Aug 22, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Aug 22, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အတွက် အများပြည်သူရုံးပိတ်ရက် များတွင်လည်း ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Concentrator၆၀၆ ခု၊ PPE ဝတ်စုံ ၅၀၀ နှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်)အိုး ၁၂ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၁၄၄၀ ၊ Oxygen(အရည်) Storage Container/ Tank တစ်ခုOxygen Generator တစ်လုံး အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ထီးခီ၊ ကန်ပိုက်တီး
Aug 22, 2021
ဝါခေါင်လပြည့်နေ့သည် “မေတ္တာအခါတော်နေ့” ဖြစ်သည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါ တစ်ပါး၌ ငါးရာသော ရဟန်းတို့သည် ၎င်းတို့၏ စရိုက်အားလျော်စွာ ဘုရားရှင်ပေးတော် မူအပ်သော ကမ္မဋ္ဌာန်း တို့ကို အသီးသီးယူခဲ့ကြပြီး ဟိမဝန္တာနှင့် ကစ်စပ်တည်းသောအရပ်၌ သီတင်းသုံးကြ၏။ ထိုအခါ ရဟန်းတော် တို့၏ သီလတန်ခိုးအာနုဘော်ကြောင့် ရုက္ခစိုးနတ်တို့ မနေသာ၊ မထိုင် သာတော့သဖြင့် ညဉ့်အခါ ရဟန်းတော်တို့ တရားအားထုတ်နေစဉ် ကြောက်မက်ဖွယ်အာရုံအမျိုးမျိုး၊ အထူးထူးအထွေထွေပြုလုပ်ကာ ခြောက်လှန့်ကြ၏။ ထိုအခါရဟန်းတော်တို့မှာ စိတ်နှလုံး တုန်လှုပ်ကြသဖြင့် ညှိုးနွမ်းကြုံလှီကာ သမာဓိကိုမရကြသဖြင့် ဤအရပ် သည် ပတိရူပဒေသမဟုတ်ဟူ၍ တိုင်ပင်ကာ မြတ်စွာဘုရားထံ အကျိုးအကြောင်း လျှောက်ထားရာမှ မြတ်စွာ ဘုရားက မေတ္တသုတ်ပရိတ် တော်ကို သင်ကြားပေးပြီး ဤမေတ္တသုတ်ပရိတ်ကို တစ်လရှစ်ကြိမ်စုဝေး၍ သရဇ္ဈာယ်ကြရန်၊ မေတ္တသုတ် ပရိတ်တော်လာ တရားစကားတို့ကို ဆွေးနွေးမေးမြန်းကြရန်လည်း မိန့်ကြားတော်မူလိုက်သည်။
Aug 22, 2021
ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသည်။ မြန်မာနိုင်ငံသည် မဖွံဖြိုးသေးသည့်နိုင်ငံဖြစ်၍ လူမှုစီးပွားဘဝ လိုအပ်ချက်များစွာရှိသည်။ လတ်တလောတွင် နိုင်ငံတစ်ဝန်း၌ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်နေသောကြောင့် ပြည်သူ များတွင် အခက်အခဲများရှိနေသည်။ ထိုအချိန်တွင် နိုင်ငံရေးဂယက်ရိုက်ခတ်မှုများပါ ရှိနေသဖြင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများထက် လိုအပ်ချက်များ ပိုမိုနေသည်ဟု ဆိုရမည်ဖြစ်သည်။
Aug 21, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Aug 21, 2021
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် သိန်း၂၉၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
Aug 21, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင် အချုပ်ထောင်နှင့် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
Aug 21, 2021
မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပညာရှင် အဘိုးအဘွားများနှင့် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များအား ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် မြန်မာနိုင်ငံသဘင် အစည်းအရုံးမှ သဘင်ပညာရှင်များနှင့် တာဝန်ရှိသူများ၏ စကားသံများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။
Aug 21, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Aug 21, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Aug 21, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Aug 21, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့်က BBC နှင့် CNINews က ဆက်သွယ်မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့သည်-
Aug 21, 2021
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် ဆေးရုံအတွင်းလိုက်လံကြည့်ရှု၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
Aug 21, 2021
သနန္တနဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်က ကြီးမှူး၍ ကိုဗစ်-၁၉ ဟိန္ဒူမိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလများတွင် တစ်နိုင်တစ်ပိုင် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ အလှူရှင်များ၏ လှူဒါန်းကူညီ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
Aug 21, 2021
အိန္ဒိယနိုင်ငံအစိုးရက မြန်မာ နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆက်စပ်ပစ္စည်းများ ပေးပို့လှူဒါန်းသည့် အထူးကုန်တင်လေယာဉ်မှာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
Aug 21, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုမြင့်မားနေချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို စိုးရိမ်ပူပန်ကြ၍ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရောဂါဖြစ်ပွားမှုများ တဖြည်းဖြည်းလျော့ကျလာသည်။
Aug 21, 2021
မြန်မာနိုင်ငံသည် ရေ၊ မြေအရင်းအမြစ်တို့ ပေါများသည့်အလျောက် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အမှီပြုခဲ့ရသည်မှာ သမိုင်းတစ်လျှောက်လုံးပင်ဖြစ်သည်။ နိုင်ငံတစ်ခုလုံး ကိုလိုနီဘဝကျရောက် ခဲ့ရသည့်အခါ နယ်ချဲ့အရင်းရှင်တို့က မိမိတို့နိုင်ငံမှထွက်သည့် သယံ ဇာတများနှင့် ဆန်စပါး၊ ကျွန်းသစ်စသည်တို့ကိုသာ ထုတ်ယူသွားခဲ့ ကြပြီး စက်မှုလုပ်ငန်းများ ထူထောင်ခဲ့ခြင်းမရှိခဲ့။ ဆန်စက်၊ သစ်စက်၊ ရေနံချက်စက်နှင့် ရေနံမြေကဲ့သို့သော လုပ်ငန်းများမှာလည်း ဒုတိယ ကမ္ဘာစစ်ကာလတွင် မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းနှင့် ဗုံးကြဲဖျက်ဆီးခြင်းကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရပြီးနောက် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။
Aug 20, 2021
ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးနှင့် စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည့် ကျေးလက် လယ်ယာကုန်ထုတ်လမ်းများ၊ ဆိပ်ခံတံတားများ၊ ကျေးရွာတွင်းလမ်း၊ တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကျေးလက်မီးလင်းရေး အတွက် လည်း ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက်နှင့်အညီ ပြန်ပြည့်မြဲ စွမ်းအင်အသုံးပြု မဟာဓာတ်အားလိုင်းပြင်ပစနစ်(Off-Grid) မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။
