Skip to main content

May 18, 2021

ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်း ကုန်စည် စီးဆင်းမှု အခြေအနေများနှင့်ပတ်သက်၍ အပတ်စဉ်ကျင်းပသည့် ဝန်ကြီးဌာနတွင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

(၁၇-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၉၇၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၄) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၀၄,၉၉၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၁၃၁) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

မြန်မာ့စီးပွားရေးဘဏ်က အများပြည်သူ များအတွက် အထူးဝန်ဆောင်မှုလုပ်ငန်း များ စတင် ဆောင်ရွက်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ၊ ဆန္ဒပြဝါဒဖြန့်မှုများ၊ ဆူပူအကြမ်း ဖက်မှုများတွင် ပါဝင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုအများစုမှ ၎င်းတို့၏ သဘောဆန္ဒပြများအလျောက် ၎င်းတို့ ထံတွင်ရှိသောတူမီးသေနတ်များ၊ လက်လုပ်သေနတ်၊ ဒူးလေးနှင့် ဂျင်ကလိများအုပ်ချုပ်ရေး တာဝန်ရှိ သူများမှတစ်ဆင့်လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

ဒုတိယအပိုင်းအနေနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြီလအတွင်း လုပ်ဆောင်ချက်များကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ပထမဆုံးပြည်ပခရီးစဉ် အဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံ့ခေါင်းဆောင် များ အစည်းအဝေးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါကြောင်း၊ အာဆီယံဒေသအတွင်း ရေ ရှည်ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်း ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင် မြန်မာ နိုင်ငံ အနေနှင့် ဆက်လက်ပံ့ပိုးသွားမည် ဆိုသည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံ နိုင်ငံ့ ခေါင်းဆောင်များထံသတင်းစကားပါးခဲ့ ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေနှင့် အာဆီယံ၏ ဦးတည်ချက်များ အောင်မြင် စေရန်၊ အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ပါ အခြေခံမူများနှင့်အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည်ကိုလည်း ထပ်လောင်း ပြောကြားနိုင်ခဲ့ ပါကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

ယနေ့အချိန်ကာလတွင် ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ အနာဂတ်အရေး အတွက် အဆင့်မြင့် ပညာ သင်ကြားရေး၊ အခြေခံပညာသင်ကြားရေး ကြိုးပမ်းဆောင်ရွက်နေကြသည်။ အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်လူရွယ် များသည် အတွေးအခေါ် ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ပညာများ မြင့်မား တိုးတက်ရန်လိုအပ်သည်။ ထို့ကြောင့် အရည်အချင်း၊ အရည်အသွေး မြင့်မား တိုးတက်သော လူငယ်လူရွယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရန် အခက်အခဲ များကြားမှ ပညာသင်ကြားရေးကို အလေးထားဆောင်ရွက်နေသည်။ ။

ဆက်လက်ဖတ်ရှုရန်

May 18, 2021

ယခုကာလသည် မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သည့်အလျောက် နေ့အပူချိန်များ မြင့်မား နေသလို မိုးကြိုကာလ၏ မိုးလေဝသအခြေ အနေများလည်း ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာ နိုင်ငံ၏ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရသည့် ဖြစ်စဉ်များအနက် သမိုင်းဝင်စံချိန် တင်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ၂၀၀၈ ခုနှစ် မေလဆန်း ယခုလို အချိန်ရာသီ တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်