Jun 15, 2021
တိုင်းဒေသကြီး ပြည်နယ်များရှိ ရေမြေအခြေအနေနှင့်ဆီလျော်သည့် ဒေသများတွင်လည်း မွေးမြူရေးဇုန်များ ဖော်ထုတ်လုပ်ကိုင်နိုင်ရေးကို အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ လွှတ်ကျောင်း မွေးမြူရေးစနစ်မှ စိုက်ပျိုးထုတ်လုပ်ပြီး မွေးမြူသည့်စနစ်သို့ ကူးပြောင်းဆောင်ရွက်ရန် တိရစ္ဆာန်အစားအစာပင်များ လိုအပ်ကြောင်း ဇွန် ၁၃ ရက်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ ဌာနဆိုင်ရာများ၊ ဒေသနေ တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
Jun 15, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Jun 15, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 15, 2021
ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ဇွန် ၁၂ ရက် က စစ်ကိုင်းတံတားအနီး၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ငါးမျိုးစိုက်ထည့်ပေးသည်။
Jun 15, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ ရုံးအမှတ် (၄၈) နှင့် လူမှုဖူလုံရေးရုံး ပတ်ဝန်းကျင်တို့၌ (၃)နေရာခွဲ၍ ကျင်းပသည်။
Jun 15, 2021
ဘဝနတ်ထံ စံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဈေးကုန်းဆရာတော်ဘုရားကြီး၏ သရီရဓာတု ပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အနီးရှိ ပေါင်းလောင်းမြစ်ဆိပ်ကမ်း၌ ကျင်းပသည်။
Jun 15, 2021
၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ပြန်လည်တင်ပြရမည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ သဘောထားမှတ်ချက်များ (Recommendations)ကို ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 15, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်နှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ သည်။
Jun 15, 2021
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Jun 15, 2021
မေလ ၁ ရက်မှ ၁၀ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ သတင်းထုတ်ပြန်ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူနှင့် ဝက်လက် မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ရေး၊ ချောင်းဆုံနှင့် သံဖြူဇရပ်၊ ချင်း ပြည်နယ် တီးတိန်နှင့် တွန်းဇံ၊ မကွေး တိုင်းဒေသကြီး မြို့သစ်နှင့် မြိုင်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်။ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်း၊ ကျွန်းစုနှင့် လောင်းလုံ စသည့်မြို့နယ် များ၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲ လက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးနိုင်ခဲ့သည်။
Jun 15, 2021
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော NUG၊ CRPH အဖွဲ့များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူထူလုများ သေကြေဒဏ်ရာရရှိ၍ အကြောက် တရားလွှမ်းမိုးနေစေရန် ရည်ရွယ်၍ အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများကို ကျူးလွန်လျက် ရှိသည့်အပြင် အဆိုပါလုပ်ရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက်စစ်သင်တန်း နှင့် ဖောက်ခွဲ ရေးသင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ် လာမှုမရှိစေရေး တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူရှာဖွေဖော်ထုတ် ဖမ်းဆီးမှုများကို အလေးထား ဆောင်ရွက်ရှိသည်။
Jun 15, 2021
ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင် မောင်ဦးက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏သတင်းစာ ရှင်းလင်းပွဲအမှတ်စဉ် (၆/၂၀၂၁)သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာ သမားအားလုံးကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်ပါကြောင်း။
Jun 15, 2021
ဇွန် ၁၃ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့ စီတီး ရပ်ကွက် ကောင်းမှုတော်ဘုရားဝင်းတွင် Probox ယာဉ်တစ်စီးကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဇော်မင်းထိုက်(ခ)ဇော်ကြီးနှင့် ပြည့်ဖြိုးအောင်(ခ) ပြုံးချိုတို့ကို စိတ်ကြွရူး သွပ်ဆေးပြား ၄၉၂၇၅ ပြား၊ အိုက်စ် သုည ဒသမ ၀၀၁ ကီလို သိမ်းဆည်းရမိသည်။
Jun 15, 2021
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့အား ဇမ္ဗူသီရိမြို့နယ်၊ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့အား ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ စစ်ဆေးမှု စတင်ဆောင်ရွက်သီးသန့်တရားရုံး၌ စစ်ဆေးမှု စတင်ဆောင်ရွက်
Jun 15, 2021
ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာ ရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာ သဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ ၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်သည်။
Jun 15, 2021
(၃၉) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (39th Senior Officials Meeting en Energy (SOME) and Associated Meetings) ကို ယနေ့တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကြီးမှူးကျင်းပလျက် ရှိရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) (gdy လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်သည်။
Jun 15, 2021
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကိုကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များကတမူးမြို့ တပ်စခန်းရိပ်သာအစည်း အဝေးခန်းမ၌ ဇွန် ၁၃ ရက်က သွားရောက် တွေ့ဆုံ အမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် Mask များကို ထောက်ပံ့ ပေးအပ်သည်။
Jun 15, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦးနှင့်အတူ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးသို့ ရောက်ရှိပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးမှ အုပ်ချုပ်မှုဆိုင်ရာနှင့် ရှမ်းပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများအတွက် တူညီဝတ်စုံများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ ပေးအပ်၍ ဝန်ထမ်း အိမ်ရာများနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
Jun 15, 2021
ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခုခုမြန်မာနိုင်ငံအတွင်း ဝင်ရောက် နေပြီလားဟု မသိနိုင်သေးသော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း ပို၍မြင့်မားလာနေသည်ကို တွေ့မြင်နေရသည်။ မိမိတို့နိုင်ငံနှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင်မူ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုတို့က စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေ သည်။ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပိုမိုမြန်ဆန် မြင့်မားလာသည့်အခါနိုင်ငံအနေဖြင့် ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန်ထမ်းလာရပြီး ဆေးဝါးပြတ်လပ်မှု၊ ဆေးရုံခုတင်မလုံလောက်မှု၊ အောက်ဆီဂျင်ပြတ်လပ်မှု၊ ဆရာဝန် နှင့်သူနာပြုများ မလုံလောက်မှုတို့နှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးနိုင်တော့သည့် ဖြစ်စဉ်များကို ကိုဗစ်- ၁၉ ကပ်ရောဂါပထမလှိုင်း၊ ဒုတိယလှိုင်းကာလများအတွင်း ကမ္ဘာ့နိုင်ငံအချို့ ရင်ဆိုင်ခဲ့ကြရသည်။
