Skip to main content

Sep 10, 2021

သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ကို ယနေ့နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်က နှောင့်နှေးမှု မရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိကာလတွင် အခက်အခဲအမျိုးမျိုး၊ ဖိအား အမျိုးမျိုး၊ အနှောင့်အယှက်အမျိုးမျိုးကြားတွင် နိုင်ငံ့အရေး၊ အမျိုးသားအရေး အကျိုးစီးပွားတို့ကို ဆောင်ရွက်ပေးရေးတို့တွင် အပြောမဟုတ် အလုပ်နှင့် လက်တွေ့ကျကျလုပ်ကိုင်ကြ၍ တိုးတက်မှုများရနေ သည်။ ရှေ့အဖို့ နိုင်ငံ့အရေး၊ အမျိုးသားအရေးတို့ကို ပိုမိုစွမ်းဆောင်နိုင်ရန် အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍက ပါဝင်နေကြသည့် မိမိတို့ ဝန်ကြီးဌာန၊ နေပြည်တော်တိုင်းဒေသကြီး ပြည်နယ်တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာဒေသရှိ အဓိကစိုက်ပျိုးရေးထွက်ကုန်တစ်ခုချင်းစီ၏ တန်ဖိုးကွင်းဆက် တစ်လျှောက်ကို

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၈ ရက်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းဆောင်ရွက် ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်၊ ကမ်းနားလမ်းနှင့် ဆူးလေးဘုရားလမ်းထောင့်၌ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ မောင်းနှင်ပြီး ဇော်ဝင်းနိုင်(ခ) အိုစမာ လိုက်ပါလာသည့် Suzuki Swift အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ နိုင်ငံတော်မှ မတရားအသင်းကြေညာထားသည့် CRPH အဖွဲ့မှ ဖြန့်ဖြူးရောင်းချနေသော တရားမဝင် Raffle Ticket များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

(၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့ကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းရှိ သိပ္ပံလက်တွေ့ခန်းအတွင်း သိပ္ပံခန်းသုံးပစ္စည်းများ ထားသိုမှုများ၊ ကျောင်းသား ကျောင်းသူများ သိပ္ပံဘာသာရပ် လက်တွေ့သင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ကို ယနေ့နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်း များနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိ Telenor ဆက်သွယ်ရေး တာဝါတိုင် တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်၈နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅၃)ကြိမ် မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံ စီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲများသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

တွံတေးတူးမြောင်း ဖြတ်ကျော် ၃၃ ကေဗွီ လှိုင်သာယာ-တွံတေးဓာတ်အားလိုင်း သွယ်တန်းခြင်း ကို တွံတေးတူးမြောင်း မိုင်တိုင် ၁၁ ဒသမ ၅ မိုင်နှင့် ၁၂ မိုင်အကြားတွင် (၁၁-၉-၂၀၂၁) နေ့မှ (၁၃-၉-၂၀၂၁) နေ့ အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်မည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

ပြည်ပနိုင်ငံအသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ခဲ့ကြသော မြန်မာနိုင်ငံသားများ နိုင်ငံအတွင်းသို့ နေ့စဉ်ပြန်လည်ဝင်ရောက်နေကြသည်ကို တွေ့နေရသည်။ အထူးသဖြင့် အလုပ်အကိုင်များ လုပ်ကိုင်ရန်အတွက် သွားရောက်ခဲ့ကြသူများဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာသောအခါ နိုင်ငံသားများ မွေးရပ်မြေနိုင်ငံသို့ပြန်လိုကြသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒများပြည့်ဝခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2021

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ထည့်သွင်းချမှတ်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ဩဂုတ် ၁၄ ရက်နေ့တွင် အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန် မြို့ပတ်ရထားတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၆ ဦးအား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ လက်နက် ၄ လက်နှင့်ခဲယမ်းအချို့ကို ယူဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ဩဂုတ် ၁၄ ရက်နေ့တွင် အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန် မြို့ပတ် ရထားတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၆ ဦးအား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်၍ လက်နက် ၄ လက်နှင့်ခဲယမ်းအချို့ကို ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်