Skip to main content

Aug 17, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ အား ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆန်ဆိုင်း (က)ရပ်ကွက်၊ နမ့်ခေါင်းချောင်းပေါ်ရှိ ကွန်ကရစ်ရေကျော်တံတားသည် အမှိုက်များ ပိတ်ဆို့၍ ရေလျှံမှုဖြစ်ပေါ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များ ရှင်းလင်းဖယ်ရှားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ဖီဂျီသမ္မတနိုင်ငံသည် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း မီလန်နီးရှားဒေသတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖီဂျီသမ္မတနိုင်ငံသည် ၁၈၂၇၄ စတုရန်းကီလိုမီတာ အကျယ်အဝန်း ရှိပါသည်။ ကျွန်းစုပေါင်း ၃၀၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၁၀ တွင် အမြဲတမ်း လူနေထိုင်ကြသည်။ အဓိကကျွန်း နှစ်ခုဖြစ်သော ဗီတီလီဗူးနှင့် ဗန္ဒာလီဗူးတွင် လူဦး ရေစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကျော် နေထိုင်ကြသည်။ မြို့တော်မှာ ဗီတီလီဗူးကျွန်းတွင် တည်ရှိသော ဆူးဗားမြို့ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးကောက်ယူရရှိသည့် အချက်အလက် များအပေါ် အခြေခံတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏လူဦးရေမှာ ကိုးသိန်းကျော်ခန့်ရှိသည်။ အနီးဆုံး အိမ်နီးချင်းနိုင်ငံများမှာ အနောက်ဘက်တွင် ဗနွားတူနိုင်ငံ၊ အနောက် တောင်ဘက်တွင် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဘက်တွင် နယူးဇီလန်၏ ကာမာဒက် ကျွန်းများ၊ အရှေ့ဘက်တွင် တုံဂါနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဆမိုးအားနိုင်ငံ၊ ပြင်သစ်၏ ဝေါလစ်နှင့် ဖူကျူးနား၊ မြောက်ဘက်တွင် တူဗားလူနိုင်ငံတို့ ဖြစ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အစည်း အဝေးခန်းမ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း အသီးသီး ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

မြန်မာနိုင်ငံသည် ရေခံမြေခံ၊ သယံဇာတ၊ သဘာဝအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံဖြစ်သည်။ စက်မှုနှင့် နည်းပညာမထွန်းကားသော်လည်း စိုက်ပျိုးထုတ်ကုန်များ အလျှံပယ်ပေါများသည့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ တစ်ချိန်သောအခါက မြန်မာနိုင်ငံ၏ စိုက်ပျိုးသီးနှံထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ ထိပ်တန်းမှ တင်ပို့နိုင်သော နိုင်ငံဖြစ်၍ နိုင်ငံခြားဝင်ငွေ များစွာရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားရန်ဟူသော လုပ်ငန်းစဉ် (၂) ရပ် ပါရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပြီး ကပ်ရောဂါကို နိုင်နိုင်နင်းနင်း ထိန်းချုပ်လာနိုင်ပြီဖြစ်သည့် အခြေအနေ ရောက်ရှိလာသည်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ် လာနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး လုပ်ငန်းများကို အများပြည်သူ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ကာ ရရှိလာသည့်အောင်မြင်မှုအရှိန်အဟုန်ကို ဆက်လက် မြှင့်တင်သွားကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် - 

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်သမဝါယမကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများ၊ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်၍ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

နိုင်ငံသားများ ပညာတတ်များ ဖြစ်လာစေရေး၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများလာစေရေး အတွက် မိမိတို့၏ စွမ်းအားများကို စေတနာနှင့် ပေါင်းစပ်၍ ဆောင်ရွက်လျှင် မုချ အောင်မြင်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများသည် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်များ Online မှတစ်ဆင့် လျှောက်ထား အတည်ပြု ထုတ်ပေးနိုင်ရေးအတွက် “Enchanting Myanmar Health and Safety Protocol” Website ကို လွှင့်တင်ထားပြီးဖြစ်ပါကြောင်း ယနေ့နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး နီလာခန်းမတွင် ကျင်းပသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ နမ့်ဖာဟော်တံတားမှ အမျိုးသမီး ၄ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်း တံတားမှ အမျိုးသား ၂ ဦးကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၀၁ ဦး၊ စုစုပေါင်း ၂၀၇ ဦးကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်