Sep 14, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့် ပြုပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် မြဝတီကုန်သွယ်ရေးစခန်း (၄) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၁) ခုမှ ယာဉ်စီးရေ (၂၄) စီးဖြင့် အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီး (၃၉) တန်၊ အောက်ဆီဂျင် (အိုးခွံ) အခု(၂၇၉၀) ၊ Oxygen Plant (၆၈) ခု၊ အိမ်သုံး Oxygen Concentrator (၃၁၈) ခု၊ Tesk Kit အခု(၅၀၂၄၀)၊ PPE ဝတ်စုံ (၇၃၀၀)၊ လက်အိပ် (၂၉) တန် နှင့် နှာခေါင်းစည်း (Mask) (၆၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် (၂) စီးမှာ ရန်ကုန် မြို့သို့ဖြစ်ပြီး၊ Oxygen Plant (၆၈) ခုမှာ ရန်ကုန် မြို့သို့ (၆၄)ခု၊ မန္တလေးမြို့၊ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့နှင့် မိုးကောင်းမြို့တို့ သို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။
Sep 14, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Sep 14, 2021
ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ မြန်မာကျပ်ငွေ ၄ ဘီလီယံခန့်အား ဘူးလယ်အင်း ကျေးရွာအနီး ကားလမ်းမပေါ်တွင် PDF အကြမ်းဖက် အဖွဲ့တို့က လုယက်သွားမှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်ကြိုးပမ်းမှုဖြင့် တရားခံများ အား ၉ နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုဖြစ်စဉ်တွင် ပြန်လည်သိမ်းဆည်းရမိသည့် ငွေစက္ကူများအား စစ်ဆေးရေးဘုတ်အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၃၈၈၅၀ ကျပ် ဖြစ်ကြောင်း သိရှိရသည်။
Sep 14, 2021
မကွေးမြို့နယ်၊ မင်းကံကြီးရပ်ကွက်၊ တက္ကသိုလ်လမ်းရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ဖွင့်လှစ်ထားသည့် ပွားကြီးကွမ်းယာဆိုင်၌ ယနေ့ နံနက် ၈ နာရီခန့်တွင် ဒေသန္တရရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
Sep 14, 2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူး ဦးစီး၍ ယာဉ်မောင်း ဦးစောနီကိုလတ်တို့ ၂ ဦးသည် Toyota Hiace ယာဉ်အမှတ်၊ 6J-7941 ဖြင့် လည်းကောင်း၊ ရုံးအကူ ဦးဝင်းလွင်မြင့် ၊ လုံခြုံရေး ချစ်စမ်းမောင် နှင့် ယာဉ်မောင်း မျိုးကျော်သူတို့ ၃ ဦးသည် Toyota Hiace ယာဉ်အမှတ်၊ 1P-2919 ဖြင့် လည်းကောင်း ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံအား ယာဉ် ၂ စီးပေါ်သို့ ခွဲဝေတင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ပြန်လည် ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅)၊ နေရာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ ၁ ဦး၊ ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်ဆင်၍ (အမျိုးအစား စိစစ်ဆဲ) လက်နက်ငယ် ၂ လက် ကိုင်ဆောင်ထားသူ ၂ ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ ၄ ဦး၊ ပေါင်း ၇ ဦးတို့မှ ယာဉ် ၂ စီး အား တားဆီးကာ ဘဏ်ဝန်ထမ်း ၅ ဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိပ်အမဲဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း ၃ လုံးအား တရားခံများ စီးနင်းလာ သည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
Sep 14, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၂ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၈ ဦး တို့ကို လက်ခံ ခဲ့ကြသည်။
Sep 14, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း မပျက်ယွင်းရ အောင် တာဝန်ယူဦးဆောင်ဦးရွက်ပြုခဲ့ တာ ခုနစ်လတာပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
Sep 14, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊
Sep 14, 2021
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု သိသိသာသာ လျော့နည်းကျဆင်းလာလျက်ရှိရာ ယခုရက်ပိုင်းတွင် ၈ ရာခိုင်နှုန်း သို့ ရောက်ရှိလာသည်။ သို့ရာတွင် ဤအခြေအနေသည် စိတ်ချ ရသည့် အခြေအနေမဟုတ်သေးဘဲ ၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိမှသာ စိတ်ချရမည်ဖြစ်ရာ လက်တစ်ကမ်း မျှသာ ကျန်တော့သည့်
Sep 14, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် အထူးလိုအပ်သည်မှာ ငြိမ်းချမ်းရေး ဖြစ်သည်။ လွတ်လပ်ရေး နှင့်အတူ ပေါ်ပေါက်လာသော သဘောထားအမြင်ကွဲပြား မှုများကြောင့် မငြိမ်းချမ်းသောအခြေအနေများမှာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီ ဖြစ်သည်။ ရလဒ်မှာ မငြိမ်းချမ်းသော ဒေသများတွင် မဖွံ့ဖြိုးသောအကျိုးဆက်များ
Sep 14, 2021
အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် (၇)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပရာ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
Sep 14, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန်
Sep 14, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) စစ်လက်ရုံးရွေးချယ် ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၃-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Sep 13, 2021
(၁၃-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Sep 13, 2021
(၂၀) ကြိမ်မြောက် အာဆီယံ - တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ -ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် မဲခေါင် - ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး
Sep 13, 2021
ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရဓါတ် ပြည့်ဝစွာစားသုံးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးဧရိယာ တိုးချဲ့ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးရေးဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ရိတ်သိမ်းပြီး နောက်ပိုင်း ကာလ လုပ်ငန်းစဉ်များ၌ ဖြစ်ပေါ်လျက်ရှိသည့် လေလွင့်ဆုံးရှုံးမှုများ
Sep 13, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း၌ တိုင်းဒေသကြီးအတွင်းရှိ သစ်တောနှင့် သတ္တုကဏ္ဍတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။
Sep 13, 2021
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး သည် ဂျပန်နိုင်ငံရှိ ကျူရှူးတက္ကသိုလ်၊ ကိုဘေးတက္ကသိုလ်နှင့် နာဂိုရာတက္ကသိုလ်များသို့ ပညာသင် သွားရောက်မည့် ဥပဒေအရာရှိများအား Online စနစ်ဖြင့် လမ်းညွှန်အမှာစကား ပြောကြား သည်။
Sep 13, 2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG ၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကိုပါ ပျက်ပြားစေရန် အကြမ်းဖက် တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
