Skip to main content

Oct 02, 2020

၁။ (၁-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၀၁၀) ဦး၏ မြို့နယ်အလိုက် တွေ့ရှိ ရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၅၄)ဦးအား မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ စီစဉ်သည့် ဒုတိယကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း၊ စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၇) ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှစီစဉ်သည့် အကြိမ် (၂၀) မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေပိုင်းတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီးပြန်လည် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပသည့် Digital Media Trends and Opportunities Webinar ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက် မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး Digital Media Guide to Work-From-Home ခေါင်းစဉ်နှင့် Digital Media Monetisation Opportunities & Challenges ခေါင်းစဉ် များဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား ပူးပေါင်းပါဝင်ကူညီနိုင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း(Myanmar Private Hospitials Association) ကိုယ်စားပြု၍ ရန်ကုန်မြို့ရှိကိုဗစ်-၁၉ ရောဂါကုသရေးဌာန များတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် အထက်မြန်မာပြည်ဆေးရုံကြီး(၇)ခုမှ ဆရာဝန်/သူနာပြု(၄၉)ဦးတို့ ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွား ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (အထက်မြန်မာပြည်)ကိုယ်စားပြု၍ ရန်ကုန်သို့သွားရောက်ကြမည့် လုပ်အားပေး ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့တော်ဆေးရုံတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်မှ အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီခွဲအချိန်က တောင်ကြီးမြို့နယ် တောင်လေးလုံး၊ ခေါင်တိုင်လမ်းခွဲတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကျန်းမာရေးစစ်ဆေးဂိတ်တွင် တာဝန်ကျထမ်းဆောင်နေသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ Volunteer အဖွဲ့များအား ထောက်ပံ့ငွေကျပ်(၁၀)သိန်း ပေးအပ်ရာ တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

မုံရွာ အောက်တိုဘာ ၂ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ် (၁) နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရွှေဘိုမြို့ ညောင်ပင်သာကျေးရွာအုပ်စု ကံသာကုန်းကျေးရွာတွင် (၁၄)ရက်ကြာ အသွားအလာ ကန့်သတ်ထားသူများအား

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

ဂျာမနီနိုင်ငံသမဝါယမအဖွဲ့ချုပ် (DGRV)နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာန တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာနိုင်ငံ အတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ စာချုပ် (MoU) လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် အွန်လိုင်း အစီအစဉ်ဖြင့် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီနိုင်ငံသံရုံး Head of Development Cooperation ဖြစ်သူ Ms. Marianna Knirsch၊ DGRV ရုံး မြန်မာနိုင်ငံ ကိုယ်စားလှယ် Project Director, Mr. Marc Andre Zach နှင့် DGRV မှတာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေး ကင်းဝေးစေရေးအတွက် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္ မဇော တိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူး ပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့ သည် အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ပူဇော် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2020

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် ပိုးရှိလူနာများနှင့် ထိတွေ့ထားသောသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရေးလုပ်ငန်းစဉ် နည်းဗျူဟာအဖြစ် တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် ဆောင်ရွက်နေသည်။ ပိုးတွေ့လူနာများကိုလည်း ဆေးရုံများတွင်ထားရှိပြီး ရောဂါပျောက်ကင်း သက်သာအောင် အလေးထား ဆောင်ရွက်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

(၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၃၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၀၁၀)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း ခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

အင်္ဂလန်နိုင်ငံ အခြေစိုက် Tropical Health and Education Trust (THET) အဖွဲ့၏ (၂၀၂၀) ပြည့်နှစ်၊ နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီခွဲက Video conferencing စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး အဖွင့်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ပြန်ကြားရေးကဏ္ဍတိုးတက်ပြောင်းလဲမှုများ (၂၀၁၆-၂၀၂၀)

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦး ဖွင့်လှစ် ခြင်း (Soft Opening) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ Zoom Application ဖြင့် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2020

အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ ယင်းနှင့် ပူးတွဲ ကျင်းပ သော US-ASEAN Business Council – ASEAN Finance Minister and Central Bank Governors' Meeting ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်