Sep 04, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။
Sep 04, 2021
၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခိုင်မာစွာတွေ့ရှိထားသည့် မဲမသမာမှုများ၊ ဥပဒေ ဖောက်ဖျက်မှုများစသည့် အထောက်အထားများအရ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖျက်သိမ်းပြီးသောအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည့် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး” ဟူသော အရေးကြီးသည့်အချက်ကို ဆက်လက်ထမ်းရွက်နေပြီ ဖြစ်ရာ သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးရန် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
Sep 04, 2021
အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများနှင့်အတူ ကာယကံရှင် အကြမ်းဖက်သမားတို့၏ ဖွင့်ဟဝန်ခံချက်များကိုလည်း ရုပ်သံမီဒီယာများမှတစ်ဆင့် ပြည်သူတို့ တွေ့မြင်ကြားသိခွင့်ရခဲ့ကြသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများ၊ စေခိုင်းသူများသည် မည်သူမည်ဝါတို့ဖြစ်ကြောင်း၊ မည်သို့ ခိုင်းစေခဲ့သည်။ မည်သို့ကျူးလွန်ခဲ့သည်တို့ကို ၎င်းအကြမ်းဖက်မှုများအား ကာယကံမြောက် ကျူးလွန်ခဲ့သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ အာဏာ လက်လွတ်ဖြစ်ခဲ့ရသည့် နိုင်ငံရေးသမားတို့က တက်ကြွသူ၊ ခံစားချက် ပြင်းထန်သူ၊ စွန့်စားသူလူငယ်တို့ကို နောက်ကွယ်မှ မြှောက်ပင့်ပေး၍လည်းကောင်း၊ လက်နက်ငွေကြေးတို့ ထောက်ပံ့ပေး၍လည်းကောင်း၊ အသိမှား အမြင်မှားတို့ဖြင့် ဝါဒမှိုင်းတိုက်၍လည်းကောင်း နည်းအမျိုးမျိုးသုံးကာ ၎င်းတို့၏ နိုင်ငံရေးလိုဘ များအတွက် လူငယ် လူရွယ်များကို စတေးခဲ့ကြခြင်းဖြစ်သည်။
Sep 03, 2021
ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင့် ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် အကျိုးတူပူးပေါင်း ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ ထိန်းညှိနိုင်ရေးကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက်ကိရိယာ အသုံးပြုခြင်း၊ စိုက်ပျိုးရေ စီမံခန့်ခွဲခြင်းနှင့် သွင်းအားစုကို စနစ်တကျသုံးစွဲ၍ စရိတ်လျှော့ချခြင်းနှင့် အထွက်နှုန်း ကောင်းမွန်ရေး နည်းပညာများ လိုက်နာ အသုံးပြုခြင်း စသည်တို့ကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြမှသာ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေး မထိခိုက်စေရန် သိုလှောင်နိုင်သည့် အဆင့်မြင့် သိုလှောင်ရုံများ အသုံးပြုနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ် နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Sep 03, 2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တာဝန် ရှိသူများနှင့်အတူ မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းရှိ အားကစားသမားများ စခန်းဝင်လေ့ကျင့်နေထိုင်ရန် တည်ဆောက်ပြီးဖြစ်သော (၄) ထပ်ဆောင်နှင့် အားကစားသမားများကို ကျွေးမွေရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ ရွှေမန်းတောင် ဘောလုံးအားကစားကွင်းနှင့် ကွင်းစိမ်းလန်းစိုပြည်ရေး မြေအောက်ရေဂါလံ (၁၀၀၀၀) ဆံ့ ရေကန်နှင့် ဂါလံ (၃၂၀၀) ဆံ့ ပေ (၃၀) မြင့် ရေစင်တည်ဆောက်နေမှုကို လည်းကောင်း၊ အောင်မြေမန္တလာ ဘောလုံးကွင်းကို တိုင်းဒေသကြီးအဆင့် ဘောလုံးကွင်းအဖြစ် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အောင်မြေမန္တလာ မိုးလုံလေလုံအားကစားရုံကို လည်းကောင်း၊ ဗထူးအားကစားကွင်း ပြုပြင်ရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
Sep 03, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 03, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Sep 03, 2021
တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင်ရှိသည့် Two Two Five Hotel တွင် လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း သိရှိရသည့်အတွက် သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီကျော်တွင် ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
Sep 03, 2021
နေပြည်တော် PDF နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းမှာ သတင်းမှား ဖြစ်ကြောင်း သိရသည်။
Sep 03, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 03, 2021
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ စုရပ်များခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး သူများ၏စကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။
Sep 03, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 03, 2021
မွန်ပြည်နယ် ကျိုက္ခမီမြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင် ရွက်နေသည့်တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် နံနက် ၃ နာရီ ၅ မိနစ်တွင် ကျိုက္ခမီမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၃ မိုင်ခန့်အကွာသို့အရောက်၌ ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်နေသည့် ငါးဖမ်းမွှေပိုက်လှေငယ်တစ်စင်းအား တွေ့ရှိသဖြင့် အဆိုပါလှေမှ လှေသားခြောက်ဦးကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Sep 03, 2021
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုး စတင်ကူးစက်ခံရချိန် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ယနေ့အချိန်ထိတိုင် နေပြည်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အသီးသီးမှ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ အသင်းခွဲငယ်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များသည် သက်ဆိုင်ရာဒေသ အလိုက် ရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အရှိန်အဟုန်မပျက် နေ့ရောညပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ အောက်ဆီဂျင် အချိန်မီရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဆေးရုံများသို့ ညွှန်းပို့ပေးခြင်း စသည်တို့ကို တက်ကြွစွာပါဝင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်သိရှိရသည်။
Sep 03, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
Sep 03, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေး အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာ ကွယ်ရေး ထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Sep 03, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း ထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကားဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၅ ခုမှ အိမ်သုံးဆေးဝါး ၂၀၈ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
Sep 03, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Sep 03, 2021
တိုင်းရင်းဆေးကို ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန COVID-19 Central Command Center ခန်းမ၌ ကျင်းပသည်။
Sep 03, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက် ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
