Skip to main content

Feb 21, 2020

ပုသိမ် ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အစိုးရသစ်လက်ထက် တိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု ကတ်တစ်သန်းပြည့်မြောက်ခြင်းအထိမ်းအမှတ်အခန်းအနားကိုယနေ့နံနက်ပိုင်းကမြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

မန္တလေး ဖေဖော်ဝါရီလ ၂၁

ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀)နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (မန္တလေး)တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၁

ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Centre-YCCတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးအောင်ဝင်း က ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်ကောင်း၊ (GPI)MyanmarCo;Ltdမှ Mr.Anothai.Eamlumnowက မြန်မာနိုင်ငံတွင် ကားပြပွဲကျင်းပရခြင်း အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

မန္တလေး ဖေဖော်ဝါရီလ ၂၁

ရတနာပုံတက္ကသိုလ် (၂၀) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ပညာရေးအထောက်အကူပြု နည်းပညာပြပွဲ၊ ဟောပြောပွဲဖွင့်ပွဲနှင့် ဘာသာရပ်ပေါင်းစုံ စျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် မျက်နှာစာရှေ့တွင် ကျင်းပသည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးကအဖွင့်အမှာစကားနှင့် ပါမောက္ခချုပ် က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရလွယ်ကူမှု အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၀

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) အရ၂၀၁၉ ခုနှစ်၏အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၀ ပြည့်နှစ် အတွက် ဦးစားပေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ ထုတ်ပြန် လိုက်သည်။

၂၀၁၉ ခုနှစ်၏ အဓိကဆောင်ရွက်မှုများ

တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်အမှုများ ပြီးပြတ်မှုနှုန်းကို ၉၉.၅၇% သို့ တိုးတက်အောင် ဆောင်ရွက်ခြင်း၊

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂ဝ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနက ကြီးမှူး ကျင်းပသော “မြန်မာ့အစဉ်အလာ ဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁

 

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၁/၂၀၂၀) ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသာထွန်းကျော်မှ ဉီးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က လမ်းညွှန်ပြောကြားရာတွင် -

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်မြို့ လသာမြို့နယ် အမှတ်(၂) ရပ်ကွက် လမ်းမတော်လမ်းရှိ သံဈေးတွင် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ကာ အဆိုပါ အဆောက်အအုံအတွင်း ပိတ်မိနေသူများကို မီးသတ် တပ်ဖွဲ့က ဘေးအန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၀

နယ်စပ်ဒေသ၊ ကျေးလက်ဒေသရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင် ရေး၊ မူးယစ်အန္တရာယ် တိုက်ဖျက်ရေး တို့ကို စီမံချက်ချမှတ်ကာ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေး အသင်းမှ အသင်းနာယကနှင့် အမှုဆောင်များ၊ ဂုဏ်ထူးဆောင် သံတမန်တို့အား ဂုဏ်ပြုပွဲကို ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၀


အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအောက်ရှိ အထောက်အကူပြုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်း နှင့် ဂျပန်နိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းပြီး "Myanmar National Symphony Orchestra Concerts 2020" တေးဂီတ ဖျော်ဖြေပွဲကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

၂၄ နာရီ မပြည့်သေးမီ ရန်ကုန်မြို့လယ်ဒေသများ၌ မီးနှစ်ကြိမ် လောင်ခြင်းဖြင့် ယခုနှစ်၏ ခြောက်သွေ့ရာသီ မီးဘေးအန္တရာယ်တို့ နိဒါန်းပျိုးလိုက်ပြီဖြစ်ရာ နောက်ထပ်မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်မှုများနှင့် အတူတစ်ရံမလပ် သတိပြုကြရတော့ မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့၌ သွားရောက်ပညာသင်ယူနေသည့် ပညာတော်သင် ဝန်ထမ်းများအား COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်ရန် သွားရောက်ခေါ်ယူရာတွင် Myanmar National Airline မှ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်