Jun 13, 2021
လောကသဘောသဘာဝအရ သူတစ်ပါးအကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်လျှင် မိမိ၏ အကျိုးစီးပွားလည်း ပြန်လည်ဖြစ်ထွန်းလာမည်မှာ သေချာသည်။ တရားတော်၏ သဘောအရ တူသောအကျိုးပေးသည် မလွဲမသွေခံစားရမည်သာဖြစ်သည်။ နယူတန်၏နိယာမအရ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်။ ထို့ကြောင့် မိမိပြုလုပ်သော ကောင်းသော၊ ဆိုးသောအမှုတိုင်းအတွက် တူညီသော အကျိုးသက်ရောက်မှုရရှိမည်မှာ မလွဲဧကန်ဖြစ်သည်။
Jun 13, 2021
လူတို့၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေသည့် အရာများတွင် အရက်သည်လည်း ထိပ်ဆုံး၌ပါဝင်သည်။ အရက်သောက်သုံးမှု ပမာဏနည်းခြင်း၊ များခြင်းဆိုသည်ထက် အရက်ကို စ၍ သောက်လိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်တွင် ထိခိုက်မှုစတင်ဖြစ်ပေါ် သည်ဟုလည်း ဆိုကြသည်။ အရက်က လူတို့၏ ကျန်းမာရေးကို မည်သို့ထိခိုက်စေသည်ဖြစ်စေ၊ ဘာသာတရား တို့အရလည်း မည်သို့တားမြစ်ထားသည်ဖြစ်စေ အရက်သောက်သူပမာဏမှာ နှစ်စဉ် တိုး၍ တိုး၍ လာနေသည်ဟုလည်း သိရသည်။
Jun 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၆/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jun 12, 2021
(၁၁-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၁၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၆၆) ဦး တွေ့ရှိရပါသည်။
Jun 12, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးမဂ္ဂဇင်း စာအုပ်ထုတ်ဝေရေးနှင့် ပွဲတော်များ ကျင်းပရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးရန်ကျော်နှင့်အဖွဲ့အား ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
Jun 12, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံရွာသူရွာသားများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို လိုအပ်သည်များမှာကြားပြီး ရွာသူရွာသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
Jun 12, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့ရှိ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jun 12, 2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်း မြို့၊ မင်းရပ်ရပ်ကွက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ငွေကျပ် သန်း (၁၀၀) ဖြင့် “Marked Panorama Co., Ltd” က တင်ဒါအောင်မြင် ဆောက်လုပ်ပြီး စီးခဲ့သော အလျားပေ (၉၀) ၊ အနံပေ (၃၀) ၊ အမြင့် (၁၈)ပေရှိ Cyclone Shelter ဆောက်လုပ် ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 12, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ရှိ ဝါကြိတ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝါကြိတ် စက်ရုံများ လည်ပတ်ရန်အတွက် ဝါကြိတ်စက်များကိုလည်း ပြန်လည်စစ်ဆေးပြုပြင်ထားရမည် ဖြစ်ကြောင်း၊ စက်ရုံများ၏ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေး ထားဆောင်ရွက်ရန် မှာကြားပြီး ဝါကြိတ်စက်များ ပြုပြင်နေမှုများကို လှည့်လည်စစ်ဆေးသည်။
Jun 12, 2021
ဒုတိယအကြိမ်မြောက် အာဆီယံ-တရုတ် “Friend and Cooperation” ဇာတ်ကားတိုပြိုင်ပွဲဖိတ်ခေါ် ခြင်း
Jun 12, 2021
ဘဝရဲ့ နေ့ရက်အတော်များများကို စာပေလောကအတွင်းမှာမြှုပ်နှံရင်း တိုင်းပြည်နဲ့ ပြည်သူ အတွက် အမျိုး၊ ဘာသာ၊ သာသနာအတွက်၊ ယဉ်ကျေးမှုနှင့် အသိပညအတွက် ပါရမီဖြည့်ကြ သူများ စွာရှိပါတယ်။
Jun 12, 2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးရန် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို ကာကွယ် ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးနေမှု၊ ကာကွယ် ဆေးထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှုအားပေး ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူးနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ကာကွယ်ဆေး ထိုးနှံနေမှုများကို လိုက်လံရှင်းလင်း ပြသသည်။
Jun 12, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
Jun 12, 2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအားခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒေသခံ ပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိ သည်။
Jun 12, 2021
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ လက်လုပ်သေနတ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
Jun 12, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Jun 12, 2021
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်း ဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူအမျိုးသား ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 12, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်ဟောင်းအား အကြမ်းဖက်သူများက လုပ်ကြံပစ် ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 12, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေ သင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သူများက စာသင်ကျောင်းအား မီးရှို့ဖျက်ဆီး မှုပြုလုပ်ခဲ့ ကြောင်းသိရသည်။
Jun 12, 2021
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
