Skip to main content

Sep 08, 2021

သဲကုန်းမြို့နယ် ဆင်တဲကုန်းကျေးရွာနေ အုန်းဟန်(၃၇ နှစ်) ပိုင်ဆိုင် သည့် ကြက်မွေးမြူရေးခြံအတွင်း စက်တင်ဘာ ၆ ရက် ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လက်လုပ်ရီမုမိုင်း စမ်းသပ်ပြုလုပ်စဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သဲကုန်းမြို့နယ် အုတ်ဆွဲကျေးရွာနေ ရန်ကျော်(၂၄ နှစ်)မှာ နေရာတွင်ပင်သေဆုံးခဲ့ကာ ၎င်းနှင့်အတူ မိုင်း စမ်းသပ်ရာတွင်ပါဝင်သူ ကြက်မွေးမြူရေးခြံပိုင်ရှင် အုန်းဟန်နှင့် လိပ်ပြာသိန်းသောင်းကျေးရွာနေ ဇင်လင်းထက်(၂၄ နှစ်)တို့မှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဟန့်တားနိုင်ရေးအတွက် ကာကွယ်ဆေးများ ရရှိရေးနှင့် ရောက်ရှိလာသော ကာကွယ် ဆေးများအား ပြည်သူလူထုထံအမြန်ဆုံး ရောက်ရှိထိုးနှံနိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ NUG ၊ PDF အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်းတို့မှ အခကြေးငွေပေးပြီးခိုင်းစေခံရသူများက အဆိုပါကာ ကွယ်ဆေး ထိုးနှံနေသူများကို နှောက်ယှက်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဗုံးခွဲခြင်းများ နေရာအနှံ့ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံ တစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေး တာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ပေးထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၂ ခုမှ အိမ်သုံးဆေးဝါး ၁၆၃ မျိုးအား ရောင်းချပေးလျက်ရှိပြီး ၉ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၈၄ ဦး၊ နမ့်ဖာ ဟော်တံတားမှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၃၉ ဦးနှင့် ရန်လုံကျိုင်း တံတားမှ အမျိုးသား ၇ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးက မြန်မာနိုင်ငံကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် တရုတ်ယွမ်ငွေ ၁ ဒသမ ၅၅ သန်း တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၇ ရက်တွင် ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ထိန်ချုံးမြို့၌ ကျင်းပခဲ့ရာ ယူနန် ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Wang Wei က လှူဒါန်းသည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်ကလက်ခံရယူခဲ့သည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးက မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အစိုးရနှင့် ကချင်ပြည်နယ်အစိုးရတို့သို့ လှူဒါန်းသည့် တရုတ်ယွမ်ငွေ ၁ ဒသမ ၅ သန်း တန်ဖိုးရှိ Oxygen Concentrator အလုံး ၆၀၀ အား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၃၀ ရက်တွင် ယူနန်ပြည်နယ် ယိုရှီးမြို့ရှိ CMC စက်ရုံတွင် ကျင်းပခဲ့ရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြား ရေးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kun က လှူဒါန်းသည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

 ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မျိုးချစ်ပန်းခြံရှိ Congress စင်တာ၌ ကျင်းပ ပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ကိုလေး၊ ဗိုလ်ချုပ်  ဇော်လွင်ဦးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Higher Military Command School သို့ သွားရောက်လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး Colonel Segey Markovchin နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးတွင် နိုင်ငံတကာစီးပွားရေးနယ်ပယ်စုံ၌ စီးဝင်မှုသည် အရေးကြီးသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် အမျိုးသားအကျိုးစီးပွားကို တစ်ကမ္ဘာလုံးသို့ လွှမ်းခြုံကြသည်။ စီးပွားကူးသန်း ရှေ့သို့လှမ်းချီရာ၌ နိုင်ငံတကာစီးပွားရေးတွင် ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းစုံဖြင့် ထိုးဖောက်ဖြန့်ချိကြသည်။ ချမ်းသာသောနိုင်ငံများသည် ကုန်သွယ်ရေကြောင်း ဆိပ်ကမ်းပိုင်ဆိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် NUG က ကြေညာချက်တစ်ရပ်ကို လေထဲမှထုတ်လွှင့်ခဲ့ရာ ယင်းကြေညာချက်ကို ပြည်ဖျက်မီဒီယာများက D-Day စတင်ကြောင်း ကြေညာခြင်း၊ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာခြင်း၊ ပြည်သူ့တော်လှန်ရေး စတင်ခြင်းအဖြစ် အသီးသီးထုတ်လွှင့်ခဲ့ကြပြီး အယုံလွယ်သူတို့ အပြေးအလွှား ဆန်ဝယ်၊ ဆီဝယ်၊ စုကြ၊ ဆောင်းကြနှင့်လူမှုကွန်ရက်မှ ခိုင်းသမျှ လိုက်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organization of Supreme Audit Institutions:(ASOSAI) ၏ (၁၅) ကြိမ်မြောက်စုံညီ ညီလာခံကို ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒေါက်တာ ကံဇော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ 

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၅ ရက် ည ၁၁ နာရီခွဲတွင် ဟုမ္မလင်းမြို့နယ်၊ စံကပ်ကျေးရွာအနီး၌ မောင်မောင်လွင် မောင်းနှင်ပြီး အားခေ(ခ)အားခီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလိုကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်း ရွှေဟော်၊ မြဝတီနှင့် ထီးခီးကုန်သွယ်ရေးစခန်း (၄) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂၂) ခုမှ ယာဉ်စီးရေ (၃၈) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၃)စီး ဖြင့်(၅၇)တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၃) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၁၉၇၅၇) ခု၊ Oxygen Plant (၁၃)ခု၊ Oxygen Generator (၃) ခု၊ အိမ်သုံး Oxygen Concentrator (၂၆၆၇) ခု၊ PPE ဝတ်စုံ (၆၇၅၀၀)၊ လက်အိတ် (၆) တန် နှင့် နှာခေါင်းစည်း (Mask) (၈၈) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၃) စီးမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပဲခူးမြို့တို့သို့ (၁)စီးစီဖြစ်ပြီး Oxygen Plant (၁၃)ခု မှာ ရန်ကုန်မြို့သို့ (၄)ခု၊ မန္တလေးမြို့သို့ (၇) ခု၊ မအူပင်မြို့နှင့် မြောင်းမြမြို့တို့သို့ (၁)ခု စီ ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်