May 28, 2021
အာဆီယံအဖွဲ့ဝင်နိုင်ငံများက အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံကျင်းပလျက်ရှိသည့် (၁၆) ကြိမ်မြောက် ASEAN Working Group on CITES and Wildlife Enforcement အစည်းအဝေးနှင့် “အာဆီယံနိုင်ငံများအကြား တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်စာအုပ် (ASEAN Handbook) ပြုစုခြင်း ဒုတိယအကြိမ် အစည်းအဝေး (2nd ASEAN Technical Meeting on Development of ASEAN Handbook on Legal Cooperation to Combat Illegal Wildlife Trade)" များကို မေ ၂၆၊ ၂၇ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
May 28, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မေ ၂၆ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 28, 2021
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝမြှင့်တင်နိုင်ရန် အခြေခံလိုအပ် ချက်သည် ပညာရေးကဏ္ဍမြင့်မားရေးဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူငယ် များပေါ်ထွန်းလာစေရေး ကမ္ဘာ့နိုင်ငံတိုင်းက ပညာရေးကို အလေးပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အား ကျောင်းများပိတ်၍ ရပ်နားခဲ့ရသဖြင့် နိုင်ငံတော်၊ ကျောင်းသားမိဘနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်နှစ် တစ်နှစ်တာ နစ်နာဆုံးရှုံးခဲ့ရပြီး များစွာနစ်နာမှုများဖြစ်ပေါ်ခဲ့ရသည်။
May 28, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများ၏ ခရီးသွားလာမှုများနှင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူချောမွေ့စေရန် လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် မီးရထားခရီးစဉ်များကို နေ့စဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိကာ ခရီးသွား ပြည်သူလူထုအနေဖြင့်လည်း စိတ်ချမ်းမြေ့စွာသွားလာလျက်ရှိသည်။ ထို့အပြင် တစ်နိုင်ငံလုံး လိုလားတောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် လျှောက်လှမ်းလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ အချက်များကို ဆက်လက် ထိန်းသိမ်း၍ အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသည်။
May 28, 2021
(၂၂) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေး (22nd ASEAN Sub-Committee Meeting on Information, 22nd scI Meeting) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
May 28, 2021
အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခု အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်များသို့ ဝင်ရောက်တိုက်ခတ်သွားခဲ့ရာ ငါးဦး သေဆုံးသွားခဲ့သည်။ လူပေါင်းသန်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းထားခဲ့သည့်အတွက် တစ်နာရီလျှင် ကီလိုမီတာ ၁၃၀-၁၄၀ ခန့်အထိ လေတိုက်နှုန်းမြင့်မားခဲ့ပြီး မုန်တိုင်းဒီရေများ ဝင်ရောက်ခဲ့သော်လည်း အသေအပျောက်နည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း ဒေသတွင် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးဟုဆိုသည့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ရက်သတ္တ တစ်ပတ်ကျော်ခန့်ကာလတွင် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းတွေ င် မုန်တိုင်းအန္တရာယ်နှင့် ကြုံကြရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ နောက်ထပ် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း စံချိန်တင်မိုးရွာသွန်းမှုများကြောင့် မြစ်ရေမျက်နှာပြင်များ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေပြီး ရေကြီးရေလျှံမည့် သဘာဝဘေးအန္တရာယ်ကျရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်ကိုလည်း သတင်း၌တွေ့ရသည်။
May 27, 2021
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
May 27, 2021
(၂၆-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၅-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၇၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၆) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၁၆,၄၆၆) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃,၄၁၄) ဦး ရှိပြီ ဖြစ်ပါသည်။
May 27, 2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 27, 2021
၂၀၂၂ ခုနှစ် မြန်မာလယ်ယာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစီမံကိန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၁၆)၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 27, 2021
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော ဂျူဒိုနှင့် မြားပစ်အားကစားနည်းတို့၏ အကြို ဆန်းစစ်ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ အသီးသီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများချီးမြှင့်သည်။
May 27, 2021
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိ ပညာဖြန့်ဝေရေး (Knowledge Sharing Program (KSP)) အစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာဖြန့်ဝေရေးနှင့် လူ့စွမ်းအားအရည်အချင်း မြှင့်တင်ရေးဆွေးနွေးပွဲ အမှတ်စဉ် (၃)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပသည်။
May 27, 2021
ကုန်သွယ်ရေးဦးစီးဌာန၏ ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။
May 27, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆောက်အဦဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ COVID-19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
