Sep 02, 2021
“ကိန်းဂဏန်းအချက်အလက်များအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာပြီး အဆိုပါအချက်အလက်များသည် မှန်ကန်ခိုင်မာမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားနှုန်းအမှန်တကယ် လျော့နည်းလာမှသာ တင်းကျပ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယလှိုင်း၌ ရောဂါကူးစက်မှုနှုန်း လျော့ကျစဉ် ပေါ့ဆစွာဖြင့် နေထိုင်သွားလာခဲ့ခြင်းကြောင့် တတိယလှိုင်းဖြစ်ပွားစဉ် အခက်အခဲများစွာဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ရမှုများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Sep 02, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံထားသည်။ လက်ရှိဖြတ်သန်းနေကြရသည့် အရေးပေါ်ကာလ ဆောင်ရွက်ရမည့်တာဝန်များ ပြီးဆုံးသည့်အခါတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဟုလည်း ရှင်းလင်းစွာ ထုတ်ပြန်ကြေညာအသိပေးထားပြီးဖြစ်သည်။ ဤသည်မှာ အိမ်စောင့်အစိုးရအဖွဲ့သည် နိုင်ငံ၏အာဏာကို ကာလကြာရှည်စွာ ရယူထားမည်မဟုတ်ကြောင်း အသိပေးထားခြင်းလည်း ဖြစ်သည်။
Sep 01, 2021
အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျည်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 01, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ရေဆင်းရှိ သစ်တောသုတေသနဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သို့ ထွက်ခွာမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။
Sep 01, 2021
နိုင်ငံ့ဂုဏ်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေးအာမခံချက်ရရှိရေး အစီအမံများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 01, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Sep 01, 2021
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပုပ္ဗသီရိမြို့နယ်အတွင်း ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများ အား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ် နိုင်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုသည်။
Sep 01, 2021
ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်က ဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၉ ဦးပါဝင်သော ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့အဖြစ် ရပ်တည်ခဲ့ပြီး ၎င်းသည် ဗဟိုအာဏာပိုင်အဖွဲ့အစည်း လေးရပ်တွင် တစ်ရပ်ဖြစ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ရှေ့နေချုပ်ရုံးဟု ပြောင်းလဲ ခေါ်ဝေါ်လျက် တရားရုံးချုပ်နှင့် အဆင့်တူအနေအထားတွင် ရပ်တည်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဏ္ဍိုင်သုံးရပ်တွင် တစ်ရပ်အပါအဝင်ဖြစ်သည့် လွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင် ဖော်ဆောင်ရန် တရားရုံးချုပ်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟု ပြောင်းလဲခေါ်ဝေါ်၍ သီးသန့်လွတ်လပ်စွာ ရပ်တည်ခဲ့ပါသည်။ သို့သော် တရားရုံးချုပ်နှင့် တန်းတူရပ်တည်ပြီး တရားစီရင်ရေးမဏ္ဍိုင်အား ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား အပြန်အလှန် ထိန်းကျောင်းမှုပြုနေသော ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာမူ အဖွဲ့အစည်းပုံစံ (Organization Structure) အားဖြင့် (Office) အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဆက်လက် ရပ်တည်ခဲ့ပါသည်။ ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်သည့် တရားစီရင်ရေးမဏ္ဍိုင်ကို လက်ရှိပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် ရုံး(Office)အသွင်ဖြင့်သာ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား အပြန်အလှန်ထိန်းကျောင်းခြင်းပြုရာတွင် လွန်စွာကွာဟလျက်ရှိသဖြင့် အမည်ပြောင်းလဲ ရခြင်းဖြစ်သည်။
Sep 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် သည်။
Sep 01, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင် ရန်ပုံငွေနှင့်
Sep 01, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန် ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေ သည့်အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေး ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုး နှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။
Sep 01, 2021
ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာတစ်ခုကို မေးခွန်းတစ်ခုမေးမြန်းရန်နှင့် ထပ်နေသည့်မေးခွန်းများကို ထပ်မံမမေးမြန်းရန် မေတ္တာရပ်ခံလိုကြောင်း၊ နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲ ဖြစ်သည့် အတွက်အချို့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြစ်နေသည့်အရာများကို မိမိတို့အနေဖြင့် မသိနိုင်ပါကြောင်း၊ ထိုမေးခွန်းများကိုရှောင်ရှားပေးရန်ပြောလိုကြောင်း ဦးစွာပြောကြားသည်။
Sep 01, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၃) ကုန်သည်လမ်းနှင့် စန္ဒကူးလမ်းထောင့်၌ တည်ဆောက်ထားသော Oxygen Plant ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Sep 01, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
Sep 01, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို လက်ခံကုသပေးခြင်းများ ဆောင်ရွက် လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများနှင့် လူမှုကူညီရေးအသင်း အဖွဲ့များသို့ စေတနာရှင်အလှူရှင်များက ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။
Sep 01, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
