Skip to main content

Mar 20, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဆက်လက်ဖတ်ရှုရန်

Mar 20, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် မိုးလေ၀သအ‌ခြေအနေ။ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေ။ အနောက် (သို့) အနောက

ဆက်လက်ဖတ်ရှုရန်

Mar 20, 2021

“ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We Care, We Prepare, we Prosper)” ဟူသည့် ယခုနှစ်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ဆောင်ပုဒ် အတိုင်း မိမိတို့အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအားလုံး၏ အန္တရာယ်ကို ကြိုတင်မြော်တွေး၍ ဂရုတစိုက် လေ့လာဆန်းစစ် ခြင်း၊ စိန်ခေါ်မှုများကို မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုမှ ရရှိလာသောရလဒ်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း မျှဝေခံစားခြင်းတို့ကို မလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း (၁၈)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2021

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများကို ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2021

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများကို ညွှန်ကြား ရေးမှူး များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2021

ကမ္ဘာ့ဘဏ် (World Bank)နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ကဏ္ဍ အလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ချေးငွေနှင့် အထောက်အပံ့ စီမံကိန်းများ၏ လက်ရှိဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2021

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှု 30 g. (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ဗီဒီယိုအစည်းအဝေး စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2021

မန္တလေးခရိုင်အတွင်းရှိနိုင်ငံတော်သံဃာ့အဖွဲ့အစည်းဝင်ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ်ထိုးနှံပေးပြီးသော ဆရာတော် ကြီးများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အသက်အန္တရာယ်ထိခိုက်စေသည်အထိ အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသည့် အပြင် အများပြည်သူ အသုံးပြုလျက်ရှိသည့်လမ်းများပေါ်၌ အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် အေးချမ်းစွာလုပ်ကိုင်စားသောက်လျက်ရှိသော ပြည်သူများ၏ သွားလာရေး အဆင်ပြေစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ကွက်နေ ပြည်သူများဖြင့် ပူးပေါင်းကာ အတားအဆီးများကို ဖယ်ရှားရှင်းလင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှ လျှပ်စစ်ပစ္စည်း စက်ရုံတစ်ရုံအတွင်းရှိ ပစ္စည်းများကို လုယူခဲ့သူများအား မတ် ၁၆ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ အနောက်စု ရပ်ကွက်နေ ချောကိုကိုထွန်း၊ အသက်(၂၆)နှစ်၊ မဝင်းဝင်းမော်၊ အသက်(၃၀)နှစ်တို့သည် ၎င်းတို့ ၏ နေအိမ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန်အတွက် ဒေသန္တရလက်လုပ်မီးခိုးမိုင်း များပြုလုပ်လျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၁၅ ရက် ည ၇ နာရီခန့်တွင် သွားရောက် စစ်ဆေးရှာဖွေခြင်းများပြုလုပ်ရာ မဝင်းဝင်းမော်နှင့်အတူ ယမ်းစိမ်း ၁ ပိဿာ၊ ရောင်စုံဖယောင်း ခဲတံ ၄၈ ချောင်း၊ မီးခိုးမိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် မတ်ခွက် ၂ ခွက်၊ ခဲပြားစက္ကူ ၁ လိတ်၊ ၂ ဒသမ ၅ လက်မခန့်ရှိ ဝါးလုံးထိပ်တွင် သံများ ကန့်လန့်ဖြတ်ရိုက်ထားသည့် သံဆူးတုတ် ၁၂ ချောင်း၊ သံတုတ် ၃ ချောင်းနှင့် မီးခိုးမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ချောကိုကိုထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိ ရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆူပူအကြမ်းဖက်သူများက အများပြည်သူ အသုံးပြုလျက်ရှိသည့်လမ်းများကို အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်ထားသဖြင့် ပြည်သူများ၏ သွားလာရေး အခက်အခဲများရှိခြင်း၊ မီးဘေးအန္တရာယ်အခြေအနေနှင့် အရေးပေါ်ကျန်းမာရေးအခြေအနေတို့တွင် အခက်အခဲများ ရှိခြင်းတို့ဖြစ်ပေါ်လာနိုင်သောကြောင့် ယနေ့တွင်လည်း အဆိုပါအတားအဆီးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက်ဖယ်ရှား ရှင်းလင်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကျေးရွာသို့ ဆူပူ အကြမ်းဖက်လူတစ်စုက တုတ်၊ ဓားများကိုင်ဆောင်ပြီး ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်း လှည့်လည်အော်ဟစ်ဆဲဆိုရာမှ ရွာသူရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

၂၀၀၇ ခုနှစ် သံဃာအရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့မှုဖြင့် အကျဉ်းကျခံခဲ့ရ ပြီး ပြန်လည်လွတ်မြောက်လာချိန်မှစ၍ ရွှေဝါရောင်သံဃာ့ကွန်ရက်(ရန်ကုန်)တွင် ဦးဆောင်သံဃာတစ်ပါးအဖြစ် ပါဝင်လှုပ်ရှားလျက်ရှိသော ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်နှင့် အစ္စလာမ်ဘာသာဝင် ဦးတင်မိုးတို့သည် ရွှေဝါရောင်သံဃာ့ကွန်ရက်(မန္တလေး)၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦးတို့နှင့် ချိတ်ဆက်ကာ CDM လှုပ်ရှားမှုများတွင် သံဃာတော်များပါဝင်လာစေရန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှစ၍ စည်းရုံးလှုံ့ဆော်လာခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား CDM တွင် ပါဝင်လာစေရေး ပျဉ်းမနားမြို့နေ ဦးသက်နိုင်ထွေးမှ သွေးထိုးလှုံ့ဆော်နေကြောင်း သတင်းအရ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ၀၂၃၀ နာရီခန့်တွင် အမှတ် (၉၃၂)၊ ၁၇ လမ်း၊ ပေါင်းလောင်း ၂ ရပ်ကွက်၊ ပျဉ်းမနားမြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ထေးတမရပ်ကွက်၊ ညဈေးအနီးလမ်းမပေါ်တွင် လူစုလူဝေးအင်အား ၅၀ ဦးခန့်က လည်းကောင်း၊ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ မီးပွိုင့် အနီးတွင် ဆူပူဆန္ဒပြသူလူစုလူဝေးအင်အား ၇၀ ဦးခန့်က လည်းကောင်း အတားအဆီးများ ချထား၍ ဆူပူဆန္ဒပြနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြေရှင်းခဲ့ရာ လူစုကွဲသွား ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ် ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်နှင့် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများအား COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သိရီမင်္ဂလာ ကမ္ဘာ့အေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဘုရားခန်း၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် Fish Processing စီးပွားရေး ဇုန်များကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်