Skip to main content

Mar 19, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်း ကုန်းမြို့နယ်ရှိ ကလေးဝ တောရ နာဂလိုဏ်ဂူပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး ကလေးဝ တောရ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂ အရှင်သူမြတ်ထံ ထာဝရ ပစ္စည်းလေးပါး ဆွမ်း ပဒေသာပင် ငွေကျပ်သိန်း ၅၀ စိုက်ထူ လှူဒါန်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွား ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများက ဓမ္မာနုဂ္ဂဟ ဖြင့် ဆောင်ရွက်သကဲ့သို့ ဒါယကာများမှလည်း ပစ္စယာနုဂ္ဂဟဖြင့် ထောက်ပံ့လှူဒါန်းရေးဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံတော် တာဝန်ယူပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တစ်နိုင်ငံလုံးရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ဖေဖော်ဝါရီ ၈ ရက် တွင် တစ်နိုင်ငံလုံး၌ ပြည်သူများဖူးမျှော် ကြည်ညိုနိုင် ရန် ဆောင်ရွက်ခဲ့ကြောင်း၊ အကြိမ် (၆၀) မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အဋ္ဌမ အကြိမ် နိုင်ငံတော် သံဃမဟာနာယ က အဖွဲ့ (၄၇) ပါးစုံညီ ဆဋ္ဌမအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီး စီးခဲ့ပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ လှူဒါန်းဆက်ကပ်ပွဲ အခမ်းအနား ကို တပေါင်းလပြည့်နေ့ မတ် (၂၇)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို အထူးအလေး ထား ထောက်ပံ့ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများအရ ဖွဲ့စည်းထားရှိသော မြန်မာ နိုင်ငံစားသုံးသူရေးရာ ကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ ရှင်းလင်းတင် ပြသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးလှစိုးနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ တွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ စစ်သည် အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၏ နှစ်လဲ သက်တမ်းတိုး ယာဉ်မှတ်ပုံတင် လုပ်ငန်းများကို လာမည့် (၂၂.၃.၂၀၂၁) ရက်(တနင်္လာနေ့)မှစတင်၍ ကညနရုံးများ၌ ပြန်လည်စတင်ဆောင် ရွက်သွားမည်ဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင် ယာဉ်များမှအပ အခြားယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ဖြင့် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန် အတွက် မြို့နယ်အသီးသီးရှိတပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၇၈၃၂၃ ဦး၊ အတွင်းလူနာ ၄၁၄၈ ဦးကို တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများ အား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများကိုဆေးရုံတင်ကာကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကိုပါ စီမံဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်တိမ်ညိုတိုက်ပွဲရှောင် စခန်းရှိ ဒေါ်ဖြူနှင်းချေ (ဘ)ဦးကျော်ဇံလှ နေထိုင် လြာ သည့် အခန်းအတွင်း၌ ယမန်နေ့ ည ၈နာရီ ၅ မိနစ်ခန့်တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

နေပြည်တော် မတ် ၁၈ လယ်ဝေးမြို့နယ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန် ရည်ရွယ် ပြုလုပ်ထားသော ဓား၊ လေးခွ၊ ဂျင်ကလိ၊ လေသေနတ်နှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ နှင့် သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့်လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ တို့ရှိဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသ ပေးနိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များ အလိုက် တပ်မတော်ဆေးရုံမှ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြု များ ပါဝင်သော ဆေးကုသရေးအဖွဲ့ အားစေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံ ပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသည့် လူစုလူဝေးများ အနေဖြင့် မသမာသူတို့၏ နောက်ကွယ်မှ သွေးထိုး စည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများ ရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ် အောင် ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် မှုများနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်းများကို လုပ်ဆောင် လျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ ဒုတိယအကြိမ် တိုက်၊ အခန်းသော့များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ပိုင်းတွင် အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်း မိသားစုဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူစုလူဝေးများသည် ဆူပူဆန္ဒပြသည့်အဆင့် မဟုတ် တော့ဘဲ အချို့သောနေရာဒေသများတွင် ရပ်ရွာလူထုများအား အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တာဝန်ဖြင့်သွားလာနေရသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူစုလူဝေးအင်အားစုများဖြင့် အကြောင်းမဲ့ သတ်ဖြတ်ခြင်းများကို အကြမ်းဖက်အဖွဲ့အစည်း ပုံစံအတိုင်း ဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ဆူပူဆန္ဒပြသူအချို့က ဆူပူဆန္ဒပြခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အများပြည်သူ အသုံးပြု လျက်ရှိသည့်လမ်းများပေါ်၌ အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ဆူပူ အကြမ်းဖက်မှုများတွင် အသုံးပြုရန်အတွက် ဂက်(စ်)သေနတ်များ၊ ဒိုင်းကာများ ပြုလုပ် နေကြောင်းသတင်းအရ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဖွဲ့(၁)သည် ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်၊ သုခလမ်း၊ အိမ်အမှတ် ၆၁၃ ရှိ "ရှိင်းစတား" သံပန်းတံခါးဆိုင်နှင့် တွဲလျက်ရှိ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ ဝင်းလတ်ထွေး (ဘ) ဦးမြင့်နှင့် ကိုကိုလင်းနိုင် (ဘ)ဦးသန်းနိုင်တို့ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိကာ လက်လုပ်ဂက်(စ်)သေနတ် ၇ လက်၊ ပြုလုပ်ဆဲသံဒိုင်း ၁၀ ချပ်နှင့် ဆက်စပ် စက်ပစ္စည်းကိရိယာများအား ရှာဖွေသိမ်းဆည်း ရမိခဲ့ပြီး အဆိုပါနေအိမ်နှင့်ဆိုင်အား ရှာဖွေနေစဉ် လူစုလူဝေးအင်အား ၈၀ ဦးခန့်မှ ဝိုင်းဝန်းဆူပူ အော်ဟစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်၊ ဘောနတ်ကြီးကျေးရွာအုပ်စု၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းသို့ ယနေ့နံနက်စောပိုင်းတွင် ခေါင်းဆောင်နှင့် အင်အား(စိစစ်ဆဲ) အကြမ်းဖက်အုပ်စုများက မြို့ပြများ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက် ခြင်း၊ ဆူပူအကြမ်းဖက်မှုကို မလိုလားသော ပြည်သူများအား အထိတ်တလန့် ဖြစ်စေရေး ရည်ရွယ်ချက်များဖြင့် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ် ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်မှ နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသည့် လူစု လူဝေးများအနေဖြင့် မသမာသူတို့၏ နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင် ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့စခန်းများအား မီးလောင်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် မီးကွင်းပစ်ခြင်း၊ ဓာတ်ဆီပုလင်းအား မီးရှို့၍ပစ်ပေါက်ခြင်း တို့အား နေရာဒေသအချို့တို့တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် (၁၀)မိုင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် အား မတ် ၁၂ ရက် ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူတစ်စုက ဓားဖြင့် ဝင်ရောက်ခုတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည့်သတင်းများအား မတ် ၁၅ ရက်နှင့် မတ် ၁၆ ရက်တို့တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

လှိုင်သာယာမြို့နယ်တွင် မတ် ၁၅ ရက်က အကြမ်းဖက်သူများ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော အမျိုးသမီးအား သေဆုံးလျက် ပြန်လည်တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2021

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှုအခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရား ဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက် မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်