Mar 19, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမအစည်းအဝေးကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန် မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
Mar 19, 2021
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးများသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် အရှင်မြတ်တို့ဘုရား ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံတော်မူကြ၍ သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု အာသီသပတ္ထနာပြုလျက် နှုတ်ခွန်းဆက်စကား လျှောက်ထား ပါသည်ဘုရား။
Mar 19, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 19, 2021
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မတ် ၁၆ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် လုံခြုံရေးလုပ်ငန်းများနှင့် လမ်းမပေါ်ရှိ အတားအဆီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်၍ ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားမှုအား ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရန် Hand Speaker ဖြင့် အကြိမ်ကြိမ်ပြောဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
Mar 19, 2021
နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မလိုလားသည့် လူစုလူဝေးများအနေဖြင့် မသမာသူတို့၏နောက်ကွယ်မှ သွေးထိုးစည်းရုံး လှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင်ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန် စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက် ရန်ပြုခြင်း များကို လုပ်ဆောင်လျက်ရှိသည်။
Mar 19, 2021
(၁၈) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 18th ASEAN Chiefs of Defence Forces Meeting (ACDFM-18) အစည်းအဝေးကို Online Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
Mar 19, 2021
ချစ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများ ခင်ဗျား
Mar 19, 2021
“ကိုယ်တည်းတစ်ယောက်၊ ဆင်းရဲရောက်လို့၊ ကိုယ့်နောက်အများ၊ ချမ်းသာပွားမူ၊ တစ်ပါး ဖြစ်ထွေ၊ ဆင်းရဲစေတော့။ စိတ်နေခုလို၊ ဝမ်းဝယ်သို၍၊ ထိုထိုအလုပ်၊ လွန်ကြိုးကုတ်သော်၊ မဟုတ်သတင်း၊ လုပ်ဇာတ်ခင်းလျက်၊ ချင်းချင်းရဲ့ သံ၊ ကဲ့ရဲ့ သံကို နာခံမငြီး၊ ပြည်လုံးဟီးမျှ၊ ဝေးနီးအနှံ၊ ပျံ့အောင်ဖြန့်လည်း၊ မခံ့တဓူ၊ ခံ့တဓူနှင့်၊ ကြံ့ကြံ့ပုံသေ၊ ခံခဲ့ပေ၏။” ဟု အရှင် ဇနကာဘိဝံသ ဆရာတော်ကြီးက တစ်ဘဝ သံသရာကျမ်းငယ်တွင် ဖွင့်ဆိုခဲ့ပေသည်။
Mar 19, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 18, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး၊ ပုဗ္ဗသီရိမြို့ ပြည်သူ့ဆေးရုံနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး-ခုတင်(၁၀၀၀) သို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
Mar 18, 2021
လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ရေးဆွဲ ထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြသည်။
Mar 18, 2021
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ နှစ်လဲသက်တမ်းတိုး ယာဉ်မှတ်ပုံတင် လုပ်ငန်းများကို လာမည့် (၂၂.၃.၂၀၂၁) ရက် (တနင်္လာနေ့) မှစတင်၍ ကညနရုံးများ၌ ပြန်လည် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များမှ အပ အခြားယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း သိရသည်။
Mar 18, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ ည (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 18, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
Mar 18, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်
Mar 18, 2021
စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် တောင်သူများအကျိုးရှိစေမည့် ရေအသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်နှင့် ရရှိလာသော သုတေသနရလဒ်များကို လက်တွေ့ အသုံးချနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် ရည်မှန်းချက်ဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 18, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်း တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသတို့အား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
