Skip to main content

Aug 20, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၆၃၅) ခု၊ Test Kit (၁၀၀၀) ၊ PPE ဝတ်စုံ (၄၄၀) နှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်)အိုး (၁) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၆၁) လုံးအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ ကော့သောင်း၊ ထီးခီး၊ ကန်ပိုက်တီ၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်(အရည်) Bowserယာဉ်(၂)စီးဖြင့် (၃၉) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၁၇) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၀ ဒသမ ၀၇) တန်၊ အောက်ဆီဂျင်အိုး(အခွံ) (၅၉၁၇)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၉၃၉) ခု၊ Covid Test Kit (၄၀၀၀) ၊ PPE ဝတ်စုံ (၈၈၁၀) နှင့် နှာခေါင်းစည်း(Mask) (၇၃) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ (၂၁) ခုမှ ယာဉ်စီးရေ (၅၀) ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဩဂုတ်လ ၁၈ ရက် ဂန့်ဂေါ - ကလေး ကားလမ်းအတိုင်းမောင်းနှင်လာသော တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် တပ်မတော်သား ၃၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာအများအပြားရ သတင်းမှာ လုပ်ကြံဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Myanmar Golden Produce Co.,Ltd ၏ ပြည်တွင်း ထွက် သစ်သီးဝလံနှင့် သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့် စက်ရုံကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပညာရှင် အဖိုး/အဖွားများနှင့် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာဝန်/ ဆ‌ရာမများက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက် ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

Radio NUG အမည်ဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့တွင် စမ်းသပ်ထုတ်လွှင့်ခဲ့သည့် ရေဒီယိုလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်လွှင့်ခွင့်ပြုထားသည့် ရေဒီယိုမဟုတ်ပါ။ ခွင့်ပြုချက်မရရှိဘဲ မည်သူမဆို လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ကူညီခြင်းတို့ ပြုလုပ်ပါက တည်ဆဲတရားဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အဖွဲ့တို့သည် ပညာရေး အဆောက်အဦများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို အကြမ်းဖက်တိုက်ခိုက်ခြင်း သာမက ၎င်းတို့အဖွဲ့ အစည်းအပေါ် ထောက်ခံခြင်းမရှိသည့် လက်နက်မဲ့၊ အပြစ်ကင်းသည့် ပြည်သူလူထုကိုပါ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသူများသည် ရတနာသုံးပါးတွင် အပါအဝင်ဖြစ်သည့် ရဟန်းတော်များကိုပင် ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ်တော့ဘဲ အကြမ်းဖက်သတ်ဖြတ်မှုကိုပါ လုပ်ဆောင်လာကြကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကူးစက်နှုန်း မြင့်မားနေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ဘက်ပေါင်းစုံမှ အစွမ်းကုန် ဆောင်ရွက်လျက်ရှိပါ သည်။ မိဘပြည်သူများအနေဖြင့်လည်း ကိုဗစ်ရောဂါ အန္တရာယ် အတွက်စိုးရိမ်ပူပန်နေကြရသလို ကျန်းမာရေးဝန်ကြီးဌာန၏သတ်မှတ် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါအား တက်ကြွစွာ ပူးပေါင်းကာ ကွယ်တိုက်ဖျက်လျက်ရှိပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီး သီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိလွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၁၉ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၂၅ ခုမှ Favipiravir Tablets ၁၈၈၁ ခု၊ Test Kit ၆၇၆၀၊ LCD (Patient Monitor) ၃၀၊ Oximeter ၁၆၆၃ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၇၃၉ ခု၊ Oxygen Mask ၅၀၀၀၊ Oxygen Sensor ၃၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၅၄၇၀၅ ဒသမ ၆၉ ကီလိုဂရမ်၊ နယ်စပ် | (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၂၃ ခုမှ | Oxygen Cylinder ၆၅၂၅ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၅၉၆ ခု၊နှာခေါင်းစည်း ၆၅၅၃၈ ခု၊ Liquid Oxygen ၁၅၀၈၀ ဒသမ ၁ ကီလိုဂရမ်၊ Liquid Oxygen တန် ၂၀၊ Flow Meter ၆၃၀၀ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၆၈၅၀၊ Oxygen Mask ၁၅၀၀၊ Trolley ၃၅၀၊ Disposable Syringe ၂၂၁၆၀၊ မျက်နှာအကာ ၁၀၂ ကီလိုဂရမ်၊ Goggle ၂၈၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင်လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator ၇၃၉ | ခု၊ Test Kit ၆၇၆၀ နှင့်ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၁၀ တန်၊ အောက်ဆီဂျင်အိုး(အခွံ) ၈၆၄၀၊ Oxygen Plantတစ်ခု၊ အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator) ၁၀၉၀၊ PPE ဝတ်စုံ ၄၄၀၀ နှင့် နှာခေါင်းစည်း (Mask) ၁၅ တန် တင်သွင်း နိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၁၇ ခုမှ ယာဉ်စီးရေ ၃၅ စီးဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံ များဌာနမှ ငါး/ပုစွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကားစနစ်ဖြင့် ရောင်းချနေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ ။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြေ ရွှေလက်လှစေတီတော်၊ ဇမ္ဗူရာဇ်သိဂီသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ နယ် မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊နှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများ လွှမ်းမိုး လာစေရန် လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်