Skip to main content

Apr 19, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား မီးပုလင်း ဖြင့်ပစ် ပေါက်ခြင်း၊ မီးရှို့ခြင်းများအပြင် အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမ ကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအား ပြုလုပ် နေကြသည်ကို တွေ့ရှိနေရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2021

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှု တွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော် မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2021

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အ အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံ ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန် အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး ဒေါ်နီလာစိန်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်ဇနီးများ၊ အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဧပြီ ၁၆ ၊ ၁၇ နှင့် ၁၈ ရက်များတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီး ဌာနအောက်ရှိ အားကစားကွင်း/ အားကစားရုံများ တည်ဆောက် ပြုပြင် မွမ်းမံမှု လုပ်ငန်း များ ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရှမ်းပြည်နယ် အတွင်းရှိ ကလောမြို့နယ် ဟဲဟိုးမြို့ အင်းခေါင်း ဆည်၌ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ဦးဆောင်သော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးလွှမ်းမိုးဇော် နှင့် ဝန်ထမ်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ပြီး နှစ်လက်မအရွယ်ရှိ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၄၀၀၀၀ နှင့် ငါးခုံးမကြီး သားပေါက် ကောင်ရေ ၁၀၀၀၀၊ စုစုပေါင်းသားပေါက်ကောင် ရေ ၅၀၀၀၀အား စုပေါင်း၍ ဇီဝိတဒါနငါးမျိုး လွှတ်ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ကြီးမှူး ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ( ၁ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကိုယနေ့နံနက် ၈ နာရီတွင် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာရှေ့ ကျုံးတောင်ဘက်ခြမ်း၌ လည်းကောင်း၊ ညနေ ၅ နာရီတွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လည်းကောင်း ကျင်းပသည်။ ။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိ ရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းမဘေးရှိ မင်္ဂလာ ကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

နေပြည်တော်၊ ဧပြီ - ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်သို့ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့က ရှထောင်ကျေးရွာ၏အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောင်ကုန်းပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက် ဒုံး ၃ လုံးသည် နယ်မြေခံတပ်အနီး သို့လည်း ကောင်း၊ ရှော့တိုက်ဒုံး ၁ လုံး သည် အောက်မော်ဖောင်းကျေးရွာအတွင်းသို့ လည်းကောင်း အသီးသီး ကျရောက် ပေါက်ကွဲခဲ့သည်။
ရှော့တိုက်ဒုံးကျရောက်

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်း များ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ် ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြုလုပ် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းတွင် တည်ထားကိုးကွယ်လျက်ရှိ သော သမိုင်းဝင်ဆံ တော်ရှင်သစ္စာမဏ္ဍိုင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အလှူတော်မင်္ဂလာအခမ်းအနားသို့ ခေါင်းဆေးကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မွန်ပြည်နယ်၊ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2021

အနယ်နယ်အရပ်ရပ်တွင်ရှိသည့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးကုသရန် အခက်အခဲ များ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ဆေးရုံဝန်ထမ်းများနှင့် လူနာရှင်များ၏ အကူအညီတောင်းခံမှုများ ကြောင့် တပ်မတော်ဆေးကုသရေး အဖွဲ့များကိုစေလွှတ်၍ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးနေရသည်။ CDM လုပ်သွားသည့် ဆရာဝန်များကြောင့် ပြည်သူ့ဆေးရုံများ တံခါးပိတ်ထားရသည့် အခြေအနေတွင် တပ်မတော်ဆေးရုံများ၌ အရပ်သားလူနာမြောက်မြားစွာ သွားရောက်ကုသနေကြရသည်။ ရောဂါဝေဒနာ ဟူသည် နေ့ည အချိန်ရွှေ့ဆိုင်းထား၍ မရသလို မဖြစ်မနေ အချိန်မှန် စစ်ဆေးကုသမှုပြုရမည့် ရောဂါမျိုးတွင်လည်း အကြောင်းကြောင်းကြောင့် ကုသမှုမရရှိနိုင်ပါက လူနာအဖို့ အန္တရာယ်ကြီးလှသည်။ နိုင်ငံရေးယုံကြည်ချက်၊ ခံစားချက်တို့ကို အကြောင်းပြု၍ တာဝန်တို့ကို စွန့်လွှတ်စွန့်ပစ်ခဲ့ခြင်းတို့၏ အကျိုးဆက်တို့ကို တိုက်ရိုက်ခံစားကြရ သူတို့မှာ ကံဆိုးလှရှာသည့်လူနာများပင်ဖြစ်သည်။ အထူးသဖြင့် ငွေကြေးအကုန်အကျ ခံကာ ပုဂ္ဂလိ ကဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်မကုသ နိုင်ကြသည့် ဝင်ငွေနည်းပြည်သူများဖြစ်သည့် ဝေဒနာရှင် များပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်