Skip to main content

Sep 12, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ ဒေသတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ ကျေးရွာအုပ်စုချင်း ဆက်သွယ်ထားသည့် မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် NUG ၊ CRPH ၊ PDF အဖွဲ့များနှင့် အစွန်း ရောက် NLD ပါတီဝင်များသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူလူထုဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်စေရန် CDM လှုပ်ရှားမှုများအား ကြိုးကိုင်စီစဉ်ခြင်း၊ အုပ်ချုပ်မှုယန္တရားများ ရပ်ဆိုင်းစေရန် အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်စေခြင်း၊ “ ငါနဲ့မတူ - ငါ့ရန်သူ ” အယူအဆဖြင့် NLD ပါတီအား မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား အခကြေးငွေပေး၍ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်စေခြင်းနှင့် မကြာမီကျင်းပ တော့မည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂညီလာခံနှင့် အချိန်ကိုက်၍ နိုင်ငံအနှံ့ တည်ငြိမ်မှုပျက်ပြားပြီး ပြည်တွင်းစစ် ဖြစ်သယောင် ပုံဖော်ရန် အချို့မြို့ရွာများတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ အဓိကထုတ်ကုန်များသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ ဖြစ်သည်။ ပြည်သူလူထု၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ယင်းလုပ်ငန်းများနှင့်ဆက်နွယ်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အကယ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ် အဆင့်မြှင့်တင်နိုင်ပါက နိုင်ငံတစ်ဝန်း လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2021

အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG က စက်တင်ဘာလ ၇ ရက်နေ့တွင် အရေးပေါ်ကြေညာချက်ဟုဆိုသည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် အကြမ်းဖက် အဖွဲ့ဖြစ်သည့် PDF ကလည်း ၎င်း၏ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်လာခဲ့သည်။ ထုတ်ပြန်ချက်တွင် ပါရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိက ထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ရန်၊ အုပ်ချုပ်ရေးမှူးများ အလုပ်မှ ချက်ချင်းနုတ်ထွက်ရန်၊ ပြည်သူများမလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ရန်နှင့် ဝန်ထမ်းများ ရုံးမတက်ရန်ဟူသော အချက်များက အများပြည်သူနေထိုင်ရာ ရပ်ရွာများနှင့် စစ်ရေး၊ နိုင်ငံရေးတို့နှင့် နီးစပ်မှုမရှိသည့် သာမန်ပြည်သူများကို ထိတ်လန့် ချောက်ချားစေရန်အတွက် အဓမ္မခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ အုပ်စု၊ ပန်ကုလား(ဟွေဖြန်း)ကျေးရွာနေ

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ တက္ကသိုလ်လမ်းတွင် မခေါန်မိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် စခန်း (၄)ခု တို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ (၁၆)ခု မှ ယာဉ်စီးရေ (၂၄)စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီးဖြင့် (၄၀) တန်၊ Storage Container/ Tank (၁) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၁)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၂၃၃၀)ခု၊ Oxygen Plant (၄)ခု၊ Oxygen Generator(၆)ခု၊ အိမ်သုံး Oxygen Concentrator (၁)ခု နှင့် နှာခေါင်းစည်း (Mask) (၄၅)တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ် (၂)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၄)ခု မှာ ရန်ကုန်မြို့သို့ (၃)ခုနှင့် တန့်ယန်းမြို့သို့(၁)ခုတို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် စက်တင်ဘာ ၉ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၆) စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက်တွင် ညောင်ဦးမြို့၊ မဟာဝိသုတာရာမတိုက်သစ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာသီရိ ထံမှ ငါးပါးသီလခံယူပြီး နဝကမ္မ အလှူငွေကျပ်သိန်း (၅၀)နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းလျှောက်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာနေ ဒေါ်ခင်မာဌေး (၄၀ နှစ်)နှင့် သမီးဖြစ်သူ မစန္ဒီဖြိုးတို့ နှစ်ဦး အိမ်ရှေ့တွင် ထိုင်နေစဉ် တစ်ရွာတည်းနေထိုင်သူ ညီကျော် ၃၀ နှစ်(ဘ)ဦးမြတ်အေး မှ သေနတ် အမျိုးအစား (စိစစ်ဆဲ)ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ပြီး ရွာအရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပရာ ရန်ကုန်မြို့တော် ဘဏ်လီမိတက် နာယက၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်ဘဏ်ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဒါရိုက်တာများ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာများ၊ ဥပဒေအကြံပေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ သဗ္ဗညု ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် ဆွမ်းဆန်တော် ၂၁ အိတ်၊ ဆီ ၆၆ ပိဿာခွဲ၊ ကုလားပဲ ၁၃၃ ပိဿာတို့ကို လှူဒါန်းရာ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးလင်းအောင်မိုး၊ မိုင်းဆတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ရှိသူများ တက်ရောက် လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် သီရိရတနာ အဆင့်မြင့်ဈေးဆိုင်ခန်းများ ပတ်ဝန်းကျင် လမ်းဘေး ဝဲ/ယာ မြက်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့ရှိ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရွှေချီရပ်ကွက် အ.ထ.က(၁)အနီး လမ်းဘေးတစ်လျှောက် စည်းကမ်းမဲ့အမှိုက်များ စနစ်တကျ စွန့်ပစ်သိမ်းဆည်းနိုင်ရန် အလျားပေ(၂၀)၊ အနံ(၈)ပေနှင့် အမြင့် (၅)ပေ အရွယ်အစားရှိ အမှိုက်ကန်ထားရှိမည့်နေရာတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူများက အကြမ်းဖက်ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများ ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်