Skip to main content

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်သဘာ၀ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တော် ရုပ်သံလိုင်း (City Channel) ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ဟားခါး    ဖေဖော်ဝါရီ      ၂၃

ချင်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအသုံးချနိုင်ရန်အတွက် မတည်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆောင်ရွက်ခဲ့ကြသည့် ခရိုင် ၊မြို့နယ်ရုံးများ စံပြဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ နည်းပြများအား ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုသည့် ဂုဏ်ပြုညစာစားပွဲကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၆နာရီက ချင်းပြည်နယ် ဟားခါးမြို့ ခိုင်ကမ်း အားကစားရုံ၌ ကျင်းပပြုလုပ်သည်။   

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဲတောရိုးစုံ တံတားသစ်အား ၂၀၂၀ ပြည့်နှစ် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မုဒုံ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ် မုဒုံမြို့ စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစာရိယနှင့် (၆၂) ကြိမ်မြောက် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ် က္ကုစ္ဆာသယသာသနာ့ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ရန်ကုန် ဖေဖော်ဝါရီ  ၂၃

ရန်ကုန်မြစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်က ရန်ကုန်ပန်းဆိုးတန်း/ဒလ ကူးတို့ရေယာဉ်ဆိပ် ဒလဘက်ကမ်း၌ ချယ်ရီ(၁)သင်္ဘော ထွက်ခွာစပြုနေစဉ်  အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံ ဗောတံတားပေါ်သို့ ပြန်လည်ခုန်တက် မှုကြောင့် မြစ်အတွင်း ခြေချော်ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ကျောက်ကြီး ဖေဖော်ဝါရီ   ၂၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကျောက်ကြီးမြို့နယ် မဲပုတ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာ၌ ယနေ့နံနက်၁၀နာရီက ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ မြေ၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (MLIT)တို့၏ (၇)ကြိမ်မြောက် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Prime Hill Business Square ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်သူများသည် ပန်းပွဲတော်တွင် စိုက်ပျိုးထားသည့် ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံအလှကို ခံစားအပန်းဖြေရင်း အထူးစည်ကား လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် လှေလှော်၊ ဘတ်စကက်ဘောပြိုင်ပွဲများကို ယနေ့ နံနက်က သတ်မှတ်ထားသည့် နေရာများ၌ ဆက်လက်ကျင်းပသည်။ ပညာရေးဝန်ကြီးဌာနတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ် လှေလှော်ပြိုင်ပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပရာ ရိုးရာလှေပြိုင်ပွဲတွင် (အပေါ်ပုံ) အမျိုးသား၊ အမျိုးသမီး ၁၀ တက် မီတာ ၁၀၀၀၊ မီတာ၅၀၀၊ ၁၀ တက်လှော် Mixed မီတာ ၁၀၀၀၊ မီတာ ၅၀၀၊ အမျိုးသား၊ အမျိုးသမီး အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

သာစည် ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးနှင့် ကျေးရွာတွင်း (VDP) ကွန်ကရစ်လမ်းဖွင့်ပွဲ၊ သဲပုံကျေးရွာအုပ်စု သဲပုံ၊ ရင်ဇင်း၊ သဲကုန်းကျေးရွာ၊ သာဂရကျေးရွာအုပ်စု သာဂရကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကို  ယမန်နေ့က  အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မိုဘိုင်းဖုန်းစစ်တမ်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်မှာ မိုဘိုင်းဖုန်း အသုံးပြုနေ ကြသည်။ အသက်အရွယ်အားဖြင့် ဆိုလျှင် ၁၅ နှစ်မှ ၆၅ နှစ်အတွင်း အသုံးပြုမှု ပိုမိုများပြားပြီး ထိုထက်မကပင် ပိုမိုနိုင်သည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဖုန်း အော်ပရေတာများသည် ပြည်သူ လူထုအား မိုဘိုင်းဖုန်းဆင်းမ်ကတ် သန်း ၅၀ နီးပါးရောင်းချပြီးဖြစ်ရာ အသုံးပြုသူ လူတစ်ဦးလျှင် ဆင်းမ်ကတ်တစ်ခုမက ကိုင်ဆောင်ထားသည့် အနေအထားရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မန္တလေး   ဖေဖော်ဝါရီ   ၂၂

အထက်မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ ဆန်းသစ်တီထွင် ဖန်တီးထားသည့် နည်းပညာရပ်ဆိုင်ရာပစ္စည်းများနှင့် လက်မှုဆိုင်ရာ ပစ္စည်းများ စုပေါင်းပါဝင်ပြသသည့် MakerFest Myanmar 2020 ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Jefferson Center တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ  ၂၂

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက် ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် ဆက်သွယ်ရေးအရာရှိ (International Health Regulation (IHR) focal point) များနှင့် ချိတ်ဆက်၍ သတင်းပေးပို့ဖလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ   ၂၂

တပ်မတော် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၂

မောင်တောမြို့နယ် လောင်းဒုံချောင်း တံတားအောက်မှ လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိသဖြင့်  သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် စပယ်ကုန်းကျေးရွာအနီး ၊ လောင်းဒုံ - ငါးခူရကားလမ်းမှ  အရှည် ပေ ၆၀၊ အကျယ် ၁၆ ပေ ခန့်ရှိ လောင်းဒုံချောင်း ကွန်ကရစ်တံတား အောက် ယက်မ နှစ်ခုအကြား (ငါးခူရဘက်ခြမ်း တံတားချဉ်းကပ်လမ်းထိပ်) ၌ မိုင်းဟု ယူဆရသော အထုပ်တစ်ထုပ် တွေ့ရှိ သဖြင့် တာဝန်ရှိသူများက  ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မြစ်ကြီးနား   ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှ ကျောင်းသား/သူများ၏ စွမ်းရည် ပြသပွဲ (Student’s Talent Show Kachin State -2020) ကို ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား/သူများ၏ တင်ပြမှုအပေါ် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းတွင် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

နေပြည်တော်   ဖေဖော်ဝါရီ  ၂၂

မကွေးတိုင်းဒေသကြီးအတွင်း Coronavirus Desease (COVID-19)  လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်