖြူဇရပ်)၊ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ(မိတ္ထီလာ)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တရားလွှတ်တော် ရှေ့နေအသင်းမှ ဦးအောင်ရဲစိုးက မေးမြန်းရာတွင် အရေးပေါ်အခြေအနေ ကြေညာသည့် အချိန်တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော် ဦးဆောင်သည့် အစိုးရအဖွဲ့က ဦးဆောင်ပြီးသည့်အချိန်တွင် အရေးပေါ်ကာလ ပြီးဆုံးသည့်အချိန်တွင် လွှတ်တော်သက်တမ်း ကုန်ဆုံးသည့် အချိန်နှင့် တိုက်ဆိုင်ခြင်းအတွက် လွှတ်တော်က ပယ်ဖျက်ပြီးဖြစ်သည်ဟု မိမိလေ့လာဖူးကြောင်း၊ အခုအချိန်သည် တတိယအကြိမ် လွှတ်တော် သက်တမ်းအစတွင် အရေးပေါ်ကာလ ဖြစ်သည့်အတွက် အရေးပေါ်ကာလကို သက်တမ်း နှစ်ကြိမ်ဆက်တိုးမည်ဆိုပါက နှစ်နှစ် တာကာလဖြစ်သည့်အတွက် လွှတ်တော် သက်တမ်းသည် ငါးနှစ်ဖြစ်ခြင်းကြောင့် လွှတ်တော်သက်တမ်းသည် သုံးနှစ်သာ ကျန်ရှိမည်ဖြစ်ကြောင်း၊ မိမိသိလိုသည်မှာ အရေးပေါ်ကာလအရ နိုင်ငံတော် တာဝန်အရပ်ရပ်ကို လက်ရှိအစိုးရက တာဝန်ယူသည့် အချိန်တွင်ယာယီသမ္မတ၏ လွှဲအပ်သည့်တာဝန်များ ပြီးဆုံးသည့် အချိန်တွင် နောက်အစိုးရကို ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်မည်လား၊ ပြီးမြောက်ခဲ့ပြီးသော ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ် များအပေါ်တွင် UEC ကို ကန့်ကွက်လွှာ များ တင်ထားသည့် အမှုများအပေါ် လက်ရှိ UEC ကဥပဒေနှင့်အညီ ဆုံးဖြတ်ပြီး ရလဒ် များအပေါ် အခြေခံသည့် အစိုးရအဖွဲ့ဖြင့်သွားမည်လား၊ အဓိကမှာ ပြီးမြောက်ခဲ့သည့် အငြင်းပွားဖွယ်ရာများ များစွာဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲ တစ်ရပ်လုံးကို UEC အနေဖြင့် ဖျက်သိမ်း မှာလား၊ ဖျက်သိမ်းပြီးတော့ အသစ်ပုံစံ ဖြင့် သွားမှာလား၊ သို့မဟုတ်ရွေးကောက် ပွဲကို ဥပဒေနှင့်အညီ ဆုံးဖြတ်ပြီး အစိုးရ အသစ်ဖွဲ့နိုင်ရေးကို ဆောင်ရွက်မည်လား သိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဍနှင့် အပန်းဖြေလေ့လာရေးခရီးကို ဖော်ဆောင်ပေး လျက်ရှိသော မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလျက်ရှိပြီး ဆောင်းခိုငှက်နှင့် ဌာနေရေပျော်ငှက်တို့ ကျက်စားနေထိုင်လျက်ရှိရာ ဧပြီလက ပထမဆုံးအကြိမ်ရောက်ရှိလာသော ဆောင်းခိုငှက် Shearwater ကို ဘေးမဲ့တောမှ အခြားငှက်မျိုးစိတ်များနည်းတူ မှတ်တမ်းတင်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ယခုရက်ပိုင်းအတွင်း မီးလောင်မှုဖြစ်စဉ်တွေ ဆက်တိုက်နီးပါးဖြစ်ပွားနေတာ မြင်ရကြားရတော့ အတော့်ကို စိတ်လက်မချမ်းမသာဖြစ်ရတယ်ဗျ။ အချို့သော စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေရဲ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်များဟာ ပေါ့ဆမီးမဟုတ်ဘဲ မသမာသူတွေရဲ့ လက်ချက် ရှို့မီးဆိုရင်တော့ လုံ့လပယောဂ အားထုတ်သူအဖို့ ပစ္စုပ္ပန်သာမက နောင်သံသရာအတွက်ပါ အတော့်ကို အပြစ်ကြီးတယ်လို့ပဲဆိုရမယ်။ ကျွန်တော်တို့ဟာ ကံ၊ ကံ၏အကျိုးကို ယုံကြည်သက်ဝင်ကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်တာမို့ အဲဒီလိုပဲ ယုံကြည်ယူဆမိကြောင်းပါ။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းကို အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ကုန်ကြမ်း ရှားပါးလာချိန်တွင် ပြည်ပမှကုန်ကြမ်းတင်သွင်း၍ တန်ဖိုးမြှင့်ကုန် ချောထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံအတွက် အခွန်ငွေ ပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန် အတွက် မြန်မာအားကစားအဖွဲ့များအား ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ယခု နှစ် မေ ၁၇ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၈၈ စီး၊ သွင်းကုန် ၁၈၉ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၈၂ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများက ၎င်းတို့၏ သဘောဆန္ဒ အလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိ သူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသ ရေးအဖွဲ့များ စုစည်း၍ ဒေသခံပြည်သူလူထုကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေး များ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ် သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၁၁၁၈၆ ဦးနှင့် အတွင်းလူနာပေါင်း ၆၄၄၃၉ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦနှင့် တံတားများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကဲ့သို့သော လုပ်ရပ်များအား နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ၏ သွေးထိုးမှုများ အားယုံကြည်ကာ အမျှော်အမြင် အဆင်အခြင်မဲ့စွာဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်သောလူငယ်များအနေဖြင့် အဖျက်အမှောင့် ဆောင်ရွက် လိုသော လူတစ်စု၏သွေးဆောင်စည်းရုံးမှု၊ ချိတ်ဆက်ပေးမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု နယ်မြေအတွင်း၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား တက်ရောက်ပြီး ပြန်လည်ရောက်ရှိနေကြောင်း သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးလုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိရာ မေလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာရှိ ဦးမိုးအောင်(စိစစ်ဆဲ)ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်း၌ အဆိုပါကျေးရွာနေ ဇာနည်အောင်(ခ) အတာ(၃၄)နှစ် (ဘ)ဦးဆိတ်အောင်အား ဂျင်ကလိများ ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းအနီးမှ ဂျင်ကလိ ၃၃ ချောင်း၊ သံချောင်း ၁၀ ချောင်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်