Sep 03, 2021
နေပြည်တော် စက်တင်ဘာ ၂
Sep 03, 2021
တရုတ်ကုန်သည်များအသင်းနှင့် မီးပြတိုက် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မြန်မာသင်္ဘောသားဦးရေ ၅၀၀၀ ကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား စက်တင်ဘာ ၁ ရက်ကစ၍ သတ်မှတ်နေရာတို့တွင် ထိုးနှံပေးနေကြောင်း သိရသည်။
Sep 03, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ Sheremetyevo လေဆိပ်သို့ ရောက်ရှိကြသည်။
Sep 03, 2021
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019) (COVID-19) မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၁ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019) (COVID-19)ကို ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ် ပြီး ဤအမိန့်ကို မရုပ်သိမ်းသမျှ ကာလပတ်လုံးအတည်ဖြစ်ကြောင်း ၂၈-၂-၂ဝ၂ဝ ရက်စွဲပါစာ အမိန့်အမှတ် ၁၉/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။
Sep 03, 2021
ကိုဗစ် -၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် ကာကွယ်ဆေးထိုးနှံမှုက အရေးပါသည်။ မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထက်မနည်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူခြင်းနှင့် လှူဒါန်းမှုတို့မှ ရရှိသော ကာကွယ်ဆေးများကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိသည်။ တစ်ဖက်တွင်လည်း ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များ၊ ဆေးရုံဆေးခန်း များ၊ လူမှုရေးအသင်းအဖွဲ့များကို နိုင်ငံတကာနှင့်အာရှတွင် ထိုးနှံနေသည့် အရည်အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခွင့်ပြုခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တင်သွင်း ဖြန့်ဖြူးခြင်းနှင့် ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များကိုလည်း ချမှတ်ပေးခဲ့သည်။
Sep 03, 2021
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ဒယ်လ်တာမျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်အခါတွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့ လျက်ရှိကြောင်းသိရသည်။ ဒယ်လ်တာမျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုံးသပ် ထားသည်။ ထို့အပြင် အချို့သော ကိုဗစ်-၁၉ ကာကွယ် ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ်လျော့ကျစေနိုင်ခဲ့ကြောင်း အသိပေးထား သည်။
Sep 02, 2021
မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဩဂုတ် ၂၂ ရက်မှ စတင်၍ ကျင်းပပြု လုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည် ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ Creative Competition တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
Sep 02, 2021
Myanmar Hard Talk မှ သတင်းထောက် ဦးဥက္ကာက NUG၊ CRPH တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ခြင်းရှိကြောင်း၊ ယနေ့အချိန်အထိ ၎င်းတို့၏ လုပ်ရပ်များက တကယ့်အကြမ်းဖက်လုပ်ရပ်ဖြစ်နေခြင်းကို ထင်ထင်ရှားရှား တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများကို အရေးယူရန်အတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol အပါအဝင် ဒေသတွင်းနိုင်ငံများက အစိုးရများနှင့်ပူးပေါင်းပြီး ဆောင်ရွက်မှု ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
Sep 02, 2021
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
Sep 02, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်း များကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Sep 02, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 02, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက် မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
Sep 02, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Sep 02, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ သတ္တမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
Sep 02, 2021
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း တောင်ကျရေများကျဆင်းပြီး ဘုံချောင်း၊ နတ်ရေတွင်းချောင်းနှင့် ကျွဲမသေချောင်းတို့ ရေလျှံမှုများကြောင့် အုတ်တွင်း မြို့နယ်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့တို့ရှိ ကျေးရွာများ၊ ကားလမ်း၊ ရထားလမ်းတို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Sep 02, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၅ ခုမှ အိမ်သုံးဆေးဝါး ၂၀၈ မျိုးကို ရောင်းချပေးလျက်ရှိပြီး ငွေကျပ် ၅၁ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
Sep 02, 2021
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပလျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုပွဲစဉ်များကို အဆင့်ဆင့်ဖြတ်ကျော်ကာ အုပ်စုဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ အဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
