May 30, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန်ရည်ရွယ် ပြုလုပ်ထားသည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
May 30, 2021
၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ မြဝတီစားသုံးဆီ သိုလှောင်ကန်ရှေ့ ကမ်းနား လမ်းမပေါ်ရှိ ဘယ်ရီဂိတ်များအား အမျိုးသား ၃ ဦးမှ ဓာတ်ပုံရိုက်နေကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါစားသုံး ဆီသိုလှောင်ကန်ရှေ့တွင် ရပ်တန့်ထားသော 2F/9982 Light Truck ယာဉ်ပေါ်မှ ဓာတ်ပုံရိုက် နေသူ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ ကျော်သူရ (ခ) ဖိုးရွှေချော၊ (၂၉)နှစ်ပါ အမျိုးသား ၃ ဦးအား တွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။
May 30, 2021
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အမှတ်(၇) ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူးရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအတွင်းရှိ သစ်သားဆက်တီ ၁ စုံ၊ ဘီရို ၃ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၁၂ လုံး၊ ရေပူ/ရေအေးစက် ၁ လုံး၊ စားပွဲ ၂ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
May 30, 2021
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်း များ ပိတ်၍ စာသင်ကြားမှုများ တစ်နှစ်တာ နှောင့်နှေးကြန့်ကြာခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ပညာရည်မြင့်မားရေးတွင် နစ်နာလျက်ရှိခြင်းကြောင့် ယခုအခါ ဇွန်လ ၁ ရက်မှ စ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ၊ ပြည်သူ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
May 30, 2021
ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း၌ ကုန်တင်ရေယာဉ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့စခန်း တို့အား လက်နက်ကိုင် သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30, 2021
ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးကာလ များအတွင်း ဘုရားပုထိုးစေတီ များနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများ ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပြန်လည် ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။
May 30, 2021
အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
May 30, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်ရှိ လူမှုဖူလုံရေး အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက် ရှိသော အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ အကြီးစားခွဲစိတ် ကုသမှုမှအပ ကျန်အထွေထွေရောဂါများအတွက် မေ ၂၄ ရက်မှ စတင်ကာ ဆေးရုံတက်ရောက် ကုသခံယူနိုင်ရေး စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ရန်ကုန်အလုပ်သမားဆေးရုံကြီး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
May 30, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူ လူထုများကိုကျန်းမာရေးစစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။
May 30, 2021
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရပ်စောက် မြို့နယ် ဗထူးတပ်မြို့ ဗထူးစမ်းတွင် ငါးမျိုး စိုက်ထည့် ပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီက ဇော်ဂျီချောင်းအနီး၌ ပြုလုပ်သည်။
May 30, 2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်းသာမဏေ သီလရှင် များအတွက် အစိုးရဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲများကို ဇွန် ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ သိရသည်။
May 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံ က အောက်ပါ အတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
May 30, 2021
တပ်မတော်အနေဖြင့် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား ( ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။
May 30, 2021
မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဒေသတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism Site) တစ်ခု ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲမှုနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အကြံပြုချက်တို့ဖြင့် မင်းဘူးမြို့မှ ရွှေစက်တော်ဘက်သို့အသွား သုံးမိုင် လမ်းခွဲ၊ လှေတင်တံတားအကျော် ညာဘက်ခြမ်းရှိ အဆိုပါ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွင် ပြည်တွင်း ပြည်ပခရီးသွားများ တစ်နှစ်ပတ် လုံး အဆင့်အတန်းမီစွာ တည်းခို နေထိုင်နိုင်ရန်အတွက် ဟိုတယ်၊ မိုတယ်နှင့် Resorts များ ပါဝင် မည် ဖြစ်သည်။ ထို့အပြင် မကွေး တိုင်းဒေသကြီး၏ အထင်ကရ နေရာများ၊ ထင်ရှားကျော်ကြား သည့် လူပုဂ္ဂိုလ်များ၏အကြောင်း များကိုလည်း ပြခန်းများဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရ သည်။
May 30, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ၂၆ ရက်နေ့ ည ၈ နာရီမှ မေလ ၂၇ ရက်နေ့ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနှာ စုစုပေါင်း ၁၇၈၈ ခုအား စစ်ဆေးပြီးစီးမှုအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၆ ဦး တွေ့ရှိခဲ့ရသည်။ မေလ ၂၇ ရက်နေ့ ည ၈ နာရီမှ ၂၈ ရက်နေ့ ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနာ ၁၂၃၀ ကို စစ်ဆေးမှုအရ ရောဂါကူးစက်ခံရသူ ၇၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။
May 30, 2021
တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသည် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ၏ လောကပါလတရားများဖြစ်ကြသည်။ ယင်းလောကပါလတရားတို့ ထွန်းကားပါမှလည်း ဒီမိုကရေစီလူ့အဖွဲ့ အစည်းမှာ အေးချမ်းသာယာဖွံ့ဖြိုးနိုင်မည်။ တစ်ဖက်တွင်လည်း လူ့ အဖွဲ့အစည်း အေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုး ရန်အရေးကြီးသည်။ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့က တိုက်ရိုက်ဆက်နွှယ်နေသည်။ တရားဥပဒေစိုးမိုးလျှင် မှုခင်းကျဆင်းမည်။ တရားဥပဒေမစိုးမိုးလျှင် မှုခင်းမကျဆင်းနိုင်။
May 29, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။
May 29, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၆၃/၄)အနီးရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
May 29, 2021
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မေလ (၂၉)ရက်နေ့ ညနေ(၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
