Aug 26, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Aug 26, 2021
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက်တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိနေအိမ်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ခင်မြတ်သူ(NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း) အပါအဝင် ထိန်ဝင်း၊ အေးမင်းစိုး၊ အေးသူဇာ၊ ဇော်လင်းတို့ ၅ ဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Aug 26, 2021
(၂၄)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများ အစည်းအဝေး(DGICM)နှင့် ဆက်စပ် အစည်းအဝေး များဖွင့်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယနေ့ နံနက်(၈)နာရီတွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပသည်။
Aug 26, 2021
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းပင်ပရိယတ္တိစာသင်တိုက်သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
Aug 26, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ရှိ ကော်မှုန့်စက်ရုံကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေသည့် အစီအမံတို့ကို ရှင်းလင်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ “စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အားပေးရန်နှင့် စိုက်ပျိုးရေးပစ္စည်းများကို အခြေခံသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်၊ စီးပွားရေး လုပ်ဆောင်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုအပ်သော်လည်း ပြည်တွင်းရင်းနှီး မြှုပ်နှံမှုကိုအားပေးရန်၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်တွင်းရှိ SME များကို အားပေးဆောင်ရွက်ရန်” လမ်းညွှန် ထားပါကြောင်း။
Aug 26, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက သာကေတ မြို့နယ်၊ ၂/မြောက်ရပ်ကွက်ရှိ သဒ္ဒါရုံ/မင်းနန္ဒာအိမ်ရာဝင်း၌ ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ကို ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Aug 26, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ကေတုမတီ ငါးမွေးမြူရေးကုန်ထုတ် သမဝါယမအသင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Aug 26, 2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၇၇ ဒသမ ၀၀၃ သန်းဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာ-ဘုရားကုန်း လမ်းမကြီးမှ မဟာဖားဘောင် လှိုင်ဂူတော်အထိ ၁ မိုင် ၂ ဖာလုံအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၆၉ ဒသမ ၆၂၇ သန်းဖြင့် ဆောင်ရွက်ခဲ့ သည်။
Aug 26, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Aug 26, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Aug 26, 2021
NUG၊ CRPH အဖွဲ့တို့အား ထောက်ခံအားပေးသည့် အကြမ်းဖက်သူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် အဖျက်အမှောက် လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန် နည်းမျိုးစုံအသုံးပြုကာ လုပ်ဆောင်လျက်ရှိသည်။
Aug 26, 2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်၌ အောက်ဆီဂျင်အရည် စက်ရုံဖွင့်ပွဲကို ယနေ့ နံနက် ပိုင်းတွင် အဆိုပါစက်ရုံနေရာ၌ ပြုလုပ်ရာသံဖြူဇရပ်မြို့ မြို့လယ်ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇောတိပါလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Aug 26, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Aug 26, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူအလုပ် ပိတ်ရက်များတွင်လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
Aug 26, 2021
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှ ဗဟိုဌာနအဆောက်အအုံ၌ ဒုတိယ အစီအစဉ်အဖြစ် အိမ်သုံးဆေးဝါး များ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချ သောကုမ္ပဏီ ၂၀မှအိမ်သုံးဆေးဝါး ၁၇၉ မျိုးကို ရောင်းချပေးလျက် ရှိပြီး ငွေကျပ်သိန်း ၈၀ ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ကို ရောင်းချခဲ့သည်။
Aug 26, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဩဂုတ် ၂၄ ရက် က ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း များ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး သည်။
Aug 26, 2021
ရမည်းသင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်၌ ကျင်းပသည်။
Aug 26, 2021
ဒုတိယအကြိမ် တရုတ်(လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေး နှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ ပြည်သူ့ အစိုးရတို့က ဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Aug 26, 2021
အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ကပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
