Aug 11, 2021
“ကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်ဆိုသော်လည်း စိတ်ချရသည့်အနေအထားတွင် မရှိသေးကြောင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းကို ယခု သြဂုတ်လတွင် တစ်ဝက်၊ ခေါက်ချိုးကျသည်အထိဆွဲချနိုင်ရေး ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယခင်က ၄၀၀၀ ခန့်ဖြစ်ပွားမှုကို ၂၀၀၀ အထိ လျော့ကျနိုင်ရေး လုပ်ဆောင် သွားမည်ဖြစ်ပြီး နောက်လများတွင် ထိုထက်ပိုမို ကျဆင်းအောင် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
Aug 11, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ (၆) လ ပြည့်လွန်ခဲ့ပြီဖြစ်သည်။ ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ၍ ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်မည့်ခရီးလမ်းတွင် နိုင်ငံ့အာဏာကို မမှန်မကန် ရယူရန်ကြိုးပမ်းမှုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။ အာဏာရပါတီနှင့် အစိုးရတို့က အာဏာနှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ကာ တစ်ပါတီတည်း ကြီးစိုးရေး လုပ်ဆောင်မှုသည် နိုင်ငံကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှ တိမ်းစောင်းသွားစေသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် သန့်ရှင်းခြင်း တို့နှင့်စပ်လျဉ်း၍ ဖြေရှင်းပေးနိုင်ခြင်းမရှိသော မဲရလဒ်ဖြင့် လွှတ်တော်ကို ဇွတ်ခေါ်ရန် ကြိုးပမ်းခြင်းကြောင့် စစ်မှန်၍ တရားမျှက သန့်ရှင်းသော ဒီမိုကရေစီကို ဖော်ဆောင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
Aug 10, 2021
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံဝန်ကြီးဌာန (၁၁) ခုမှ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်းများအတွက် ရန်ပုံငွေလွှဲ ပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုးသည်။
Aug 10, 2021
(၉-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၄၅၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄,၄၃၄) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၃,၂၈၄,၂၃၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၃၇,၅၆၁) ဦး ရှိပြီဖြစ်ပါသည်။
Aug 10, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ညီနောင်အသင်းအဖွဲ့များက ယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း များ ပြန်လည်ရှင်သန်ရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနိုင်ပါကြောင်း၊ သို့ရာ တွင် ရရှိလာသည့်အခွင့်အရေးများကို လက်လွတ်မှုမရှိအောင် ရယူဆောင်ရွက်ခြင်းနှင့် အခက် အခဲများကို ဝိုင်းဝန်းလက်တွဲ ဖြေရှင်းခြင်းဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို Online စနစ်ဖြင့်တွေ့ဆုံစဉ် ပြောကြား သည်။
Aug 10, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Aug 10, 2021
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။
Aug 10, 2021
မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန အနေဖြင့် မဟာဗျူဟာ စီမံချက်ပါ ငွေကြေးအထောက်အပံ့ပေးရေး လုပ်ငန်း အစီအစဉ်များ အနက် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ ပေးရေး အစီအစဉ် (MCCT) အစီအစဉ်(၂)ရပ်ကို ပုံမှန်အစီအစဉ်များအနေဖြင့် အကောင်အထည် ဖော်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က ပြောကြားသည်။
Aug 10, 2021
ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်း လျော့ကျလာသည့် -လက္ခဏာများကိုတွေ့ရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင် -ရောဂါကူးစက်မှုများပြားသည့် မြို့နယ်များတွင် အသွားအလာ -ကန့်သတ်မှုနှင့် နေအိမ်တွင်သာ နေထိုင်သည့် အစီအစဉ်ကို ချမှတ်ခြင်း၏ အကျိုးဆက်ဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ခုခံအားလျော့နည်းကျဆင်းသည့် ရောဂါကဲ့သို့ပင် လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းများအကြားကာလရှည်ကြာစွာ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက ယူဆထားကြရာ မိကိုယ်ကို ရောဂါကူး စက်မှုမခံရစေရေးအတွက်သတိထား၍ ကာကွယ်ကြရတော့မည်ဖြစ်သည်။ နေမှုထိုင်မှုသွားမှု လာမှုလှုပ်ရှားမှုအားလုံတွင် မမြင်မတွေ့နိုင်သော်လည်း အန္တရာယ်ကြီးမားလှသည့် ကိုဗင် ရောဂါပိုးကို သတိကြီးကြီးထားကာ ရှောင်ရှားကြရမည်ဖြစ်သည်။
Aug 10, 2021
လက်ရှိကာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ယခင်ထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည်ကို တွေ့ရပြီး အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ ရောဂါဖြစ်ပွားနှုန်း တန်းနေခြင်းမျိုးကို တွေ့ရှိနေရသည်။ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးကို မနားမနေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်း ကိုယ့်နည်းကိုယ့်ဟန်တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
Aug 09, 2021
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ပြည်သူ့ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Aug 09, 2021
လက်ရှိအခြေအနေများအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျသွားသော်လည်း ပေါ့ဆစွာဖြင့် နေထိုင်သွားလာလုပ်ဆောင်မှုများကို မလုပ်ဆောင်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို မေ့လျော့မသွားကြစေလိုဘဲ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Aug 09, 2021
ချင်းပြည်နယ်အတွင်း ဒေသဝမ်းစာစပါးဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အ ထည်ဖော်ဆောင်ရွက် သွားနိုင်ရေးအတွက် သြဂုတ် ၉ ရက် မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ်၏ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Aug 09, 2021
ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလအတွင်း စားသုံး သူပြည်သူများ အခြေခံစားကုန်များကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်း ချမှုမရှိစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များ၏ ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုအ ခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန် ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည် ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
Aug 09, 2021
အများပြည်သူ အလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို ဇူလိုင်(၁၇)ရက်မှစ၍ ဩဂုတ် (၁၅)ရက်အထိ တိုးမြှင့် သတ်မှတ်ပေးခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အဆိုပါရက်ရှည် ရုံးပိတ်ရက်ကာလများအတွင်း ပင်လယ်ပြင် ငါးဖမ်းဆီးခြင်း လုပ်ငန်းနှင့် ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုလုပ်ငန်းများ အရှိန် အဟုန်မပျက် ဆက်လက် လုပ်ငန်း လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ရုံးလုပ်ငန်းကိစ္စရပ်များကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 09, 2021
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလို အပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 09, 2021
သမဝါမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့ နံနက် ပိုင်းက တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ IPRCCတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင် ရွက်ခဲ့သည့် “ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်း” အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 09, 2021
လတ်တလော ကိုဗစ်-၁၉ ကုသကာကွယ်ဆေးထိုးတဲ့နေရာတွေကို ဗုံးခွဲတိုက်ခိုက်တာ၊ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးဆိုင်ရာတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေကို ကြားနေရပါတယ်။
Aug 09, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
