Mar 22, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ဈေးများနှင့် ကုန်တိုက်များ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းဝယ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 22, 2021
လက်ရှိဆန်စပါးဈေးကွက်အခြေအနေနှင့် ဆန်စပါးဝယ်ယူမှု၊ ပြည်ပတင်ပို့နိုင်မှု ကိစ္စများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ Virtual စနစ်ဖြင့်ကျင်းပသည်။
Mar 22, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Mar 22, 2021
မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံ၍ ဆူပူအကြမ်းဖက်မှုကို လိုလားသောအဖွဲ့အစည်းများနှင့် လူအုပ်စုအချို့ သည် နည်းမျိုးစုံအသုံးပြုပြီး သွေးထိုးလှုံ့ဆော်မှု များအား ဆောင်ရွက်လာသောကြောင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မတ္တရာမြို့နယ် စကျင်ကျေးရွာအတွင်း လက်လုပ် သေနတ်များ ထားရှိသည်ဟု သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစဉ် ဆူပူအကြမ်းဖက်သူ ၁၀၀ ခန့်က ကျေးရွာအတွင်း အဝင်မခံဘဲ တားဆီး၍ နှောင့်ယှက်လျက်ရှိသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများထဲမှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီး ရမိခဲ့ပြီး လက်လုပ်သေနတ်၂လက်အား သိမ်းဆည်း ရမိခဲ့သည်။
Mar 22, 2021
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေး အခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကိုလည်း ကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
Mar 22, 2021
မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် CDM လှုပ်ရှားမှုကို အခြေခံ၍ ဆူပူ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့အစည်းများနှင့် လူအုပ်စုအချို့ က ရပ်ရွာအေးချမ်းသာယာရေး နှင့်တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက် ရှိသောကြောင့် ဒေသတွင်း ဆေးရုံများ၊ မီးရထားခရီးစဉ်များ၊ လေကြောင်းလိုင်းများ၊ မော်တော် ယာဉ်လိုင်းများ ရပ်ဆိုင်းခဲ့ရပြီး ဘဏ်များ၊ ဈေးများ ယာယီ ပိတ်ထားခဲ့ရသည်။
Mar 22, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည် နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကရင် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်၊ရမည်းသင်းမြို့နှင့် တောင်ငူမြို့တို့တွင် (၄၂) ဒီဂရီစင်တီဂရိတ်စီနှင့် မိတ္ထီလာမြို့၊ လှိုင်းတက်မြို့၊ နေပြည်တော်(ဇေယျာသီရိမြို့နယ်)၊ ပျဉ်းမနားမြို့၊ အောင်လံမြို့နှင့်မြဝတီမြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။
Mar 22, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် မိုးလေ၀သအခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (
Mar 22, 2021
၂၀၂၁ ခုနှစ်၊ မတ်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိ အားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနိုင်ပါသည်။ မိုးအခြေအနေနှင့် မိုးရွာရက် ၂။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း
Mar 22, 2021
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
Mar 22, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Mar 22, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အင်းစိန်လမ်း၊ မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိလမ်း၊ သာကေတမြို့နယ် မြင်တော်သာ လမ်းတို့တွင် တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်လိုသူ များက ပိတ်ဆို့ထားသော အတားအဆီးများ ဖယ်ရှား ရှင်းလင်းနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
Mar 22, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၈) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စေတီတော်ကြီးလိုဏ်တော် အတွင်း၌ ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ၊ ဈေးကုန်းကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသထံ မှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ။
Mar 22, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များ ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။
Mar 22, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ မတ် ၂၀ ရက် မွန်းလွဲ ၁ နာရီ တွင် ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်) အမှတ်(၂)လမ်းနှင့် မြို့ပတ်လမ်းထောင့် သုံးခွကျေးရွာ အနီး မစိုချောင်းဘေးတွင်ဆောင်ရွက်လျက်ရှိ သည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
Mar 22, 2021
လမ်းမကြီးများပေါ်မှ အတားအဆီး၊ အပိတ်အဆို့များကို လူအင်အား၊ ယန္တရားအင်အားတို့ဖြင့် ဖယ်ရှားရှင်း လင်းလျက် ရှိသည့် သတင်းများက မင်္ဂလာသတင်းများဖြစ်သည်။ အနိဋ္ဌာရုံ တို့ကို ဖယ်ရှားရှင်းလင်းလိုက်သည်နှင့် ဣဋ္ဌာရုံတို့က ထင်ရှားစွာ ရောက်ရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း က မြင်တွေ့ခဲ့ရသည့် စိတ်မချမ်းမြေ့ဖွယ် သတင်းမြင်ကွင်းတို့မှာ ပါးလျားလာခဲ့ပြီဖြစ်သလို ပုန်းကွယ်နေခဲ့သည့် အမှောင့်ပယောဂ များနှင့်နောက်ကွယ်မှ လက်သည်တို့မှာလည်း တစ်စထက်တစ်စ ပေါ်လွင်ထင်ရှားလာခဲ့ပြီဖြစ်သည်။ ဆူပူဆန္ဒပြ သည့်အဆင့်သည် ရုန်းရင်းဆန်ခတ်ဖျက်ဆီးသည့်အဆင့်နှင့် ဆက်လက်၍ အုပ်စု ဖွဲ့ကာ မင်းမဲ့စရိုက်ဖြင့် အကြမ်း ဖက်လူသတ်သည့်အဆင့်ထိ
