Skip to main content

Aug 23, 2021

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သာသနာ့ပါလမွန်ကျောင်းတိုက်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမျူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၌ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေပဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက် အတွင်း၌လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိမြန်မာသံရုံး၊ စစ်သံရုံးတို့မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ တင်ဆောင် လာသည့် Air China လေယာဉ်သည် ပေကျင်းမြို့မှ ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ အဆိုပါဆေးနှင့်ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ဗိုလ်မှူးကြီး ဇော်မျိုးဟန်နှင့် ကျန်းမာရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့် နိုင်ငံအတွင်း စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တုံ့ဆိုင်းနှေးကွေး ရပ်တန့်ခြင်းများဖြစ်ပေါ်နေသည်။ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်တွန်း အားပေး မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်နေသည်။ စိုက်ပျိုးရေးကဏ္ဍ၌ စပါးပြီးလျှင် အဓိက အားထားသည့် ပဲမျိုးစုံစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်နေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် နိုင်ငံ ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေးအရယူရန်အတွက် နယ်ချဲ့အစိုးရလက်အောက်တွင် အလျင်အမြန်ရေးဆွဲခဲ့ရသည့် အခြေခံဥပဒေတွင် အားနည်းချက်များ ပါရှိခဲ့သလို ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း အကွဲအပြဲများစွာဖြင့် ဇာတ်သိမ်းခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူ တစ်ပါတီပုံစံ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို တည်ထောင်ခြင်း ဖြစ်သော်လည်း ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ အပြောင်းအလဲများတွင် မအောင်မြင်ပြန် သည့်အခါ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို မြန်မာပြည်သူတို့ လိုလားလာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးအချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် အတွက် လက်နက်/ ခဲယမ်းများ သယ်ဆောင် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးမှုများ လုပ်ဆောင် လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့၌ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (က)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည့် ဖယ်ခုံ PDF အဖွဲ့၏ထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံ၊ ဖယ်ခုံမြို့နယ် NLD ပါတီဝင် ပီတယ်အောင်၊ PDF အဖွဲ့ဝင်များ ဖြစ်သည့် လှိုင်ကြူ(ခ) စိုင်းလူနှင့် မောင်နက်၊ PNLO နယ်မြေအတွင်း အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် ဇင်သော် ဟိန်းနှင့် မောင်နို့တို့ ငါးဦးကို ၎င်းတို့စီးနင်း လိုက်ပါလာသော မော်တော်ယာဉ် အပါအဝင် M-22 နှစ်လက်၊ M-4တစ်လက်၊ ပစ္စတို နှစ်လက် စုစုပေါင်း လက်နက် ငယ် ငါးလက်၊ ကျည်မျိုးစုံ ၄၂၅ တောင့်၊ ကျည်အိမ်၁၄ ခု၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉နာရီ က မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ မန္တလေးတိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်။ စိုက်ပျိုးရေး ဦးစီးမှူးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၂၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဝိုင်းမော်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မထွေးကြည်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုကို ဖမ်းဆီးရမိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းသည် ဩဂုတ် ၃ ရက်က တစ်ရွာ တည်းနေ ဦးအောင်ညွန့်နှင့်အတူ ဆိုင်ကယ်ဖြင့် စစ်ကိုင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ လစာထုတ်ပြီး ဆင်တပ် ကျေးရွာ သို့ပြန်လာစဉ် စစ်ကိုင်းမြို့နယ် ကံတလူဘုရားအနီးအရောက်၌ အကြမ်းဖက်သူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်လိုက်ပါလာ၍ ဦးအောင်သောင်းအား ဓားဖြင့်ထိုးခဲ့သဖြင့် ဦးအောင်သောင်းသည် ဓားဒဏ်ရာ များဖြင့် နေရာတွင်သေဆုံးခဲ့ပြီး ဦးအောင်ညွန့်မှာ ထွက်ပြေးလွတ်မြောက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် ၇၂လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားရှိ ပါတ်ကုန်းဝန်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဆွေထွန်း (၄၆)နှစ်(ဘ)ဦးဉာဏ်စိန် အား အကြမ်းဖက် သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မြို့နယ်အစပ်ရှိ ကျေးရွာအချို့တို့တွင် အကြမ်းဖက်သင်တန်းများပို့ချခြင်း၊ လက်လုပ် သေနတ်များပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင် များသည် လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများကိုဆောင်ရွက်ရှိရာ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာ၊ ကမ္ဘာအေးဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ လက်နက်ခဲယမ်းများ အား ယနေ့ မွန်းလွဲပိုင်းတွင် ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် သတင်းဌာနများနှင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများပြုလုပ်နေပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ထားရှိသည့် VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင် အောင်ဆန်း(ခ)စည်သူအောင်မြင့် နှင့် BBC သတင်းဌာန အလွတ်တန်းသတင်းထောက် ထက်ထက်ခိုင် တို့အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ၂၂၄၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက်(၁၂)၊ အခန်း(၉)၌ အတူတစ်ကွတွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၃၁ ရက်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး၌ PDF အဖွဲ့ဝင်များအား တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများအတွင်းသို့ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် အတွက် စေလွှတ် လျက်ရှိသူ ဇော်နိုး နှင့် စိုးသူဝင်း တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ ဆက်စပ်တရားခံများ ဖြစ်သော ထက်ပိုင်ကျော်၊ ရဲရင့်သူ၊ ကျော်ဇင်သောင်း(ခ)ပီလီ၊ အောင်ဇင်ဟိန်းနှင့် ဝါဝါထက် တို့ ၅ ဦးကို ဩဂုတ်လ ၁ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၈၂၂၈၃ ဦးနှင့် အတွင်းလူနာပေါင်း ၈၂၈၉၇ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၉ ရက်မှ ယနေ့အထိ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၆ ဦးနှင့် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈၈ ဦး၊ အမျိုးသမီး ၁၁၅ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကို နယ်စပ်ဂိတ် အသီးသီးမှတဆင့် လက်ခံ ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

ကျင်းပပြီးစီးခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ၏ အောင်လက်မှတ်များနှင့် အမှတ်စာရင်း များကို စာတိုက်မှတစ်ဆင့် ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည် တော်)နှင့် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)တို့တွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင် စီစဉ်ဆောင်ရွက်ထား ရမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမျိုးသန့် က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်