Oct 05, 2020
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးတင်မောင်ဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
Oct 05, 2020
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ သရေစည်သူ ဦးစိုးမောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Oct 05, 2020
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Oct 05, 2020
ကရင်ပြည်နယ် ဘားအံခရိုင် အာရှလမ်းမကြီးအမှတ် (၁) နှင့် အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ် ဂျိုင်းမြစ် ကိုဖြတ်၍ လေးလမ်းသွား ဂျိုင်း-ကော့ကရိတ် တံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာနက တည် ဆောက် လျက်ရှိသည်။
Oct 05, 2020
ကိုဗစ်-၁၉ ရောဂါပိုးတွေ့သံဃာတော်များအား အနီးကပ် ကြပ်မတ်ကုသစောင့်ရှောက်ထားရှိနိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသ ကြီး ကမ္ဘာအေးကုန်းမြေရှိ သာသနာ့ဆေးရုံ ဟောင်းဝင်းအတွင်း၌ ကြပ်မတ်ကုသဆောင် (HDU) ၃၆- ခုတင်နှင့် အထူး ကြပ်မတ်ကုသဆောင် (ICU) ၈-ခုတင်ပါဝင် သော ၄၄- ခုတင်ဆံ့ အထူးကြပ်မတ်ကုသဆောင်များအတွက် ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Oct 05, 2020
ပြည်ပနိုင်ငံများမှရောက်ရှိလာကြသည့် မြန်မာသင်္ဘောသားအလုပ်သမားများအား Sea Rangers (Myanmar Seafarers Donation Group)မှ ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ ဓမ္မမာမက ဓမ္မရိပ်သာနှင့် ဓမ္မရံသီ မိုးကုတ်ရိပ်သာ ကန့်သတ် စောင့်ကြည့်ရေးစင်တာတို့၌ ကုန်ကျစရိတ်များတာဝန်ယူ၍ ထားရှိပေးထားရာ ယနေ့အထိ စုစုပေါင်း ၃၁၁ ဦး ရှိနေပြီဖြစ် ကြောင်း Sea Rangers အဖွဲ့မှ သိရသည်။
Oct 05, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ဆက်သွယ်မေးမြန်းထား သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
Oct 05, 2020
ကိုဗစ်-၁၉ ရောဂါသည် ပရိယာယ်မာယာများလှသည်။ ရောဂါ၏ အတိမ်အနက်၊ ရောဂါဖြစ်ပွားမှု ပုံပန်းသဏ္ဌာန် လက္ခဏာကို ခန့်မှန်းရန်မှာ မလွယ်ကူပေ။ အထူးသဖြင့် ရောဂါပိုးရှိသော်လည်း ရောဂါရှိမှန်း မသိနိုင်သည်မှာ အလွန်ဆိုးရွားသောအချက် ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရောဂါပိုးတွေ့လူနာများတွင် ရောဂါလက္ခဏာမပြသသူ ၇၀ ရာခိုင်နှုန်း ကျော်ရှိ ကြောင်း အသိပေးထားသည်။
Oct 05, 2020
လူ့လောကကြီးတွင် သင်၏အကူအညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့် ကူညီပါ။ သင်၏အနားတွင် သင်၏ အကူ အညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့်ကူညီပါ။
Oct 04, 2020
(၃-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၁၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၉၄)ဦး တွေ့ရှိရပါသည်။
Oct 04, 2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားရသော ပြည်သူ များအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့သော ပစ္စည်း များကို ဘုတ်ပြင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၂ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း အဆိုပါရ ပ်ကွက်/ကျေးရွာ များသို့ သွားရောက်ခဲ့ပြီး အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေး အပ်ခဲ့သည်။
Oct 04, 2020
(၁၇) ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အွန်လိုင်းမှ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးသည်။
Oct 04, 2020
အရာတော်မြို့နယ် တောင်ရိုးကျေးရွာ တောင်သူဦးနိုင်ထူး၏ လျှော်ဖြူနှင့် သနပ်ခါး စိုက်ခင်း များကိုလည်းကောင်း၊ သစ်ကျင်းကြီးကျေးရွာ တောင်သူဦးဖိုးချွန်၏ ရွှေတောင် (၈) ချည်မျှင် ရှည်ဝါနှင့်ပဲစဉ်းငုံ သီးညှပ်စိုက်ခင်းများကိုလည်းကောင်း စစ်ကိုင်းတိုင်းဒေ သကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့်အဖွဲ့သည် အောက် တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး နှစ်ရှည်သီးနှံစိုက်ခင်းများကြား တွင် ရာသီသီးနှံများ ရောနှောစိုက်ပျိုးကြရန်၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများမှ အရည်အသွေး ကောင်းမွန်သော ဝါပေါက်များ ကောက်သိမ်းရရှိရေးအတွက် ဝါကောက်သိမ်းချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရန်နှင့် ဝါကောက်သိမ်းရာတွင် အလေအလွင့်မရှိစေရေး စနစ်တကျ ကောက်သိမ်းရန် ဆွေးနွေးသည်။
Oct 04, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အနီးတစ်ဝိုက်ဒေသများ၊ အီဂျစ်နိုင်ငံနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၆) ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ပထမဦးဆုံး အကြိမ်အဖြစ် စီစဉ်သည့် Titan လေကြောင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၇နာရီ ၃၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။
Oct 04, 2020
ပဲခူးတိုင်းဒေသကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် တိုင်းဒေသကြီးပြည်နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့်အပြင် ကုန်စည် ပို့ဆောင် ရေး အဓိကလမ်းကြောင်းပေါ်တွင်ရှိနေသဖြင့် ကုန်တင်ယာဉ်ကြီးများ နေ့စဉ်ဖြတ်သန်းသွား လာနေသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အားလျော်စွာ ယမန်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်တွင် ကုန်တင်ယာဉ် ကြီးများ အစီး(၅၀၀)ခန့် ပိတ်ဆို့နေကြောင်း သိရှိရ ပါသဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၄ ရက် နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ် စစ်တောင်းတံတား အနီးရှိ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက် သပြေကန်အခြေစိုက်စခန်း ရှင်းလင်းဆောင် တွင်မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Oct 04, 2020
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများ အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲခန့်က ကျောက်ရေတွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ပြုလုပ်ခဲ့သည်။
Oct 04, 2020
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းသည် ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၃ နာရီက ဒလမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး တာဝန် ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပြီး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 04, 2020
ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ‘ဆရာ’ ဆိုတာ အတော်လေး အရေးပါပါတယ်။ ကျွန်မတို့ဘဝမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးရှိနေပါ တယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာမပါဘဲ တတ်မြောက်တာ မရှိနိုင်ဘူးလို့ ကျွန်မကတော့ ဒီလိုပဲ ယုံကြည်ထားပါတယ်။ ကျွန်မလေ့လာဆည်းပူးခဲ့ပြီး ကျွန်မက ပြန်ပြီးသင်ကြားပေးနေတဲ့ ပါဠိစာပေတွေထဲမှာ လည်း ဆရာနဲ့ တပည့်အကြား ထားရှိရမယ့် လေးစားမှု၊ ရိုသေမှု၊ တန်ဖိုးထားမှုတွေ အများကြီးရှိနေပါတယ်။ ဆရာနဲ့တပည့် အပြန်အလှန်ထားရမယ့် ဝတ္တရားတွေ၊ တာဝန်တွေကိုတော့ ဗုဒ္ဓကသိင်္ဂါလသုတ်မှာ လမ်းညွှန် ထားတာ တွေ့နိုင်ပါတယ်။
Oct 04, 2020
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀ - ၂၀၂၄) အရ ဦးစားပေး လုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်း စီမံချက် ရေးဆွဲအကောင် အထည်ဖော်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 04, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
