Skip to main content

Sep 08, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ကရုဏာ လမ်းဆုံ၌ စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပစ်ခတ်ဖောက်ခွဲသူ ၂ ဦးအား အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာ ရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူ ဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း ယနေ့နေ့လယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကြီး-ရွှေညောင်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၁၂ / ၂ )တွင် သစ်ပင်ကြီး များလဲ ကျခဲ့ပြီး မိုင်တိုင်အမှတ် (၁၁၁/ ၅)တွင် တောင်ကမ်းပါးယံရှိ မြေကြီးများပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့ခြင်း များ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၄၆ ဦး၊ စုစုပေါင်း ၉၇ ဦးနှင့် ရန်လုံကျိုင်း တံတားမှ အမျိုးသား ၂ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည် နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၀၆ ဦး၊ စုစုပေါင်း ၂၀၂ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (11th Mekong-Korea Cooperation Foreign Ministers Meeting)သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၁၅)ကို စက်တင်ဘာ(၁၀)ရက်၊ သောကြာနေ့ ည(၈)နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့် ပြသမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organisation of Supreme Audit Institutions: ASOSAI) ၏ (၁၅) ကြိမ်မြောက် စုံညီ ညီလာခံကို စက်တင်ဘာ (၇) ရက်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ASOSAI ၏ (၈) ကြိမ်မြောက်စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရဓါတ်ပြည့်ဝသည့် အသားရိက္ခာဖူလုံစွာ စားသုံးနိုင်ရေး အတွက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မျိုးထိန်းခြင်း မျိုးသန့်မျိုးပွားပေးခြင်းနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်တာဆီးရေးလုပ်ငန်း များအပြင် သန့်ရှင်းလတ်ဆတ်သော အသားများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ပြည်တွင်းစားသုံးသူများ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီ စားသုံးနိုင်ရန်နှင့် ဖူလုံရန်၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ် လျှောက်ရှိ ပါဝင်ပတ်သက်နေသူများ အားလုံးတွေ့ကြုံနေရသည့် အခက်အခဲများအား ဝိုင်းဝန်း ဖြေရှင်း သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဗုဒ္ဓဟူးနေ့ စကားဝိုင်းအစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ၏ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေး(Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များ ဆွေးနွေးခြင်းဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက် များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ၈-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မြဝတီနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း (၅) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၅) ခုမှ ယာဉ်စီးရေ (၂၈) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီး ဖြင့်(၄၁)တန်၊ Oxygen Storage Container/ Tank (၂)ခု ၊ အောက်ဆီဂျင် (အိုးခွံ) (၃၅၀၆) ခု၊ Oxygen Plant (၁)ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator (၁၆၀၈) ခု၊ Test Kit အခု (၇၅၀၀) ၊ PPE ဝတ်စုံ (၃၁၆၀၀) နှင့် နှာခေါင်းစည်း (Mask) (၃၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂)စီးမှာ ရန်ကုန်မြို့ နှင့်မုံရွာမြို့သို့(၁)စီးစီဖြစ်ပြီး Oxygen Plant(၁)ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းမှု လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ခြောက်ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်နက်လေးလက်နှင့် ခဲယမ်းအချို့ကို အကြမ်းဖက်လက်နက် ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါ လုပ်ကြံသတ်ဖြတ်မှုတွင် စီစဉ်ပါဝင်ခဲ့သူ မမြတ်ဖြိုးပွင့်၏ ဝန်ခံပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီက ပင်လောင်း-နေပြည်တော်သွား ကားလမ်းလိန်းလီကြိုး တံတားအနီး၌ ဇော်မျိုးသန့် မောင်းနှင်ပြီး ဇနီး မနီလာထွေး လိုက်ပါလာသည့် HARRIER အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်း၊ ဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်း များအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၂၂ ခုမှ

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ပထမထပ် စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2021

သဲကုန်းမြို့နယ် ဆင်တဲကုန်းကျေးရွာနေ အုန်းဟန်(၃၇ နှစ်) ပိုင်ဆိုင် သည့် ကြက်မွေးမြူရေးခြံအတွင်း စက်တင်ဘာ ၆ ရက် ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လက်လုပ်ရီမုမိုင်း စမ်းသပ်ပြုလုပ်စဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သဲကုန်းမြို့နယ် အုတ်ဆွဲကျေးရွာနေ ရန်ကျော်(၂၄ နှစ်)မှာ နေရာတွင်ပင်သေဆုံးခဲ့ကာ ၎င်းနှင့်အတူ မိုင်း စမ်းသပ်ရာတွင်ပါဝင်သူ ကြက်မွေးမြူရေးခြံပိုင်ရှင် အုန်းဟန်နှင့် လိပ်ပြာသိန်းသောင်းကျေးရွာနေ ဇင်လင်းထက်(၂၄ နှစ်)တို့မှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်