Skip to main content

Jun 21, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ (ဇီးပင်ကြီး) ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း၊ အမှတ်စဉ်(၁)သို့ တက်ရောက်လျက်ရှိ သည့် သင်တန်းသား/သင်တန်းသူများကို တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သံရုံးဒုတိယအကြီးအကဲ သင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ ဧရာဝတီအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ နှင့်ပတ်သက်သည့် အထူးအစည်းအဝေး (The Special Meeting of ASEAN Ministers on Energy and Minister of Economy, Trade and Industry of Japan - SPECIAL AMEM-METI) ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများ နေပြည်တော်မှ ပါဝင် တက်ရာက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် ၁၉ ရက် နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ: အထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျှက် ရှိသည့် ဆေးရုံတိုးချဲ့(၅)ထပ်ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း၊ လမ်း မတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် New World Co., Ltd ၊ Red- Roof Co.,Ltdတို့ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပြည့်စုံ ကောင်းမွန်သော လူနေအိမ် ၊ ရုံးခန်းနှင့် ဈေးဆိုင်ခန်းများပါဝင်သည့် စီမံကိန်းနေရာကို လည်းကောင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းဆောင် ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမှားများအား ရည်ရွယ်ချက်ရှိရှိထုတ်ပြန်ခဲ့သည့် သတင်းဌာနအချို့နှင့် သံရုံးအချို့အား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၁−၆−၂၀၂၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

ပြည်ပပို့ကုန်တိုးတက်ထုတ်လုပ်ရေးနှင့် သွင်းကုန် လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် သီးနှံအလိုက် သီးနှံပုံစံများ ရေးဆွဲအကောင်အထည်ဖော်ရန် လိုကြောင်း၊ စိုက်ပျိုးရေးပညာရှင်များအနေဖြင့် သီးနှံအထွက် တိုးရေးအပြင် စိုက်ပျိုးထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေးနှင့် အကျိုးအမြတ်တွက်ခြေ ကိုက်ရေးတို့ကိုအခြေခံသည့် တောင်သူအကျိုးရှိ စေမည့် သီးနှံပုံစံများ ဖော်ထုတ်ပေးရန်လိုအပ် ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပြည်ပသွင်းကုန် များကြောင့် သုံးစွဲနေရသည့် နိုင်ငံခြားသုံးငွေလျှော့ချ နိုင်ရေးအတွက် ဗျူဟာမြောက် စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေရေး အလေးထားကြိုးပမ်းကြစေလိုကြောင်း ယမန်နေ့က နေပြည်တော်ပျဉ်းမနားရှိ ကြံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

၂၀၂၁ ခုနှစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လက်အောက်ရှိ ဌာန/လုပ်ငန်း ကော်ပိုရေးရှင်းများ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

မြန်မာနိုင်ငံ၌ ဆရာ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်း ဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှု တစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများ သည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသားကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၂၁၇၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၄၀၄၁ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ်

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေး အစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက မြို့နယ်အချို့၌ အကြမ်းဖက် လုပ်ရပ်များကို ဆောင် ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ တို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ ပြည့်ဝ စွာ ရရှိစေရေးအတွက်

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

NLD ပါတီထောက်ခံသူများနှင့် အကြမ်းဖက်သူများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူများ အပေါ် အကြောက်တရားများလွှမ်းစေရန်ရည်ရွယ်ကာ လူမဆန်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများ၊ မိုင်းထောင်၊ မိုင်းခွဲခြင်းများပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အဖျက်အမှောက်လုပ်ငန်း ဆောင်ရွက်သူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် ဆူပူအကြမ်း ဖက်သူများကြောင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်အောင် ဆောင်ရွက်ပေးမည် ဟုဆိုကာ မိမိကိုယ်ကျိုးအတွက် ငွေကြေးလိမ်လည်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသဖြင့် အဆိုပါကျူးလွန် သူများကိုလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ(Moscow Conference on Internati- onal Security-2021(MCIS-2021))သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခုမေလကုန် ဇွန်လဆန်းမှစတင်၍ ရောဂါကူးစက်ပြန့်ပွားမှု တဖြည်းဖြည်းမြင့်တက်လာသည်ကိုမြင်တွေ့ရမည်ဖြစ် သည်။ ဇွန်လ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀၁ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ တစ်ဦးရှိခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၄၆ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ ခုနစ်ဦးရှိရာ ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်မားနေသည်ကို သတိထားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2021

ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း တတိယအကြိမ် ထကြွရိုက်ခတ်လာမှုနှင့် အတူ ရောဂါပိုးကူးစက်ခံရသူအရေအတွက်၊ ပိုးတွေ့ ရာခိုင်နှုန်းတို့ မြင့်တက်လာသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ဝင်ရောက်မှု တစ်နှစ်ကျော်ခန့် ကြာမြင့်လာ သည့်အချိန်တွင် စီးပွားရေးထိခိုက်ခံစားရမှု တို့မှာလည်း သိသိသာသာဖြစ်လာသည်။ ကိုဗစ်-၁၉သည် ကမ္ဘာ့ကပ် ရောဂါဖြစ်သည့်အလျောက် နိုင်ငံတကာတို့တွင်လည်း ဤနည်းနှင်နှင် သာဖြစ်သည်။ သို့ရာတွင် နဂိုကအင်အား တောင့်တင်းသည့် နိုင်ငံမျိုး တို့မှာမူ မိမိတို့၏ အင်အားအလျောက် ခံနိုင်ရည်ရှိကြမည်ဖြစ်ပြီး အင်အားနည်းပါး သည့်နိုင်ငံ၊ ချည့်နဲ့သည့်နိုင်ငံမျိုးတို့မှာ ခံနိုင်ရည် လွန်စွာနည်းပါးကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2021

(၁၉-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၃၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄၀၇) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၇၄,၇၀၂) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၈,၀၂၂) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်