Skip to main content

Apr 10, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက် ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ဝိုင်းမော်သွားကားလမ်း၊ (၁၃)ကီလိုမီတာ ပူးပေါင်း စစ်ဆေးရေးစခန်းတွင် လွမ်းထော(ခ)မောင်တာ မောင်းနှင်ပြီး မအေးရီ လိုက်ပါလာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ကီလို ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လ

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်- တောင်ညို - ချောင်းနက် - တောင်တွင်းကြီးလမ်းအပိုင်းအား လမ်းချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာန၊ ဥတ္တရခရိုင်မှ မိုင်တိုင် အမှတ်(၄၁/၀)နှင့် (၄၄/၂)အကြားတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယနေ့နံနက်ပိုင်းက ချောင်းမငယ်ဆည်ရေသောက် ဧရိယာအတွင်း သီးနှံသစ်တော ရောနှော စိုက်ခင်းများ ထူထောင်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ခေမာကျောင်း လမ်းနှင့် ဧရာ(၁၅)လမ်းထောင့်အနီး၌ မတ် ၂၇ ရက် မွန်းလွဲ၃ နာရီခွဲခန့်တွင် အောင်အောင်ထက် (ခ)အောင်ထက်(ခ)အောင်ကြီး(ဘ)ဦးမျိုးညွန့်၊ ဘိုဘိုသူ(ဘ) ဦးသက်ဦး၊ မင်းမင်းဦး(ဘ) ဦးထွန်း ဝင်း၊ ရဲထွဋ်(ခ)ရဲရင့်ကျော်(ဘ)ဦးထွန်းဝင်း၊ ငမိုး (ခ)အောင်ဇော်မိုး (ဘ)ဦးမောင်တင်၊ အောင်နိုင် ဦး(ဘ)ဦးကျော်ညွန့်၊ ဝဏ္ဏ(ခ)ဝဏ္ဏသူ (ခ)ပြည့်စုံမြင့်(ဘ) ဦးအုန်းမြင့်၊ စည်သူထွန်း(ဘ) ဦးလှမြင့် အောင်၊ ဇော်မျိုးအောင်(ဘ) ဦးဝင်းအောင်၊ ကျော်သူ (ဘ)ဦးဌေးလှိုင်၊ ဂျင်းမီ(ခ) စိုးထွန်းနိုင် (ဘ)ဦးအောင်သိန်း၊ ကျော်ဇေယျာလင်း(ခ) ကောင်းကောင်း(ဘ)ဦးလှမောင်သိန်း၊ အာကာ (ဘ)ဦးလှထွန်း၊ မျိုးကိုကိုကျော်(ဘ) ဦးမြင့်ဝင်း၊ ကိုဖြိုး(ခ)ပြည့်ဖြိုးကျော်(ဘ)ဦးမြင့်သိန်း၊ အောင်သက်ဦး (ဘ)ဦးငွေမြင့်၊ ဒေါ်နီနီအောင်(ဘ)ဦးအောင်တင်၊ ချိုတူး(ခ)မြင့်ဦး(ဘ) ဦးအောင် ကြည်နှင့် အောင်မောင်း(ခ) မင်းမင်းစိုး(ဘ)ဦးကြည်မြင့်တို့သည် ဗိုလ်ကြီး ထက်အောင်ကျော် နှင့်အတူ မောင်သန့်ဇင်ထွေးတို့ စီးနင်းမောင်းနှင်လာသည့် APACHE အမျိုးအစား အနက်ရောင် မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတိုသေနတ် ၁ လက်၊ MAH(U) အမျိုးအစား ICON တစ်လုံးတို့ကို လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့ကို နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်း ရိုက်နှက် ထိုးခုတ်ခြင်း၊ လက်သီးဖြင့်ထိုးခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ် ခဲ့သဖြင့် ၎င်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက်ရင်ခေါင်းထိုး သွင်းဒဏ်ရာကြောင့် ယာဘက်အဆုတ်ထိုးသွင်းဒဏ်ရာရရှိပြီး ရင်ခေါင်းအတွင်း သွေးလွန် ခြင်းကြောင့် သွေးထွက်လွန် သွေးလန့်၍ သေဆုံးခဲ့ခြင်းတို့ ဖြစ်ခဲ့ရသည်အထိ ၎င်းတို့သည် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှု ကိုပါ ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၉၆/၃၉၇ အရ ဧပြီ ၈ ရက်တွင် “ သေဒဏ် ”အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအား ဧပြီ ၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ပုလဲအတွဲ ၃၁၇ တွဲကို ငွေကျပ် ၁၄၂၇ ဒသမ ၂၆ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၁၉၅၅ တွဲကို ငွေကျပ် ၃၁၅၉၅ ဒသမ ၇၉ သန်းဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲ ၅၂ တွဲကို ငွေကျပ် ၄၂၅ ဒသမ ၈ သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

နေပြည်တော် ဧပြီ ၁၀ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကော်မတီဝင်များ ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုုပ် ဦးစိုင်းထွန်းညို နှင့်အတူ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မ

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

ပြည်သူများ ခရီးသွားလာမှုလွယ်ကူစေရေး အတွက် ကိုဗစ်-၁၉ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ရပ်နား ထားခဲ့ရသော မလိခအမြန်ရေယာဉ် စစ်တွေ - ရသေ့တောင် - ဘူးသီးတောင် ခရီးစဉ်ကိုလည်း မတ်လဆန်းမှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲလျက်ရှိနေပြီဖြစ်သည်ကိုလည်း မြင်တွေ့ရ သကဲ့သို့ မတ်လ ၂၄ ရက်နေ့တွင်လည်း မန္တလေး - ဗန်းမော် သင်္ဘောခရီးစဉ်များကို ပုံမှန်ပြေးဆွဲ ပေးလျက်ရှိနေပြီ ဖြစ်ပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၄) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဗထူးတပ်မြို့ရှိ အဆိုပါဗိုလ် သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဗထူး တပ်မြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသော အရာရှိ၊စစ်သည်၊မိသားစုများနှင့် ဒေသခံပြည်သူများအားတစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၄) သူရတပ်ခွဲ သင်တန်း ဆင်း ဂုဏ်ပြုညစာ စားပွဲကို ယနေ့ညပိုင်း တွင် ဗထူးတပ်မြို့ရှိ အဆိုပါဗိုလ်သင်တန်းကျောင်း စစ်ရာ ထူးခန့် ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၄/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

Open Society Myanmar မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မျိုးမြင့်အောင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMED Bank)မှ အမေရိကန်ဒေါ်လာ ၁.၄၂ သန်းနှင့်ညီမျှသည့် ငွေကျပ်သိန်းပေါင်း ၁၉၉၉၉ သိန်းအား ထုတ်ယူကာ

ဆက်လက်ဖတ်ရှုရန်

Apr 10, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများ အားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီး လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် အတွင်းရှိ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ ခု၊ ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်