Mar 10, 2021
ဒီမိုကရေစီစနစ်အရ ပြည်သူများအနေဖြင့် မိမိတို့၏ဆန္ဒများကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရကြသည်။ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရကြသည်။ လွတ်လပ်စွာဆောင်ရွက်ခွင့်ရ ကြသည်ဆိုသော်လည်း ထုတ်ပြန်ထားသော ဥပဒေနှင့်အညီ ဆောင်ရွက်ကြရသည်။ စည်းကမ်း ဥပဒေတို့ကို လေးစားလိုက်နာကြရသည်။ အများဆန္ဒအရ ဆောင်ရွက်ကြရာ၌ အနည်းဆန္ဒကို လည်း အလေးထားကြရသည်။ သို့မှသာ စည်းကမ်းရှိသော ဒီမိုကရေစီ၊ ခိုင်မာအားကောင်းသော ဒီမိုကရေစီစနစ် ဖြစ်ပေမည်။
Mar 10, 2021
၂၀၂၁ ခုနှစ် မတ် ၂ ရက် နံနက် ၈ နာရီတွင် လှိုင်မြို့နယ် ပါရမီလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ MICT ဝင်းအပေါက်ဝ၌ တက္ကသိုလ်ပေါင်းစုံ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ စုပေါင်းဆန္ဒပြရန် စုဝေးနေစဉ် CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သည့် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ ပါမောက္ခ ဒေါက်တာအာကာမိုးသူအား ဖမ်းဆီးရမိခဲ့သည်။
Mar 10, 2021
ဥတ္တရခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဥတ္တရသီရိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည်။
Mar 10, 2021
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် မန္တလေးမြို့ရှိ ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်သူ အောင်မှိုင်းဆန်းအား ဖမ်းဆီးရမိခဲ့သည်။ အောင်မှိုင်းဆန်းသည် အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံ မြို့နယ်များတွင် ဖေဖော်ဝါရီ ၈ ရက်မှ ၂၆ ရက်အတွင်း ဆူပူဆန္ဒပြမှုများ၌ စုစုပေါင်း ၁၇ ကြိမ် ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။
Mar 10, 2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့် ပြည်ပရောက် မြန်မာနိုင်ငံသား ရေလုပ်သားများအား အမြန်ဆုံးပြန်လည် ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လမ်းညွှန်ချက်အရ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ ဗိုလ်မှူးကြီး ကျော်လင်းဇော် ဦးဆောင်သော စစ်ရေယာဉ်(တပင်ရွှေထီး)သည် မတ် ၆ ရက်တွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှ အိန္ဒိယနိုင်ငံသို့ စတင် ထွက်ခွာခဲ့သည်။
Mar 10, 2021
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်အတွင်း မတ် ၈ ရက် နံနက်ပိုင်းက ဆူပူဆန္ဒပြသူ လူအုပ်စုများအနေဖြင့် အမျိုးသမီးဝတ်လုံချည်များအား အလံသဖွယ် ကိုင်ဆောင်ခြင်း၊ အမျိုးသမီးဝတ် လုံချည်များကို အများပြည်သူ အသုံးပြုသွားလာနေသော လမ်းကြောင်းများ၏ အပေါ်တွင် ကြိုးတန်းတန်း၍ ချည်နှောင်ထားခြင်း၊ ၎င်းအမျိုးသမီးဝတ်လုံချည်များ ပေါ်တွင် ဆရာတော်ကြီးတစ်ပါး၏ ရုပ်ပုံကားချပ်များကို ချိတ်ဆွဲထားခြင်းဖြင့် ဗုဒ္ဓဘာသာဝင်လူထုနှင့် သံဃာတော်များအနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရခြင်း၊ မခံမရပ်နိုင်ဖြစ်ရခြင်းများအတွက် သာသနာတော်ညှိုးနွမ်းအောင် ဆောင်ရွက်မှုများအတွက် လိုအပ်သလို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သည်။
Mar 10, 2021
ဥပဒေများပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 10, 2021
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရ ဝန်ထမ်းများအား CDM တွင် ပါဝင်လာစေရေး အဓိကကြိုးကိုင် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သော နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဝင်ဟောင်း ဦးမင်းသူအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၂ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်(၂)ရှိ ရွှေဂုံတိုင်ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ပြီး ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Mar 10, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် Head of the European Union Military Staff (EUMS) ဖြစ်သူ Vice Admiral Herve Blejean နှင့် ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
Mar 10, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 09, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 09, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအကြား လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည့် နားလည်မှုစာချွန်လွှာ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန်ယူခဲ့သည်မှာ တစ်လနှင့် ရက်သတ္တတစ်ပတ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မြို့ပြဒေသအသီးသီးတွင် ဖြစ်ပေါ် နေသည့် ဆန္ဒပြမှုများမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ၊ အကြမ်းဖက်လုပ်ရပ်များ ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရသလို အကြမ်းဖက်လုပ်ရပ်များကိုမူ လိုအပ်သလို ဖြိုခွင်းနှိမ်နင်းရ သည်များလည်းရှိသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သော ပြီးခဲ့သည့် အစိုးရနှစ်ရပ်လက်ထက်တွင်လည်း ဆန္ဒပြမှုများနှင့် ဆူပူ အကြမ်းဖက်မှုများကို လိုအပ်သလို ဖြိုခွင်းနှိမ်နင်းခဲ့ကြရသည်။
Mar 09, 2021
ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ်(၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
