Apr 25, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းကို နေ့စဉ်သတင်းထုတ်ပြန်လျက် ရှိပါသည်။
Apr 25, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ထွက်ခွာကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက် ကြသည်။
Apr 25, 2021
- နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။
Apr 24, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်
Apr 24, 2021
(၂၃-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၀၅၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၆၆,၀၆၄) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၇၁၂) ဦး ရှိပြီ ဖြစ်ပါသည်။
Apr 24, 2021
နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်၊ ဓမ္မဝိစယသာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။
Apr 24, 2021
ကလေးသူငယ်များ၏လက်ရှိဘဝအခြေအနေများသည် နိုင်ငံ၏အနာဂတ် အတက်/ အကျ၊ အနိမ့်အမြင့် အနေအထားကို ညွှန်းဆိုနိုင်သည်ဖြစ်၍ ကလေးသူငယ်များ၏ အနာဂတ် တိုးတက် ကောင်းမွန်ရန်အတွက် မျက်မှောက်ကာလ ကလေးသူငယ်များ ၏ဘဝများအား အမျိုးသားရေး တာဝန်အဖြစ် အလေးထားမြှင့်တင်ဆောင်ရွက်ပေးရန် အထူးလိုအပ်လျက်ရှိသည်။
Apr 24, 2021
မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက် လျက်ရှိသည်။ တက္ကသိုလ် အဆင့်များကိုလဆန်းတွင်လည်းကောင်း၊ အခြေခံပညာကျောင်း များကို ဇွန်လဆန်းတွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပြီးခဲ့သည့် စာသင်နှစ် တစ်နှစ်လုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေ ကြောင့် ကျောင်းများကို မဖြစ်မနေ ပိတ်ခဲ့ရာတွင် စာမေးပွဲ ဖြေဆိုလျက်တန်းလန်းနှင့်ပင် ပိတ် ထားခဲ့ရသည့်အတန်းများလည်း ရှိခဲ့သည်။ စာသင်နှစ်တစ်နှစ်ရပ်နားလိုက်ရခြင်းက ကျောင်းသူ ကျောင်းသားများ၊ မိဘများအတွက်သာမက နိုင်ငံတော်အတွက်လည်း နစ်နာမှုဖြစ်သည်။
Apr 23, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို
Apr 23, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
Apr 23, 2021
Apr 23, 2021
သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 23, 2021
ကလေးသူငယ်များကို မွေးစားခွင့်ပေးရာတွင် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များရရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရှိ ပကတိ အခြေအနေ များ၊ တိုင်းရင်းသားများ၏ ဓလေ့ထုံး တမ်းစဉ်လာများနှင့် နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီ စေရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။
Apr 23, 2021
နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Apr 23, 2021
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအား ဦးဆောင်ပြုလုပ်ခဲ့သူများနှင့် နိုင်ငံတော် ဆန့်ကျင်စာသားပါ ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲဆန္ဒ ဖော်ထုတ်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
Apr 23, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုလာမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ပြုလုပ်သူနှင့် လက်ဝယ်ထားရှိသူများအား ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာမှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။
Apr 23, 2021
တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ဆူပူဆန္ဒပြသူ များက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရှားတောကျေးရွာအတွင်းရှိ လမ်းများပေါ်၌ သဲအိတ်များ၊ ကွန်ကရစ် တုံးများ၊ အတားအဆီးများ၊ သစ်ချောင်းများဖြင့် ပိတ်ဆို့ထားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များက လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အတားအဆီး များအား ရှင်းလင်း ခြင်းများ ဆောင်ရွက်ကြ သည်။
