Skip to main content

Apr 15, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း၌ လှည့်ကင်းဆောင်ရွက်စဉ် ကန်ရှေ့ရပ်ကွက် အရှေ့မြို့ပတ်လမ်း “ရွှေကမ္ဘာ”ကားဂိတ်ရှေ့၌ 4F/7618 Mistubishi ယာဉ်သည် အမြင့် ၉ ပေခွဲခန့်ရှိ ကော်ပိုက်အဖြူရောင်ထိပ်တွင် လက်သုံးချောင်းပုံပါ အနီရောင်အလံကို ကားပေါ်တွင် ထောင်၍ မော်တော်ယာဉ် ၆ စီး၊ ဆိုင်ကယ် ၅ စီးတို့ဖြင့် လှည့်လည် ဆန္ဒပြနေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ရာ 4F/7618 Mistubishi ယာဉ်နှင့်အတူ ယာဉ်မောင်း ကန်ရှေ့ရပ်ကွက်နေ ဖြိုးဝေစိုး(ခ)Sachin Phatia(၂၁)နှစ် (ဘ)ဦးSK ပါ ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တန်ခိုးကြီးဘုရားစေတီများသို့ ယနေ့ (မဟာသင်္ကြန်အကြတ်နေ့) နံနက်(၆)နာရီခွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် နှင့်တာဝန်ရှိသူများက သွားရောက်၍ ဆွမ်း၊ ရေချမ်း၊ တံခွန်ကုက္ကါးနှင့် ရွှေသင်္ကန်းများကို လှူဒါန်းပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၂ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

၄၁။ Myanmar Public Press News Agency တာဝန်ခံအယ်ဒီတာ ဒေါက်တာစိုးမြင့်ဦးက ပထမဦး ဆုံး မေးလိုသည့်မေးခွန်းမှာ မိမိတို့နိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ငါးနှစ်၊ နှစ်ကြိမ်ဖြတ်သန်းပြီးသည့်နောက် မျိုးချစ်စိတ် တော်တော်လေးအားနည်းလာသည်ကို တွေ့ရကြောင်း၊ နောက်ပိုင်းဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် မိမိတို့နိုင်ငံက ယဉ်ကျေးမှုသည်တော်တော်လေး ယိုင်နဲ့လာကြောင်း၊ အမျိုးသားရေး စရိုက်လက္ခဏာများလည်း တော်တော်အားနည်းလာကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် မျိုးချစ် စိတ်ရှင်သန် ထက်မြက်ရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် အမျိုး သားရေးစရိုက်လက္ခဏာများ ကာကွယ်မြှင့်တင်နိုင် ရန် တပ်မတော်ဘက်က မည်သို့စီစဉ်ထားပါသလဲ။ နောက်တစ်ချက်က ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ ကိုလည်း ပြန်ပြီးပြုလုပ်ရန် အစီအစဉ်ရှိပါသလား ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်များအား ရှင်းလင်းပွဲအခမ်းအနား ကို ဧပြီ၁၂ရက် မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဟန်ကပြု -ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ပေါ်တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ နှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၆၃၃ ဒသမ ၈၅၀သန်းဖြင့် ဆောင်ရွက်လျက်ရှိ သည့် မြေလမ်းပြုပြင်ခြင်းနှင့် အမာခံလမ်း ငါးမိုင်ခင်းခြင်း လုပ်ငန်း၊ ပေ ၈၀ သံကူကွန်ကရစ် တံတား တစ်စင်း၊ ပေ ၄၀ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် ၁၀ ပေ သံကူကွန်ကရစ်တံတား နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ ငါးပေ Box Culvert ၁၆ စင်း၊ ရှစ်ပေ Box Culvert ခြောက်စင်း တည်ဆောက်ပြီးစီးမှုအခြေအနေ များကို ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေလင်းအောင် နှင့်အဖွဲ့က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို တစ်နိုင်ငံလုံး ပြည်နယ်/ ပြည်မအကြားအလပ် မရှိ တစ်ပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာကယား ပြည်နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေကျပ် ၂၈၃ ဒသမ ၀၂၆ သန်းဖြင့် ဒီးမော့ဆိုမြို့နယ် ခူးပရာ- ကန်ကလုပ် - စနိုက် (ခေါင်းကင်) ကျေးရွာချင်းဆက် မြေသားလမ်း ၇ မိုင် ၄ ဖာလုံ အနက် နှစ်မိုင် ကျောက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊လမ်းရေရှည်ခိုင်ခံ့စေရန်အတွက် လမ်းတာချဲ့ခြင်း၊ စတက်ဘားခံ ခြင်း၊ Box Culvert လေးစင်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေးတို့အတွက် ကယား ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ညွှန်ကြားရေးမှူး ဦးသန့်ဇင် နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

နေပြည်တော် ဧပြီ ၁၄ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် ဧပြီ ၁၃ ရက် ညနေ ၃ နာရီတွင် လွိုင်လင်မြို့နယ် ဟိုတင့် ကျေးရွာအနီး လွိုင်လင်-တောင်ကြီး ကားလမ်း တွင် ခွန်ပန်းအောင် မောင်းနှင် ပြီး ခွန်မောင်ဦးနှင့် ခွန်မောင်းလိုက်ပါ လာသည့် ယာဉ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ရက်မှ ယနေ့ အထိ ပြင်ပလူနာ ၁၃၉၈၉၇ ဦး၊ အတွင်းလူနာ ၄၀၆၆ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၆၆၀၀၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၄၃၅ စုစုပေါင်း ၁ဝဝ၃၅ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် | လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၄၇၄ ဦးကို ခွဲစိတ်မွေးဖွားပေး နိုင်ခဲ့ကာ ၅၂၆၈ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၈၇၄၂ ဦးကို အောင်မြင်စွာ မွေးဖွား ပေးနိုင် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ ဆေးရုံ၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇား တိုက်နယ်ဆေးရုံး၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော် တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင် တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူး တိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ပြည်သူ့ ဆေးရုံ၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့ နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံ တန်းမြို့နယ် ပြည်သူ့ ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေး ကုသရေးအဖွဲ့များ စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများ ကိုလိုအပ်သည့် ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွား နှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက် ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာ များအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၃ ရက် တွင် ညောင်ရွှေမြို့နယ်၊ ညောင်ဖြူကျေးရွာရှိ ဇော်ဝင်းလေး(ခ)ဝေဠု(ဘ)ဦးဝင်းမောင် ၏ နေအိမ်၌ တူမီးသေနတ် ၁ လက်၊ မီးပုလင်း ၂၆ လုံးအခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ဓနုဖြူမြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့က ရန်ကုန်မြို့မှ ကြံခင်းမြို့သို့ ဇော်မျိုးထက်(ဘ)ဦးလှတင် မောင်းနှင်၍ စိုးမင်းဟန် (ဘ)ဦးချစ်လှ လိုက်ပါလာသည့် ရွှေတော်ဝင်မှန်လုံခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ စက္ကူပုံအတွင်းမှ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ လက်လုပ်ဗုံး ၁ လုံးနှင် ဆက်စပ်ပစ္စည်းများအားလည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စပ်စံထွန်းလမ်း၊ အမှတ်(၂)ဈေးထိပ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆူပူအကြမ်းဖက်သူအင်အား ၂၀ ဦးခန့်မှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရာ နံနက် ၁၀ နာရီအချိန် တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ နေသူရိန် (ခ)စီးဖိန် (၂၂)နှစ် (ဘ)ဦးစိုးနိုင်ပါ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ထုတ်ဝေဖြန့်ချိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

ရန်ကုန်မြို့အတွင်း တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးလိုသူများက အများ ပြည်သူသွား လမ်းများပေါ်တွင် လမ်းပိတ် အတားအဆီးများ ပြုလုပ်ထားခြင်းအား ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် စည်ပင်သာယာ ဝန်ထမ်းများက ယန္တရားများ၊ မြေသယ် ယာဉ်များ အသုံးပြုကာ ဖယ်ရှား ရှင်းလင်းခြင်းနှင့် အစိုးရ ဆန့်ကျင် စာသားများကိုဆေးဖြင့် ရေးဆွဲ ထားခြင်း၊ နံရံများ၊ တံတိုင်းများ တွင် ကပ်ထားခြင်းအား စည်ပင် သာယာဝန်ထမ်းများက ဖျက်သိမ်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ ယနေ့တွင် ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ( ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်မိဘပြည်သူများက ဖူးမြော်ကြည်ညိုကုသိုလ်ယူလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2021

တန်ခူးလသင်္ကြန်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။ သမိုင်းကြောင်း ရှည်လျားသည့် အစဉ်အလာမပျက်ပွဲတော်ဖြစ်သည်။ မြန်မာလူမျိုးများအားလုံး စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲ ကြသည့် ပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် နိုင်ငံအတွင်း မတည်မငြိမ် ဆူပူဆန္ဒပြမှုများကြောင့် ယခုတစ်ကြိမ် ရှေးအစဉ်အလာမှ သွေဖည် သွားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်ပိုင်အဆောက်အဦ၊ စာသင်ကျောင်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကဲ့သို့သော လုပ်ရပ်များအား နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ၏ သွေးထိုးမှုများအားယုံကြည်ကာ အမျှော်အမြင် အဆင်အခြင် မဲ့စွာဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန် များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2021

အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရေးနှင့် အများ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရေးတို့အတွက် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်လျက်ရှိရာ တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆောက်အဦများအား မီးပုလင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်မီးရှို့ ​ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အလုပ်ဝတ္တရားများ ဆောင်ရွက်၍မရစေရန် လူအုပ်စုဖွဲ့၍ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးချုပ်နှောင်၍ လူ့ဂုဏ်သိက္ခာ ထိခိုက်စေသည့် ကျူးလွန်မှုများ ဆောင်ရွက်သည့်အပြင် အချို့နေရာများ၌ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်