Oct 04, 2020
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Oct 04, 2020
ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ ဦးစဝ်သာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
Oct 04, 2020
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ခိုင် (ခ) စူကျားခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တစ်ဆင့် ပေးပို့လာပါသည်။
Oct 04, 2020
ကျန်းမာရေးသည် လူတိုင်းလူတိုင်းအတွက် အရေးအကြီးဆုံး အခြေခံ လိုအပ်ချက်ဖြစ်ပါသည်။ အခြေခံကျန်းမာရေးကို ကိုယ်စီကိုယ်စီ တည်ဆောက်ထားနိုင်မှသာ ကြုံတွေ့လာရမည့် ရောဂါဘေးအန္တရာယ် အမျိုးမျိုးကို ကျော်လွှားသွားနိုင်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်အဖို့ အခြေခံ ကျန်းမာရေး ကောင်မွန်ခြင်းမရှိလျှင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး စသည့်ဘဝဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ကျန်းမာရေး တဖြည်းဖြည်း ဆုတ်ယုတ်ကာ နောက်ဆုံးတွင် ဘဝကိုအရှုံးပေးသွားနိုင်ပေသည်။
Oct 04, 2020
ယနေ့ ကမ္ဘာကြီးက အတုအပ ပိုမိုပေါများလာ၏။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းစုံ အစရှိသည့် နယ်ပယ်အသီးသီးတွင်ဖြစ်၏။ နိုင်ငံရေးသမားအတု၊ စာရေးဆရာ အတု၊ကဗျာဆရာအတု၊ အင်ဂျင်နီယာအတု၊ ပါရဂူအတု၊ ကျောင်းဆရာ အတု၊ ဆရာဝန်အတု၊ ပညာရှင်အတု၊ သူဌေးအတု စသည်ဖြင့် စုံလှ၏။ စီးပွားရေးနယ်ပယ်က အတုအပတို့ကမူ သူမတူအောင် များပြားပါ၏။
Oct 03, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့် ဒစ်ဂျစ်တယ်မီဒီယာ ရေစီးနှင့် အခွင့်အလမ်းများဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ (Digital Media Trends and Opportunities Webinar) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါဝင်စားသူများက သက်ဆိုင်ရာနေရာ အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
Oct 03, 2020
(၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၁၉၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၇၈)ဦး တွေ့ရှိရပါသည်။
Oct 03, 2020
မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ထွက်ခွာလိုသည့် သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ပါပူဝါနယူးဂီနီနိုင်ငံများတွင် ရောက်ရှိနေခဲ့ကြသော မြန်မာနိုင်ငံသားများ၊ မြန်မာသင်္ဘောသားများနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစီမံကိန်းများတွင် တာဝန်ထမ်း ဆောင်မည့် နိုင်ငံခြားသားခရီးသည်များ စုစုပေါင်း (၁၀၅) ဦး လိုက်ပါမည့် မြန်မာ အမျိုးသားလေကြောင်း Myanmar National Airlines (MNA) ၏ ပဉ္စမအကြိမ် အထူးကယ်ဆယ်ရေး လေယာဉ် UB-9802 သည် ၃-၁၀-၂၀၂၀ရက် (စနေနေ့)တွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ ဒေသစံတော်ချိန် နံနက် ၀၉:၄၀ နာရီတွင် ထွက်ခွာခဲ့ပါသည်။
Oct 03, 2020
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာထားမှု အခြေအနေနှင့် မြို့တွင်း ရေဝပ်တင်ကျန်နေသည့် နေရာများကို ကွင်းဆင်းစစ်ဆေးကြသည်။
Oct 03, 2020
ချင်းပြည်နယ်၊ ကျီခါးမြို့၌ ရောက်ရှိနေသည့် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁ဝ)နာရီအချိန်က ကျီခါးမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Oct 03, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
Oct 03, 2020
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
Oct 03, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မသန်စွမ်းရေးရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။
Oct 03, 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ခုတင် ၅၀၀ ပါဝင်သည့် အင်းယားလိတ် ကိုဗစ် စင်တာ ကို Yangon Convention Center (YCC) တွင် စတင်တည်ဆောက် လျက်ရှိသည်။
Oct 03, 2020
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ဇနီးသည်တို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း၊ ၎င်းတို့နှစ်ဦးလုံး ရောဂါပိုးရှိသူများကို သီးခြားကန့်သတ် ထိန်းချုပ်ထားသည့်ဌာနတွင် သွားရောက်နေရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန် ပါသည်။
Oct 03, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ မြင့်မားနေဆဲဖြစ်သည်။ မြို့နယ် အလိုက် သံသယရှိသူများကို ရောဂါရှာဖွေစစ်ဆေးပေးလျက်ရှိရာ ပိုးတွေ့လူနာများ မြို့နယ် အလိုက် ပေါ်ထွက်နေဆဲဖြစ်ပြီး နေ့စဉ်ပိုးတွေ့လူနာများ ရာနှင့်ချီ၍ရှိနေသည်။ အောက်တိုဘာ လ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၅၅၂၅ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရခဲ့သူ ၄၃၇၈ ဦး ရှိသည်။
Oct 02, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 02, 2020
(၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၈၉၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၄၂)ဦး တွေ့ရှိရပါသည်။
Oct 02, 2020
အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် US၊ EU Business Councils များ အကြားဆွေးနွေးပွဲ၊ ၁၆ ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ ၆ ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ (၂)ရက်နေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 02, 2020
(၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ် မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅) နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အောက်တိုဘာ(၁)ရက် နယူးယောက် စံတော်ချိန် နံနက် (၉) နာရီတွင် ကျင်းပသည်။
