Jun 18, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့တွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရှိ Myanmar Convention Centre (MCC) သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး သည်။
Jun 18, 2021
ဒုတိယဦးစီးမှူးရာထူးအဆင့်မှ ဦးစီးအရာရှိရာထူးအဆင့်သို့ တိုးမြှင့်ပေးနိုင်ရေး အရည်အချင်း စစ် စာမေးပွဲလာရောက်ဖြေဆိုကြသည့် အမှုထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည့် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေး ရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jun 18, 2021
(၁/၂၀၂၁) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမမှ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jun 18, 2021
(၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၇၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး မင်္ဂလာခန်းမ၌ကျင်းပသည်။
Jun 18, 2021
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် သပြေဝပင်မဓာတ် အားခွဲရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 18, 2021
Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Jun 18, 2021
ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ မြို့မဈေးကုန်း ကျောင်းတိုက်ကြီး ဦးစီးပဓာန မဟာနာယက၊ အဘိဓမ္မာသင်တန်းနည်းပြချုပ် ဆရာတော် ဘဒ္ဒန္တတေဇောသာရ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠာန ပူဇာသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ မြို့မဈေးကုန်းကျောင်းတိုက်၌ ကျင်းပသည်။
Jun 18, 2021
မန္တလေးတိုင်း၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။
Jun 18, 2021
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 18, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Central Command Center ခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ကောင်စီဝင်များ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်းမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
Jun 18, 2021
စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 18, 2021
၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်-တပ်ကုန်း အမှတ် (၁) လမ်းဘေးရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးသည်။
Jun 18, 2021
(၁၇-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄.၄၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၀၁) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၆၆,၄၂၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၇,၀၆၉) ဦး ရှိပြီ ဖြစ်ပါသည်။
Jun 18, 2021
စစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအားတားဆီး၊ ထိန်းချုပ်နိုင်စေရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဌာနခွဲဝန်ထမ်းများသည် ဇွန် ၁၅ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင်
Jun 18, 2021
၁၅−၆−၂၀၂၁ ရက်နေ့တွင်ဖြစ်ပွားသည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမ ကျေးရွာ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ CNN နှင့် Reuters သတင်းဌာနများက ၎င်းကျေးရွာ မီးလောင်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သယောင် သတင်းမှားများ ရေးသား ဖော်ပြ၍ ၁၇−၆−၂၀၂၁ ရက်နေ့တွင် ၎င်းတို့၏ သတင်းစာမျက်နှာများတွင် ကျင့်ဝတ်သိက္ခာမဲ့စွာ ရေးသားဖော်ပြsခဲ့ပါသည်။
Jun 18, 2021
လူ့သဘာဝ၊ လူ့စိတ်အရ ကောင်းမှုတွင် စိတ်သည် ပျော်မွေ့လေ့မရှိဘဲ မကောင်းမှုတွင်သာ စိတ်ပါ ဝင်စားလေ့ရှိကြသည်။ စိတ်၏စွဲလမ်းမှုကကြောက်စရာကောင်းလှသည်။ မကောင်းမှန်းသိပါ လျက် ငြိတွယ်လွယ်လွန်းလှသည်။ အသစ်အဆန်း တွေ့လျှင် စမ်းသပ်ကြည့်ချင်စိတ်က ခေါင်းထောင် လာသည်။ မကောင်းသောအလေ့အကျင့်မှာမူ မီးတောက်ပမာလောင်ကျွမ်းတတ်ပြီး အဆိပ်ပမာ အသက်ကို လွယ်ကူစွာ နုတ်ယူနိုင်စွမ်းရှိပေသည်။
Jun 18, 2021
အာဆီယံပူးတွဲညှိနှိုင်းမှု အစည်းအဝေး(Joint Consultative Meeting) ကို ယနေ့မွန်းလွဲ၁ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ ရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပါဝင်တက် ရောက်ဆွေးနွေးသည်။
Jun 18, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပညာရေးဝန်ကြီးဌာန၏ အသုံးချဘာသာရပ်ပေါင်းစုံ သင်ယူလေ့လာနိုင်သော တက္ကသိုလ် တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင်နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jun 18, 2021
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအား ဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေ 69 (Knowledge Sharing Program-KSP) အစီအစဉ်အရ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေး ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ကျင်းပ သည်။
