Mar 25, 2021
လူ့အခွင့်အရေးကောင်စီ၏ (၄၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဥရောပသမဂ္ဂ ( ယူ)မှ တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်အဆို (Resolution) အပေါ်ဆွေးနွေးခြင်းကို ယနေ့တွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ကြိုတင်ရိုက်ကူး ထားသော ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြား သည်။
Mar 25, 2021
ကိုရီးယားသမ္မတနိုင်ငံ၏တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ သည့် စီမံကိန်းများ၏လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပ သည်။
Mar 25, 2021
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော တပ်မတော် သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အစဉ်တစိုက် ထမ်းဆောင်လျက်ရှိပါသည်။ ထို့ကြောင့် တပ်မတော်သည် အဓိက တာဝန်ဖြစ်သည့် ကာကွယ်ရေးတာဝန်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ထာဝရ ဦးထိပ် ပန်ဆင်လျက်ရှိသည်။
Mar 25, 2021
စက်ရုံများ မီးလောင်ပျက်စီးခဲ့သည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားကြရသည့် အလုပ်သမားများ လူမှုဖူလုံရေး ထောက်ပံ့ငွေများ လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြေညာသည်။ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများ ထောက်ပံ့ငွေ လျှောက်ထားကြရမှာဖြစ်သည်။ စက်ရုံပေါင်း ၁၈ ရုံ မီးရှို့ခံ ခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ကိန်းဂဏန်း များအရ အမျိုးသား ၂၂၂၉ ဦး၊ အမျိုးသမီး ၁၃၄၂၈ ဦး စုစုပေါင်း ၁၅၆၅၇ ဦး အလုပ်လက်မဲ့ခဲ့ရပြီဖြစ်ရာ သူတို့၏ နောက်ကွယ်တွင် မှီခို နေကြသည့် မိသားစုများ မည်မျှဒုက္ခအခက်အခဲတို့နှင့် ရင်ဆိုင်ကြရဦးမည်နည်း။ အနာဂတ်နေ့ရက်များကို မည်သို့ ဖြတ်သန်းကြမည်နည်း။ ။
Mar 24, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြောက်ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးအား အင်းစိန် လမ်းမကြီး အတိုင်းမောင်းနှင်လာသော ယာဉ်အမှတ်(စိစစ်ဆဲ) Landcruiser ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှ မီးပုလင်းဖြင့် အကြောင်းမဲ့ရန်ပြုပစ်ပေါက်ကာ မရမ်းကုန်းမြို့နယ်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေး သွားခဲ့ပါသည်။
Mar 24, 2021
အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်သောလူငယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့် ချိတ်ဆက်၍ ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက် မည်ဖြစ်ကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးပို့ချက်အရသတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေး လုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Mar 24, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြခဲ့သူများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရာ ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ အင်းစိန် ဗဟိုအကျဉ်း ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သူ ၆၂၈ ဦးအား လွှတ်ပေးခဲ့သည်။
Mar 24, 2021
၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက်ကိရိယာများ ပြုလုပ် နေကြောင်းသတင်းအရ ရန်ကင်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ ခြံအမှတ် (၄၄၉)ရှိ မင်းလွင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ပါသည်။
Mar 24, 2021
၂၀၂၁ ခုနှစ် မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားရှိကြောင်း သတင်းအရ မကွေးမြို့၊ မဲထီးလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ယခင်လက်နက်မှုဖြင့်ထောင်ကျဘူးသူ
Mar 24, 2021
နေပြည်တော်၊ မတ် ၂၄ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ နွယ်နီလမ်းနေ နိုင်ဝင်း(ခ)ကုလား (၂၈)နှစ် (ဘ) ဦးပြည်သိမ်းသည် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ သီတာအောက်လမ်းနေ အောင်ကိုကိုမြင့်(တိမ်းရှောင်) (၂၆)နှစ် (ဘ) ဦးသိန်းဟန်၏ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ် အတွင်းမှ အရှည် ၄ ပေ ၅လက်မခန့်ရှိ ဘောစိဖြင့်ပစ်ခတ်ရသော လက်လုပ်သေနတ် ၁ လက်၊ အရှည် ၂ ပေ ၆ လက်မခန့်ရှိ သစ်သားဒင် ၁ ချောင်း၊ အလျား ၃.၅ လက်မခန့်ရှိ သံစပရိန် ၁
Mar 24, 2021
(၂၃-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၄-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၂,၀၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၂၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၂၈,၇၇၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း (၁၄၂,၃၁၅) ဦး ရှိပြီ ဖြစ်ပါသည်။
Mar 24, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။
Mar 24, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
Mar 24, 2021
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း ပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး အဖွဲ့များ၊ သန့်ရှင်းရေးဝန်ထမ်းများနှင့်အတူ ပြည်သူ များ ဝိုင်းဝန်း၍ အတားအဆီးများနှင့် အမှိုက်များကို ဆက်လက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
Mar 24, 2021
ရန်ကုန်နှင့် နေပြည်တော်ရှိ ဗဟိုအဆင့်ဆေးရုံများတွင် ဆေးရုံလုပ်ငန်း ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန COVID-19 Central Command Centre ၌ ကျင်းပသည်။
Mar 24, 2021
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၂၀၂၁ ခုနှစ် မတ် ၄ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၂၁ အရ အဖွဲ့ဝင် ၉ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
Mar 24, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 24, 2021
CDM ( Civil Disobedience Movement) လှုပ်ရှားမှုသည် တိုင်းပြည် အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေး အမြတ်ထုတ်ကာ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား သွေးထိုးပေး နေခြင်း ဖြစ်သည်။ ယခုအခါ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူအများသွားလာနေသောလမ်းမများပေါ်တွင် အတား အဆီးများ ချထားခြင်း၊ ရုံးတက်နေသော ဝန်ထမ်းအများစုနှင့် ပြည်သူများအား အနှောင့်အယှက်ပေးနေခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များနှင့် ပတ်သက်၍ ကြုံတွေ့ခံစားနေရသည့် ပြည်သူများ၏ ရင်တွင်းစကား သံများကို ပြန်လည်မျှဝေရေးသား ဖော်ပြလိုက်ပါသည်။
Mar 24, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်း သားပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။
Mar 24, 2021
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၁၀၅ လမ်း ၅၂ လမ်းနှင့် ၅၃ လမ်းကြားတွင် ဆူပူအကြမ်းဖက်သူ ၁၅၀ ဦးခန့်က ယနေ့ ညနေ ၄ နာရီခွဲခန့် အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများအား အတားအဆီးများ၊ တာယာကွင်း များမီးရှို့ကာ ပိတ်ဆို့ထားခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေကြကြောင့် ဆူပူ အကြမ်း ဖက် မှုကိုမလိုလားသည့် ပြည်သူများ၏တိုင်တန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များကသွားရောက်၍ အတား အဆီးများအား ဖယ်ရှားရှင်းလင်းရန်နှင့် လူစုခွဲခြင်းများအား ဥပဒေနှင့်အညီဆောင်ရွက်စဉ် ဆူပူ အကြမ်းဖက် သူများက Air Short Gun များ၊ ကုံးသီးများ၊ လက်လုပ်သေနတ်များ၊ ‘ဒုတ်၊ ဓား၊ ဂျင်ဂလိများဖြင့် ပစ်ခတ်ခဲ့သည့် အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များနေရာအထိ အတင်းတိုးဝင်ရောက်၍ လူကိုသေစေနိုင်သည် အထိ အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အရာရှိကြီး ၁ ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
