Skip to main content

Mar 04, 2021

နိုင်ငံတော်ဆန့်ကျင်ရေးကို ဦးတည်ဆောင်ရွက်နေသည့် အဖွဲ့အစည်း များအနေဖြင့် နေရာဒေသအချို့၌ ဥပဒေများအား ချိုးဖောက်ကာ သာမန် လူစုလူဝေးဖြင့် အများပြည်သူ အသုံးပြု သွားလာနေသည့် လမ်းကြောင်း များအား တာယာကွင်းများ အစုအပုံ လိုက်ဖြင့် တားဆီးခြင်း၊ မီးရှို့ခြင်း၊ သစ်ပင်သစ်ကိုင်းများအား ခုတ်လှဲ၍ လမ်းပိတ်ဆို့ခြင်း၊ ကွန်ကရစ်တုံးများ ချထား၍ လမ်းပိတ်ဆို့ခြင်းများပြုလုပ် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂျင်ကလိ၊ လောက်လေးခွ၊ သံဆူးချွန် များဖြင့် ပစ်ခတ်ခြင်း၊ ဒေသအချို့တွင် တူမီးနှင့် လေသေနတ်များ အသုံးပြု ပစ်ခတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုံခြုံရေး ကင်မရာ (CCTV) များအား ဖျက်ဆီးခြင်း နှင့် ပြည်သူပိုင်ယာဉ်များအား ဖျက်ဆီး ခြင်း စသည့်လုပ်ငန်းများကို အကြမ်း ဖက်အဖွဲ့အစည်းပုံစံဖြင့် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင် နေကြသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

မုံရွာမြို့၌ ဆူပူအော်ဟစ်ဆန္ဒပြသူများကို လူစုခွဲသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ခုခံတိုက်ခိုက်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

CDM လှုပ်ရှားမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆုံးရှုံးနစ်နာမှု များစွာကြုံတွေ့ခဲ့ရသည့် ဝန်ထမ်းများနှင့် အခြေခံလူတန်းစားပြည်သူ များအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

နေပြည်တော်ကောင်စီတွင်တာဝန်ထမ်းဆောင်လျက် ရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဝင် လစ်လပ်နေရာများအတွက် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာပုံစံများကို (၂၆-၂-၂၀၂၁)ရက် သောကြာနေ့မှ (၃-၃-၂၀၂၁)ရက်ဗုဒ္ဓဟူးနေ့အထိ နေ့စဉ်နံနက်(၉:၀၀)နာရီမှ မွန်းလွဲ (၁၆:၀၀)နာရီအတွင်း(ပိတ်ရက်မရှိ) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၊ အမှတ်(၄)၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အခမဲ့လာရောက်ထုတ်ယူနိုင်ပြီး (၃-၃-၂၀၂၁) ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲ(၁၆:၀၀)နာရီမတိုင်မီအချိန်အတွင်း အဆိုပြုလွှာပုံစံများကို နောက်ဆုံးထားပြန်လည်တင် သွင်း ရန် နေ့စဉ်ထုတ် သတင်းစာများတွင် ဖိတ်ခေါ်ထားပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

မျက်မှောက်ကာလတွင် ကမ္ဘာမြေ၌ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ်များ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေးနှင့် လူမှုစီးပွား ထိခိုက်ပျက်စီးမှု အခြေအနေများ စသည့် ဖြစ်ပျက်ပြောင်းလဲနေသော အခြေအနေအမျိုးမျိုးတို့ကြောင့် ပြည်သူ များ ၏ လူမှုဘဝအခြေအနေများ ထိခိုက် နေရပါသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အနေဖြင့်လည်း ရှောင်ကွင်း ၍မရဘဲ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

(က) အရှေ့-အနောက် စီးပွားရေး လမ်းကြောင်းတစ်လျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများ အတွက် စီးပွားရေးစွမ်းဆောင်နိုင်မှုမြှင့်တင်ရေးစီမံကိန်း (Economic Empowerment of the Poor and Women in the East West Economic Corridor Project) ကို ဂျပန်နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးရန်ပုံငွေ (Japan Fund for Poverty Reduction-JFPR) ၏ ငွေကြေး ထောက်ပံ့မှုဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank–ADB) မှတဆင့် အမေရိကန် ဒေါ်လာ (၃) သန်း ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank–ADB) တို့အကြား ၁၇-၅-၂၀၁၆ ရက်နေ့တွင် Grant Agreement (GA) ကို လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

၁။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ဟိုတယ်လုပ်ငန်းလိုင်စင်၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များထုတ်ပေးထားမှုမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

၁။ Enchanting Myanmar Health and Safety Protocol အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ (က) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID - 19 ကာလအတွင်းနှင့် အလွန်ကာလ များတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာရန်နှင့် ဦးမော့လာစေရေးအ တွက် ခရီးသွားဧည့်သည်များအား ခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခြင်း၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခြင်းစသည့် လုပ်ငန်း များဆောင်ရွက်ရာ၌ သက်ဆိုင်ရာလုပ်ငန်းခွင်များအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအတွက် ကျန်းမာရေးနှင့်ဘေး အန္တရာယ်ကင်းရှင်းစွာတည်းခိုနေထိုင်နိုင်သည့်ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက် ဆိုင်များအဖြစ် စနစ်တကျသတ်မှတ်ပေးနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် များအတွက်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစသည့်ဝန်ဆောင်မှုပေးနိုင်သောခရီး စဉ်ဒေသများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အား COVID-19 Safe Services အသိအမှတ်ပြုတံဆိပ်များ စနစ်တကျသတ်မှတ်ပေးအပ် နိုင်ရန်၊ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပုံရိပ်ကိုမြှင့်တင်ပေးရန်ရည်ရွယ်၍ “Enchanting Myanmar Health and Safety Protocol” အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအ စဉ်ကို ရေးဆွဲ ပြုစုခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

၁။ ခရီးသွားမြှင့်တင်ရေးဌာနခွဲသည် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သောခရီးစဉ်ဒေသများမြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ လုပ်ငန်းဆက်စပ်လျက်ရှိသည့် ပြည်တွင်း ဌာနဆိုင်ရာများ၊ အိမ်နီးချင်းနိုင်ငံများရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ကမ္ဘာ့ခရီးသွားလုပ် ငန်း အဖွဲ့ချုပ်နှင့်နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့တို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2021

- ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏အခွင့်အရေးကို ကာကွယ် ပေးရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊ တာဝန်ယူမှုရှိသော ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး သဘာဝ အခြေခံခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၂၀၂၀)၏ သဘောတူညီချက်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ၁၇-၁၁-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၂၀ ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၃)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2021

(၂၇) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်မှ ပါဝင်တက်ရောက် သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၏ အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ယင်းဝန်ကြီးဋ္ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်‌‌ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဒါရိုက်တာအဖွဲ့ အစည်း အဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်