Aug 15, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေလင်ပန်းတောင် မနှင်းဆီ တောရဘုန်းတော်ကြီး ကျောင်းနှင့် ဖိတ်ဖိတ်ရောင် ဓမ္မ လင်္ကာရသာယာကုန်း ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက် ၍ ကျောင်းတိုက်များရှိ ဝါဆို သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။
Aug 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်စတင်ယူသည့်အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် နောက်ဆက်တွဲ လူမှုစီးပွားအခက်အခဲများကို အစွမ်းကုန် ဖိဖိစီးစီး ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှုကို လွှမ်းခြုံကာကွယ်ထိန်းချုပ်ပေးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်တွေ့ဆုံ၍ ရောဂါကူးစက် ပြန့်ပွားမှုကျဆင်းစေရန် လမ်းညွှန်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 15, 2021
စိုးရိမ်စိတ်ဖြင့် ထွက်ပြေးတိမ်းရှောင်ကြသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရေး ဖိတ်ခေါ်လျက်ရှိသည်။ တိမ်းရှောင်နေ ကြသူများအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ မိဘဆွေမျိုးသားချင်းများမှ တစ်ဆင့်ဖြစ်စေ ဆက်သွယ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိသည့် ရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ကြေညာထားခဲ့ရာ ယုံယုံကြည်ကြည်ဖြင့် ဆက်သွယ်လာကြသည်ကိုလည်း တွေ့ရသည်။ ဆက်သွယ်လာသူများနှင့် ပက်သက်သည့် မှုခင်းများကို ရဲတပ်ဖွဲ့ရှိမှုခင်းမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်ပြီး ဖြေလျှော့ပေးရမည့်အချက်များနှင့် ကိုက်ညီသူများကို အမှုများပိတ်သိမ်း ပေးနေပြီဖြစ်သည်။
Aug 14, 2021
ပြည်ပမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို စဉ်ဆက် မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 14, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Aug 14, 2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစနစ် (e-IDစနစ်) လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ဩဂုတ် ၁၃ ရက်၊ မွန်းလွဲ (၂)နာရီက နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 14, 2021
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယ လှိုင်းကာလအတွင်း မသန်စွမ်းသူတို့၏ လိုအပ်ချက်များ ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်းဖြင့် ကျင်းပသည်။
Aug 14, 2021
တိုင်းဒေသကြီး/ပြည်နယ်များ၏၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း စိစစ်ညှိနှိုင်းခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Aug 14, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ရှိ ဂီတအဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဂီတအနုပညာ ရှင်များအား ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံသည်။ တက်ရောက် တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) တွဲဖက်အတွင်းရေးမှူး (၁) ဦးသက်ဆွေ၊ အတွင်းရေးမှူး (၃) ဦးမင်းဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်သီသီမာ၊ မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်မိုးအောင်၊ မြန်မာ့ဂီတ အကျိုး စီးပွား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ စန္ဒရား ဦးသိန်းမြင့်သန်း၊ အတွင်းရေးမှူး ဦးအောင်မင်းနိုင်၊ ဘဏ္ဍာရေးမှူး (အသံပညာရှင်) အကယ်ဒမီ ဦးကြည် မင်းသိန်း၊ တေးရေး ဦးမောင်မောင်လတ်၊ ဦးမင်းယု၊ တေးဆို ဒေါ်ထား၊ ဦးသန်းမြတ်စိုး၊ တက္ကသိုလ်လဲ့လဲ့၊ ဟန်နွေငြိမ်း (ခ) ဂျင်းနီ၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား အကြံပေး ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 14, 2021
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကို ကိုလှိုင်တို့ဦးဆောင်၍ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကဇုန်၊ ဥရောပဇုန်၊ အမေရိကဇုန်နိုင်ငံများရှိ မြန်မာသံရုံးနှင့် အဖွဲ့ရုံးများမှ မြန်မာ သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များနှင့် သံရုံးအကြီးအကဲများကို လက်ရှိဖြစ်ပေါ် တိုးတက်လျက်ရှိသော နိုင်ငံရေး အခြေအနေများနှင့် ဆောင်ရွက်ချက်များအား အသိပေးရှင်းလင်းခြင်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
Aug 14, 2021
သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းရယူနိုင်ရေးနှင့် သတင်း အမှန်များ စီးဆင်းမှုမြန်ဆန် စေရေး အထောက်အကူဖြစ်စေရန် အတွက် သတင်းမီဒီယာဥပဒေ စာအုပ်များနှင့် သတင်းသမားများ အတွက် Press Helmet များ ပေးအပ်လှူဒါန်းပွဲကို ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင် ဩဂုတ် ၁၂ ရက်က ကျင်းပသည်။
Aug 14, 2021
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစတင်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်သည့် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမှုများကို ဖြေရှင်းဆောင်ရွက်နေသည်။ အဆိုပါဖြစ်စဉ်များကြောင့် ပြည်သူများ ထိခိုက်ခံစားရမှုများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်ခံစားရမှုများ ပိုမိုများပြားပေသည်။ မည်သို့ပင်ဖြစ်စေ ဖြစ်ပေါ်လာသည့် ပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်ခံစားရမှုများကို နိုင်ငံတော်က အတတ်နိုင်ဆုံး ကြိုးပမ်းဖြေရှင်း ဆောင်ရွက်ပေးနေသည်။
Aug 14, 2021
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်ထူထောင်ခဲ့သည်။ အဖွဲ့၏အခြေခံမူအဖြစ် (၁) အဖွဲ့ဝင်နိုင်ငံအားလုံးသည် အချုပ်အခြာအာဏာပိုင် တန်းတူရည်တူနိုင်ငံများ ဖြစ်ကြသည်။ (၂) အဖွဲ့ဝင်နိုင်ငံအားလုံးသည် ပဋိညာဉ်စာတမ်းကို လိုက်နာကြရမည်။ (၃) နိုင်ငံများသည် မိမိတို့၏ ကွဲပြားခြားနားချက်များကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းကြရမည်။ (၄) ကုလသမဂ္ဂသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်၊ (၅) နိုင်ငံများသည် ကုလသမဂ္ဂကို ကူညီထောက်ပံ့ရန် ကြိုးစားအားထုတ်သင့်ကြသည်ဟူသော မူ(၅) ရပ်ကို အခြေခံမူများအဖြစ် ချမှတ်ခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂကို စတင်ထူထောင်စဉ်ကပင် အဖွဲ့ဝင်နိုင်ငံများအတွင်းမှ နိုင်ငံကြီးများ ကသာ အဖွဲ့ကို လွှမ်းမိုးခဲ့သည်။
Aug 13, 2021
လက်ရှိအချိန်ကာလသည် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-Cov-2)၏ မျိုးရိုးဗီဇများ ပြောင်းလဲကူး စက်နေချိန်ဖြစ်ကာ မိမိတို့နိုင်ငံတွင်လည်း အဆိုပါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကြောင့် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကိုခံစားနေရချိန်ဖြစ်ပါသည်။ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးများ ဥပမာဒယ်လ်တာ ဗိုင်းရပ်စ် မျိုးကွဲသည် မူလကိုရိုနာဗိုင်းရပ်စ်ပိုးများနှင့် နှိုင်းယှဉ်လျှင်ကူးစက်မှုနှုန်း နှစ်ဆမှ သုံးဆအထိပိုမို၍ ကူးစက်ကာ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်သည့်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိနေရပါသည်။
