Feb 22, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၂
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 21, 2020
နွေပေါက်လာပြီဆိုသည်နှင့် မြန်မာပြည်တစ်လွှားတွင် သစ်ပင်ကိုင်း ဖျားတို့ပေါ်က ဥဩသံချိုမြမြကို ကြားရပြီ။ စိမ်းရွက်သစ်ပုရစ်ဖူးနုများနှင့် ရွက်ဝါဏ်ကြွေတို့ ပြိုင်တူစုံဖက် လင်းလက်ဝင်းဝါသော၊ လှပလင်းပွင့်သော အချိန်အခါသမယ ဖြစ်ပေသည်။
သည်လိုအချိန် လမ်းမများထက်က ရှည်ရှည်လျားလျား ဆွဲငင်လိုက်သော မီးသတ်ဥဩသံများကမူ နိုင်ငံသားတို့အဖို့ စိုးရိမ် ထိတ်လန့်စရာများ၊ ပူပင်စရာများနှင့် ခြောက်ခြားနေစေပေသည်။
မီးဘေးအန္တရာယ်သည် မြန်မာနိုင်ငံအဖို့ နှစ်စဉ် တစ်နှစ်ပတ်လုံး လိုလို ခြိမ်းခြောက် နေသည်ဖြစ်သော်လည်း ယခုလို နွေပေါက်လာပြီ ဆိုလျှင်ဖြင့် ပို၍စိုးရိမ်နေရသည်မှာ အမှန်။
Feb 21, 2020
မုံရွာ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ နံနက် ၉ နာရီက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆင်နင်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော ဆင်နင်းဗိုလ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်သည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
သတ္တမအကြိမ် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယလက်ထောက်ဝန်ကြီးနှင့် ကုလသမဂ္ဂရေးရာ တာဝန်ခံသံအမတ်ကြီး မစ္စတာ Osamu Yamanaka တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်သည်။
Feb 21, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၁
၂၀၁၉ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရန် နောက်ဆုံးတင်သွင်းရမည့်ရက်ကို မူလက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူ တင်သွင်းရန် နောက်ဆုံးရက်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်အထိ တိုးမြှင့် လိုက်ကြောင်း သိရသည်။
ပခုက္ကူစာပေဆုတွင် သတ်မှတ်ထားသည့် ဘာသာရပ် (၅) မျိုးအတိုင်း ပြိုင်ပွဲဝင်စာမူများကို ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ကြသည်။
Feb 21, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၁
၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆုအဖွဲ့ကြီး (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စာပေဗိမာန် စာမူဆုရ စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)က အမှာစကား ပြောကြားသည်။
Feb 21, 2020
ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း နိုင်ငံတော် ဓာတ်အားစနစ် မရောက်ရှိသေးသော ကျေးရွာ(၁၇)ရွာသို့ မာန်မြင့်ဟိန်းကုမ္ပဏီလီမီတက်မှ (၂၄)နာရီပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီက တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ ဘောလုံး အားကစားကွင်း၌ ပြုလုပ် ကျင်းပသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် သန်လျင် - သီလဝါ တိုးချဲ့လမ်းမကြီး စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် သန်လျင်မြို့နယ်၊ သန်လျင် တံတားအနီးတွင် ကျင်းပသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံ များနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 21, 2020
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်းသား ကျောင်းသူတို့ ကြိုးစားနေကြပြီ။ တစ်နှစ်တာ သင်ယူလေ့လာ ကျက်မှတ်ခဲ့သမျှ ဘာသာရပ်အလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူ တို့ မည်မျှနားလည် တတ်မြောက်ခဲ့ပြီ လဲဟူသည်ကို မကြာမီ ကျင်းပတော့မည့် စာမေးပွဲက ဆန်းစစ်မှာ ဖြစ်ရာ ယခုအချိန် ကာလသည် မိမိတို့တစ်ဦးချင်းဆီတွင် လိုအပ်နေသည့် အားနည်းချက်များကို ဖြည့်ဆည်းနိုင်သည့် အချိန်ပင်ဖြစ်သည်။
Feb 21, 2020
ယခုအခါ ပူပြင်းခြောက်သွေ့သော နွေဦးရာသီကာလသို့ ရောက်ပြီဖြစ်သည်။ ပူပြင်းသော နွေကာလတွင် သတိပြုရမည့် အချက်မှာ မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါး ပါဝင်သည်ကို သိရှိကြသော်လည်း ထိုရန်သူကို သတိမမူသောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုနှင့် ကြုံနေကြရသည်။ နွေဦးတွင် မြန်မာပြည်တစ်လွှား မီးလောင်မှု ဖြစ်စဉ်များ ကြုံတွေ့ ကြားသိလာရသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တာဝေးစက်ဘီး အားကစားကွင်း၌ ကျင်းပသည်။
Feb 21, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) ဒုတိယနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ပဲခူးတိုင်းဒေသကြီး၊ အကျဉ်း ဦးစီးဌာန လက်အောက်ရှိ ပြည်အကျဉ်းထောင်နှင့် ပေါင်းတည်အချုပ်ထောင်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ School Bus အစီး (၆၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
နေ၊ ဂြိုဟ်တု နှင့် TVRO (စလောင်း) တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်လေ့ရှိရာ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။
Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁)ကြိမ် ကြုံတွေ့ရလေ့ရှိသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 21, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူ့ (United States Institute of Peace, USIP) တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီနည်းကျ စီမံထိန်းကျောင်းခြင်း ဆွေးနွေးဖလှယ်ပွဲအား ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ Park Royal Hotel ၌ ကျင်းပသည်။
Feb 21, 2020
မကွေး ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မကွေးခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် တိုင်းဒေသကြီးချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းမြတ်ထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားကျင်းပရာ ချင်းတိုင်းရင်းသား တိုင်းရင်းသူများ၏ တိုင်းရင်းသား ရိုးရာအကအလှဖော်ဖြေမှု အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
