Sep 04, 2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၃၅)မိနစ်၊ (၁၁)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၁၀၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၇၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
Sep 04, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် စက်တင်ဘာ ၂ ရက်တွင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)သို့ ရောက်ရှိပြီး သင်တန်းခန်းမများ၊ မြို့ပြအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာဌာန၊ မော်တော်ယာဉ် နည်းပညာ အင်ဂျင်နီယာဌာန၊ စက်မှုပုံစံပြုနှင့် CNC ဌာနများသို့ သွားရောက်၍ တပ်ဆင်ဆောင်ရွက် ထားသည့် LAB ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်စေရန် လေ့ကျင့်သင်ကြားဆောင်ရွက်နိုင်စေရန် စီစဉ်ထားရှိမှုများ၊ သင်တန်းသား အိပ်ဆောင်များနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
Sep 04, 2021
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက် နံနက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီး အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းရှိ စားရိပ်သာနှင့် သင်တန်းသား/ သင်တန်းသူများ ကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
Sep 04, 2021
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ပြန်လည် သက်သာပျောက်ကင်းသူများ၏ အတွေ့အကြုံနှင့် ခံစားချက်များကို မေးမြန်းဖော်ပြ လိုက်ပါသည်။
Sep 04, 2021
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 04, 2021
မြေဩဇာများ အရည်အသွေးပြည့်မီရေး၊ ဈေးနှုန်း မှန်ကန်ရေးနှင့် တောင်သူများ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ကြရန် မြေဩဇာကော်မတီနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းကျောင်း ကြပ်မတ်ပေးလျက် ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကုန်သွယ်ရေး အခက်အခဲနှင့် ငွေကြေးတန်ဖိုးပြောင်းလဲမှုများကြောင့် ဈေးနှုန်းမြင့်မားလာသည့် ဓာတ်မြေ သြဇာများကို စိုက်ပျိုးသူ တောင်သူများ လျှော့ချအသုံးပြုနိုင်မည့် နည်းလမ်းများ၊ သဘာဝ မြေဩဇာများ၊ သစ်စိမ်းမြေဩဇာများနှင့် တွဲဖက် အသုံးပြုနိုင်မည့် နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပ သည့် မြေဩဇာကော်မတီ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Sep 04, 2021
အဏ္ဏဝါအမှိုက်သရိုက်နှင့် ပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်း အဝေးကို စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Sep 04, 2021
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲစဉ်များကို အဆင့်ဆင့်ဖြတ်ကျော်ကာ အုပ်စုဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး အကြို ဗိုလ်လုပွဲ အဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့သည်။
Sep 04, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများ ကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်နှင့် ၂ ရက် တို့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သား အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၂၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သား အမျိုးသား ၃၇ ဦး၊ အမျိုး သမီး ၁၆ ဦး စုစုပေါင်း ၅၃ ဦး၊ လောက်ကိုင်မြို့သို့ ဝင်ရောက်လာ သည့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၀ ဦးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသား အမျိုးသား ၃၂၀၊ အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၅၄၈ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Sep 04, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်း မှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Sep 04, 2021
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၅၄၈ ဦးတို့သည် စက်တင်ဘာ ၁ ရက် က ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်း (က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာ တာဝန်ရှိသူများက ကြိုဆိုသည်။
Sep 04, 2021
ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများ ထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိပြီး ပြီးစီးသည့်နေရာ များတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Sep 04, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်း ထောင်များ၌ ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသား၊ အကျဉ်းသူ များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် ဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
Sep 04, 2021
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Sep 04, 2021
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သည့် သုဝဏ္ဏ ကိုဗစ် -၁၉ ရောဂါ ကုသရေးစင်တာဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်း၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဟိန်းထက်၊ စင်တာကုသရေးတာဝန်ခံ ဆေးရုံအုပ် ဒေါက်တာနိုင်လင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 04, 2021
တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ (၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေး ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမတွင် ကျင်းပရာ ဘုတ်အဖွဲ့ဝင်များ၊ အီးအေ (၁/၂) အရာရှိများ တက်ရောက်ကြသည်။
Sep 04, 2021
တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျောင်းတိုက်၌ကျင်းပရာ နေပြည်တော် တပ်ကုန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဇနက ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝဏ္ဏရဟ အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
Sep 04, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသော ကိုဗစ် - ၁၉ ကာကွယ်ဆေးတစ်သန်းနှင့် ငွေယွမ် သန်း ၂၀ တန်ဖိုးရှိ ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
Sep 04, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ အနောက်တောင်ဘက် ကူဘင်ကာမြို့၊ မျိုးချစ် ပန်းခြံရှိ ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedrial of the Russian Armed Forces သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
Sep 04, 2021
ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
