Skip to main content

Sep 11, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့်အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်း၊ ရွှေဟော် (ဝဲပုံ)၊ မြဝတီနှင့် တာချီ လိတ် ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီခြောက်ခုမှ ယာဉ်စီးရေအစီး ၂၀ ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် ၁၉ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၂၁၆၁ ခု၊ Oxygen Plant ၅ခု၊ Oxygen Generator တစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၂၁၃ နှင့် နှာခေါင်းစည်း (Mask) ၁၀၈ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant ငါးခုမှာ ရန်ကုန် မြို့သို့ သုံးခု၊ တာချီလိတ်နှင့်မော်လမြိုင်မြို့တို့သို့ တစ်ခုစီဖြစ် ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် အာဆီယံ - ကိုရီးယားဗဟိုဌာနနှင့် ကိုရီးယားနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းက “Rebooting Digital Marketing for Tourism” ခေါင်းစဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် Online Live Streaming စနစ်ဖြင့် ကျင်းပသည့် အာဆီယံ- ကိုရီးယား ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ (Seminar on ASEAN-Korea Tourism 2021)ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် စက်တင်ဘာ ၁၀ မှ ၁၃ ရက်အထိ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် တက်ရောက် သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေအနေအမျိုးမျိုးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်စွက်ရေးနှင့် အခက်အခဲများ ဖြည့်ဆည်းပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် စက်တင်ဘာ ၉ ရက်တွင် လည်းကောင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့နှင့် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ စက်တင်ဘာ ၉ ရက်တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီ ပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက် ပြီးစီးမှုများ၊ ဟိုတယ်တည်ဆောက်မှုနှင့် ကျူးကျော်နေအိမ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

Coronavirus Disease 2019 (COVID-19) copolကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ သို့ အလှူငွေနှင့် Oxygen Concentratorများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန covID-19 Central Command Center တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနဧည့်ခန်း၌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ဗဟိုဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

(၁၃)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေး ဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် video conference စနစ်ဖြင့် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ယခုအခါတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားအား နှောင့်ယှက်ပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH က ဖြစ်ပေါ် လာသော NUG နှင့် ၎င်းတို့ဖွဲ့စည်းထားသော PDF တို့နှင့်လက်အောက်ခံ အဆက်အနွယ် အကြမ်းဖက်သမားတို့က နိုင်ငံတစ်ဝန်းတွင် အများပြည်သူဆိုင်ရာ တို့ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း စသည်တို့ကို ကျူးလွန်ရန်အတွက် မြို့ပေါ်တွင် ပုန်းရှောင်၊ ခိုအောင်းရန်နှင့် အကြမ်းဖက်မှု ပြုလုပ်ရန် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်း အသုံးပြုကြသည်ကို တွေ့ရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ရှေးဦးပြုစုခြင်းဟူသည် မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ ရောဂါတစ်စုံတစ်ရာကြောင့် ဖြစ်စေ လတ်တလောပြုစုစောင့်ရှောက်ပေးရန် လိုအပ်နေသော လူနာကို ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်ထံမရောက်မီ အရေးပေါ်ပြုစု စောင့်ရှောက်ပေးခြင်းဖြစ်သည်။ ပြုစုစောင့်ရှောက်ပေး သူသည် ဆရာဝန်မဟုတ်သော်လည်း ရှေးဦးပြုစုခြင်းအတတ်ပညာကို သင်ကြားတတ်မြောက် ထားသူဖြစ်ပြီး လူနာကို အခြေအနေ ပိုမိုဆိုးရွားမသွားစေရန်၊ ဝေဒနာခံစားနေရမှု လျော့ပါး သက်သာနိုင်စေရန် ပြုစုပေးနိုင်သလို တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုပင် ကယ်ဆယ် နိုင်ကြသည်။ လူနာကို ဆရာဝန်ထံ လွှဲအပ်မပေးနိုင်သေးမီတွင် လိုအပ်သလို ပြုစုပေးရသည့် အတွက် လက်တွေ့သင်ကြားလေ့ကျင့်ကျွမ်းကျင်ထားရန် လိုအပ်သော အတတ်ပညာဖြစ်ရာ ရှေးဦး ပြုစုခြင်းအတတ်ပညာကို လူတိုင်းသင်ကြားထားရန်လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ(နေပြည်တော်)နှင့် ဘူတာ ကြီးတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ဒေသထွက်ကုန် မျှစ်ခြောက် ထုတ်လုပ်မှု၊ ဝါးကုန်ကြမ်းကို တန်ဖိုးမြင့်ထုတ်ကုန် လက်မှုထည်အဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ဝိုင်ချက်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

ဘော်စဲခိုနယ်မြေရှိ တပ်မတော်စခန်းနှစ်ခုကို KNDO၊ KNLA အဖွဲများက စက်တင်ဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Mizzima မီဒီယာမှ လှုဆော်ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

ကလေးမြိုနယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲဝင်များသည် စက်တင်ဘာ လ ၉ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ ချိန်တွင် ဂန့်ဂေါ-ကလေးကားလမ်းအတိုင်း ချီတက်ပြီး နယ်မြေတည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် မြင်သာကျေးရွာအဝင်၌ PDF အကြမ်းဖက်သမား ၅၀ ခန့်က လက်နက်ငယ်၊ တူမီးသေနတ်၊ တစ်လုံးထိုးသေနတ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်သမားများ အရှေ့ဘက်သို ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2021

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး (၁၈/၂၀၂၁) ကို ယနေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်