Jun 01, 2021
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံ တော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိသည်။
Jun 01, 2021
နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 01, 2021
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လက်လုပ်မိုင်း ထောင်ရန် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းထောင်သူအမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
Jun 01, 2021
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်များအား Manual မှ Digital စနစ်သို့ ကူးပြောင်းရန်ရည်ရွယ်ပြီး အကောင် အထည်ဖော်လျက်ရှိသော e-Recruitment and Integrated Civil Service System စီမံကိန်းပါစနစ်များ လက်တွေ့ အသုံးချတတ်စေရန်အတွက် Software Testing and User Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၁၇) စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
Jun 01, 2021
ရန်ကုန်မြို့နှင့် အချို့မြို့နယ်များ၌ တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများယူ၍ ငွေသားပေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မှုသည်ငွေရေးကြေး ရေးအဖွဲ့စည်းများဥပဒေနှင့် တည်ဆဲဥပဒေများအပေါ် ဖောက်ဖျက် ကျူးလွန်နေ သည့်အတွက် ကျူးလွန်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jun 01, 2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယနေ့ မွန်းလွဲပိုင်းတွင် ဘားအံတက္ကသိုလ်သို့သွားရောက်၍ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင် ရွက်နေမှုများနှင့် နိုင်ငံ၏ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု များကို ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့် ဆည်း ဆောင်ရွက်ပေးသည်။
Jun 01, 2021
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဒုတိယအကြိမ် ဒုတိယ အစည်းအဝေးက အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့် ကျော် ၇ ရက်မှ နယုန်လဆန်း ၄ ရက်၊ ဇွန် ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
Jun 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဘားအံမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။
Jun 01, 2021
နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်သည်ဟု ဆိုရာတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများသာမက နိုင်ငံတော်၏ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး အတွက်ထိန်းသိမ်း ဆောင်ရွက်ခြင်းသည်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာမှုများကို ကာကွယ်ပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ ကပ်ရော ဂါကြုံတွေ့နေရမှုများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးခြင်းနှင့် မိမိလုပ်ငန်း တာဝန်များကို ကောင်းမွန်ကျေပွန်စွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်နေခြင်းပင် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
Jun 01, 2021
မြင့်မားခိုင်ကျည်ပါမှ နိုင်ငံဖွံ့ဖြိုး စာရိတ္တဟူသော ကိုယ်ကျင့်တရားသည် လူတစ်ယောက်၏ အသက်သွေးခဲဖြစ်သည်။ စာရိတ္တကောင်းမွန်သူသည် လူကောင်းဖြစ်၍ နိုင်ငံတော်က အားထားရမည့်သူ ဖြစ်သည်။ စာရိတ္တနှင့် ကိုယ်ကျင့်တရား ယိုယွင်းနေသူသည် လူဆိုးလူသွမ်းဖြစ်၍ မိမိပတ်ဝန်းကျင်ကိုလည်း အကျိုးမပြု၊ အများပြည်သူတို့ကိုလည်း အနှောင့်အယှက် ပေး၊ နိုင်ငံတော်ကိုလည်း နှောင့်ယှက်ဖျက်ဆီးနေသူ ဖြစ်လာသည်။
Jun 01, 2021
အဂတိလိုက်စားမှုသည် လူ့သမိုင်းအစမှ မျက်မှောက်ခေတ်ကာလအထိ လူ့အဖွဲ့အစည်းများ အတွင်း စွဲမြဲစွာလှိုက်စားလျက်ရှိပြီး ၎င်း၏အကျိုးဆက်များမှာလည်း ကျယ်ပြန့်လှသည်။ အဂတိ လိုက်စားမှုအပေါ် ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်များမှာလည်း အမျိုးမျိုးရှိနေကြပြီး အနှစ်သဘောအားဖြင့်မူ ကျင့်ဝတ်ပျက်ပြား ခြင်းပင်ဖြစ်သည်။
May 31, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် မေ ၂၉ ရက် နံနက်ပိုင်းက ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၌ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
May 31, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (မန္တလေး)သို့ ရောက်ရှိပြီး မိုးကြိုကာလနှင့် မိုးဦး ကာလတွင်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့ နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
May 31, 2021
မကွေးတိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၉ ရက်က မကွေးတိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
May 31, 2021
မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေး နိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2021
စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို SME Member Card ထုတ်ပေးလျက်ရှိရာ မေလကုန်အထိ စုစုပေါင်း (၃၀၉၅)ခု ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
May 31, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများနှင့် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အမှုထမ်း ဝန်ထမ်းများအတွက် လေ့ကျင့်သင်ကြားပေးသည့် ဓါတ်ပုံနှင့်ဗွီဒီယို ရိုက်ကူးရေး စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ၁/၂၀၂၁ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
