Skip to main content

Aug 12, 2021

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဖက်စပ် ဆောင်ရွက် လျက်ရှိသော ပုလဲမွေးမြူ ထုတ်လုပ်ရေးကုမ္ပဏီ၏ ဖော်ယူပြီးသောပုလဲများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ နေပြည်တော်သို့ မြန်မာလေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် သယ်ယူ၍ တန်ဖိုးဖြတ်ခြင်းနှင့် အချိုးကျခွဲဝေခြင်းကို ယနေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်မျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပရာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် စစ်ဆေးကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ဦးညီပုနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အညီ လိုအပ်သလို စုံစမ်း စစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း ၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လည်း လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်      Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်း ပွဲတစ်ရပ်ကို ၁၀-၈-၂၀၂၁ ရက်တွင် နယူးယောက် စံတော်ချိန် ၁၀ ၀၀ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်။ 

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ နှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်း ပွဲတစ်ရပ်ကို ၁၀-၈-၂၀၂၁ ရက်တွင် နယူးယောက် စံတော်ချိန် ၁၀ ၀၀ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့မှု အပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

အကြမ်းဖက်သူများသည် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသော အစွန်းရောက် အကြမ်းဖက်လိုသူများ၏ မြှောက်ပင့် သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ကာ ၎င်းတို့နှင့်နည်းတူ အကြမ်းဖက်မှု လုပ်ရပ်များကိုလိုက်ပါ လုပ်ဆောင်ခြင်းမပြုဘဲ အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏ စွဲကာ ရက်စက်ယုတ်မာစွာဖြင့် ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံ တရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသော တာဝန်သိ ကျေးရွာသားများအား အကြမ်းဖက်သူများက ဖမ်းဆီးတုတ်နှောင်ပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေး နှင့် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲ ဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ဇူလိုင်လကုန် နံနက်ခင်းသည် မိုးစက်ပွင့်တို့ဖြင့် အလှဆင်ထားသည်။ ရပ်ကွက်ရုံးအချို့၊ စုရပ်အချို့တွင် အသက် ၆၅ နှစ်အထက် အဘိုး၊ အဘွားတို့က စောင့်ဆိုင်းနေကြပြီ။ အများအကျိုး၊ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုးအတွက် စေတနာထားထမ်းရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ရဟန်း၊ သီလရှင်၊ ဘာသာရေးအဖွဲ့အသီးသီးမှ ပုဂ္ဂိုလ်များကလည်း ရောက်ရှိနေကြသည်။ “ခါးလေးထောက်ပေးပါ ခင်ဗျာ” ဟူသော ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်း၏စကားအဆုံးတွင် အဘိုး၊ အဘွားတို့ ငြိမ်သက်စွာကာကွယ်ဆေးထိုးနှံရန် အသင့်ဖြစ်နေကြပါပြီ။ ။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၂ /၂၀၂၁ ၊ ၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် (၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)အား ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံတကာ စနစ်များနှင့်လျော်ညီစွာ မိမိတို့နိုင်ငံလက်တွေ့ အခြေအနေများနှင့် ကိုက်ညီမှုရှိစေရေး ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ( ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ဘရူနိုင်းနိုင်ငံက လက်ခံကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (15၏ ANCM) ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်း လာစေရန်အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူများအသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေး အတွက်လည်းကောင်း “ကိုဗစ်-၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများကိုပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

“မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅သန်းခန့်ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကြောင်း၊ ထို့ကြောင့် ဗုဒ္ဓအဆုံးအမ၏ ယဉ်ကျေးမှုအောက်တွင် မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာ များစွာရှိကြောင်း၊ ရှေးရိုးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အမျိုးသားရေးစရိုက်လက္ခဏာ (National Characteristics)ကို ပထမဆုံး ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် အရေးကြီးကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)တွင်ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2021

လူကုန်ကူးမှုသည် လူအချင်းချင်း စာနာထောက်ထားမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် ရာဇဝတ်မှုဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ စီးပွားရေးနိမ့်ကျမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်ဖြစ်သည်။ ထို့ပြင် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြရာမှဖြစ်စေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာရာမှဖြစ်စေ လူကုန်ကူးခံကြရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်