Skip to main content

Apr 13, 2021

(၁၈)ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနား ကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အာဇာနည်လမ်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း တောင်ကလေး-ဘုရားသုံးဆူ ၅၃ မိုင် လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ပြီး မြေလမ်း ၂၂ မိုင်အနက် ၁၀ မိုင် ၂ ဖာလုံ ကျောက်ခင်းပြီး ကျန်မြေလမ်း ၁၁ မိုင် ၆ ဖာလုံ အနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၈ ဒသမ ၀၆၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ကြာအင်းဆိပ်ကြီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ မြို့နယ်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းလင်းဇော်နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၆၄) ကြိမ်မြောက် မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဧပြီ ၁၂ ရက် မွန်းလွဲ ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာ လာပြီး ရန်ကုန် - နေပြည် တော် - မန္တလေး အမြန်လမ်း (နေပြည်တော် - မန္တလေး အပိုင်း) ပြုပြင်ထိန်းသိမ်း ထားရှိမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ် ချက်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့က ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက် ရာမည နိကာယပရိယတ္တိစာမေးပွဲကြီးကို မတ် ၁၃ ရက်မှ ၁၅ ရက်အထိ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့်တနင်္သာရီတိုင်းဒေသကြီးတို့ရှိ စာဖြေဌာန ၁၂ ဌာနတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ် များသည် ဧပြီ ၁၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ ပါမောက္ခချုပ်/ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခများ၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ် (၂) တို့မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက် ပိုမိုပေးအပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ နှင့် ပတ်သက်၍ မှာကြားခြင်း၊ ကွင်းဆင်းကြီးကြပ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့နယ်များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့တွင် တိုင်းစစ် ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၁ ရက် တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ လူနေထိုင်ခြင်းမရှိသည့် အိမ်အမှတ်(၂၈၆)၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း၊ သံတွဲမြို့နယ်၊ နန်းချောင်း ကျေးရွာအုပ်စု၊ အထက်နန်းချောင်းကျေးရွာရှိ ဝေဇင်ကျော်(ဘ) ဦးညီကျော်မြအား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ ဇော်မင်းဦး(ဘ) ဦးကျော်မြင့်အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်နှင့် ဇော်ရဲ(ဘ) ဦးယဉ်ထွေးအား ၎င်း၏တောင်ယာတဲအတွင်းမှ လေသေနတ် ၁ လက်တို့နှင့်လည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်၊ ကန်သာယာရပ်ကွက်၊ အကွက်(ခခ-၃/၇၅)၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၀၂ လမ်းနှင့် ၁၀၃ လမ်းကြားရှိ Nobel INN တည်းခိုခန်းရှိ အခန်းအမှတ်(၁၀၆)၌ မစုစုမာ(ဘ) ဦးပေစိအား လက်လုပ်မိုင်း ၂ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက်တပ်မတော်ဆေးရုံများနှင့်ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် မှ ယနေ့အထိ ပြင်ပလူနာ ၁၃၅၆၃၄ ဦး၊ အတွင်း လူနာ ၄၃၆၅ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများ အနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၆၃၇၇ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၃၂၅ ဦး စုစုပေါင်း ၉၇၀၂ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့်လူနာများကိုလည်း ပါရဂူ များ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသ ပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၃၃၆၂ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၀၉၅ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၈၄၅၇ ဦးကို အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းနှင့် အထက် ကြည့်မြင်တိုင်လမ်းရှိ Yangon Bus Public Co.,Ltd ပိုင် YBS-89 ယာဉ်လိုင်း ဂိတ်အား ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန် အတွက် အစိုးရဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

၁၃။ ပထမဦးစွာ Voice Of MyanmartvOM) သတင်း ဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ( မဲလက်မှတ်များကို မည်သည့်နေရာတွင် ရိုက်နှိပ် ခဲ့ပါသလဲ။ မည်မျှရိုက်နှိပ်ခဲ့ပါသလဲ။ မည်သူတာဝန်ယူ လုပ်ခဲ့ပါ သလဲ။ တင်ဒါပေးခြင်းလား၊ ကော်မရှင်က လုပ်ဆောင်ခြင်းလားဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားကို ဧပြီ ၄ ရက်နေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ကြည်ညိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

(၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နေပြည်တော် ဧပြီ ၁၂ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထား သည် လမ်းပိုင်းအလိုက်ရထားများ ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-ရွှေဘို လမ်းပိုင်းနှင့် အင်းစိန်-ဥက္ကံလမ်းပိုင်းတို့၌ ခရီးသည်များခရီးသွားလာမှု အဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းတွင် RBE လူစီးရထားပြေးဆွဲခဲ့သည်။ အဆိုပါ မန္တလေး-ရွှေဘို-မန္တလေးခရီးစဥ်တွင်မန္တလေး-ရွှေဘို အဆန် RBE လူစီးရထား သည် မန္တလေးဘူတာမှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး ဘူတာစဥ်ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရွှေဘိုဘူတာသို့ နံနက် ၉ နာရီ ၃၃ မိနစ်တွင် ရောက်ရှိခဲ့ကာ ရွှေဘို-မန္တလေး အစုန် RBE ရထား ခရီးစဥ်အဖြစ် ရွှေဘိုဘူတာမှ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပြန်လည်ထွက်ခွ

ဆက်လက်ဖတ်ရှုရန်