Skip to main content

Mar 08, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၅၃၂၇၉ ဦး၊ အတွင်းလူနာ ၃၆၄၄ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက် ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်း၊ အမှတ်(၁၃/က) ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဖြစ်သူ ဒေါ်မြင့်မြင်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် အား CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား အားပေးအားမြှောက်ပြုမှုဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မရမ်းကုန်း မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

ဂျပန်နိုင်ငံ ကျိုတိုအပြည်ပြည်ဆိုင်ရာ ညီလာခံ စင်တာ၌ ကျင်းပသော 14th United Nations Congress on Crime Prevention and Criminal Justice သို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2021

နိုင်ငံ့ဝန်ထမ်းအများစုအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် CDM၌ ပါဝင်ခြင်းမရှိဘဲ သစ္စာရှိရှိ ဆောင်ရွက်နေမှုအပေါ် ခြိမ်းခြောက်အကျပ်ကိုင် ဖိအားပေးမှုဖြစ်စဉ်တစ်ခုအား ဆိုရှယ်မီဒီယာ မှတစ်ဆင့် မိမိကိုယ်မိမိသုံးဌာန ခေတ္တဝန်ကြီးအဖြစ် သတ်မှတ်ထားသည့် ဆေးကုသမှုမရှိသော ဆေးပညာ ရှင် ဦးဇော်ဝေစိုး က ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် တရားမဝင် ကြေညာချက်ထုတ်ပြန်ခြင်းဖြင့် ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

(၆-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၇-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၅၄၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၀၂,၄၅၃) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၀၃၄) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

၂၀၂၁ ခုနှစ်၊ မတ်လ (၇)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပါ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

ဟိုတယ်နှင့်ခရီးသွားကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ Aureum Place Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် တည်ငြိမ်လုံခြုံအေးချမ်းသာယာရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအတွက် ဦးတည်ရည်မှန်းချက် ထားကာ နိုင်ငံတော်အား နည်းမျိုးစုံအသုံးပြုဆန့်ကျင်လှုပ်ရှားနေသူများကို နိုင်ငံတော်နှင့် ပြည်သူ လူထု အကျိုးစီးပွား အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင် များအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ မတ်လ (၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာ ကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် (၂၀၂၁ ခုနှစ်၊ မတ်လ (၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး တို့မှ ရခိုင်ဒေသတွင် ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့သော အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့တွင် စစ်တွေမြို့အမှတ်(၃၆) ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

ရွှေဘို-ရေဦး အများပြည်သူသွား ကားလမ်းအား အတားအဆီးများချ၍ ပိတ်ဆို့ ဆန္ဒပြသူ(၂)ဦးအား အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်တကောင်းတိုက်နယ် ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံနှင့်ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက် ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၅၁၆၈၉ ဦး၊ အတွင်းလူနာ ၃၅၁၄ ဦးကို တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကိုဆေးရုံတင်ကာကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2021

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ဆူပူအော်ဟစ် ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်